အတွင်းဘက်မှာ လှည့်နိုင်တဲ့ ကင်မရာပါဝင်တဲ့ Samsung Galaxy A80

Samsung Galaxy A80 ဟာ A စီးရီးဖုန်းတွေထဲမှာ ဒီဇိုင်းသစ်စတင်ပါဝင်လာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။

A80 မှာမော်တာနဲ့ ဖန်တီးထားတဲ့ pop-up ကင်မရာပါဝင်ပြီး ကင်မရာကို ကျောဘက်ကင်မရာကနေ ရှေ့ကင်မရာအဖြစ် ပြောင်းလဲနိုင်အောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ selfie ဓာတ်ပုံနဲ့ ဗီဒီယိုတွေက အကောင်းဆုံးအရည်အသွေးတွေ ထုတ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။

Samsung Galaxy A80 ကင်မရာမှာ 48MP နဲ့ f/2.0 lens ပါဝင်လာပါတယ်။ ဒါ့အပြင် ဗီဒီယိုတွေ ရိုက်ကူးဖို့အတွက် Galaxy S10 က fature ဖြစ်တဲ့ Super Steady mode ကိုထည့်သွင်းထားပါတယ်။ အဲဒီ ကင်မရာအစိတ်အပိုင်းကို 8MP ultra-wide angle ကင်မရာနဲ့ ၁၂၃ ဒီဂရီ field of video နဲ့တွဲဖက်ထားပါတယ်။ ဒါကြောင့် သုံးစွဲသူက သူငယ်ချင်းများစွာနဲ့ ရိုက်ကူးနိုင်ပါတယ်။ တတိယမြောက် sensor တစ်ခုကတာ့ ToF sensor ဖြစ်ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေအတွက် Live Focus ပါဝင်လာပါတယ်။

A80 ရဲ့မျက်နှာပြင်အရွယ်အစားက ၆.၇ လက်မဖြစ်ပြီး AMOLED မျက်နှာပြင်၊ ရုပ်ထွက်အရည်အသွေး 1,080x 2,400px နဲ့ in-display fingerprint reader ပါဝင်လာပါတယ်။ Samsung Galaxy A80 ကိုသတ္တုကိုယ်ထည်နဲ့တည်ဆောက်ထားသလို ဘေးနှစ်ဖက်မှာ မှန်ထည်အသုံးပြုထားပြီး ဘက်ထရီက 3,700mAh နဲ့အတူ 25W Super Fast Charging ပါဝင်လာပါတယ်။

ဖုန်းကို RAM 8GB နဲ့ storage 128GB နဲ့ထုတ်လုပ်ထားပြီး microSD ပေါက်မပါဝင်ပါဘူး။ A80 မှာ One UI နဲ့အတူ Android 9 Pie ကိုအသုံးပြုထားပါတယ်။

Galaxy A80 ကိုအနက်၊ ရွှေနဲ့ အဖြူဆိုပြီး ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၃၀ ကျသင့်ပြီး မေလ ၂၉ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

-စိုးထက်
Ref: GSMArena