အစိုးရအဖြဲ႕အစည္းမ်ားအတြက္ Server Co-location ဝန္ေဆာင္မႈကို အြန္လိုင္းမွတစ္ဆင့္ ေလွ်ာက္ထားႏုိင္

[ Zawgyi ]

Server Co-location ဝန္ေဆာင္မႈရယူလိုတဲ့ အစိုးရဗဟို႐ုံးေတြ၊ ဝန္ႀကီးဌာနေတြအေနနဲ႔ ၫႊန္ၾကားေရးမွဴး၊ e-Government ဌာန၊ သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနသို႔ လိပ္မူကာ လူကိုယ္တိုင္(သို႔) အြန္လိုင္းမွတစ္ဆင့္ ေလွ်ာက္ထားႏိုင္တယ္လုိ႔ သိရပါတယ္။

ျမန္မာႏိုင္ငံရွိ အစိုးရဌာနမ်ားအားလုံး တစ္ေျပးညီ အသုံးျပဳႏိုင္ဖို႔ ေဆာင္႐ြက္ထားရွိေပးတဲ့ E-mail, Electronic Document Management System (EDMS), Government Personal Management System(GPMS), Civil Service ID Management System(CSMS), Myanmar National Portal,Video Conferencing အစရွိတဲ့ e-Government Common Application စနစ္ေတြကို ဝန္ေဆာင္မႈေပးႏိုင္ဖို႔နဲ႔ ျမန္မာႏိုင္ငံရွိ အစိုးရဌာန အသီးသီးမွ အေကာင္အထည္ေဖၚ ေဆာင္႐ြက္လ်က္ရွိတဲ့ e-Government လုပ္ငန္းစဥ္ေတြကို အေထာက္အကူျပဳေပးႏိုင္ဖို႔ ရည္႐ြယ္ကာ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနမွ Sever Co-location ဝန္ေဆာင္မႈကို ေဆာင္႐ြက္ေပးတာျဖစ္တယ္လို႔ သိရပါတယ္။

အေသးစိတ္အခ်က္အလက္ေတြကို ဒီေနရာမွာ ဝင္ေရာက္ေလ့လာႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

Server Co-location ဝန်ဆောင်မှုရယူလိုတဲ့ အစိုးရဗဟိုရုံးတွေ၊ ဝန်ကြီးဌာနတွေအနေနဲ့ ညွှန်ကြားရေးမှူး၊ e-Government ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ လိပ်မူကာ လူကိုယ်တိုင်(သို့) အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ အစိုးရဌာနများအားလုံး တစ်ပြေးညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက်ထားရှိပေးတဲ့ E-mail, Electronic Document Management System (EDMS), Government Personal Management System(GPMS), Civil Service ID Management System(CSMS), Myanmar National Portal,Video Conferencing အစရှိတဲ့ e-Government Common Application စနစ်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရှိ အစိုးရဌာန အသီးသီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိတဲ့ e-Government လုပ်ငန်းစဉ်တွေကို အထောက်အကူပြုပေးနိုင်ဖို့ ရည်ရွယ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ Sever Co-location ဝန်ဆောင်မှုကို ဆောင်ရွက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။