အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၊ ေဆးပစၥည္းအလွကုန္၊ လူသံုးကုန္ဌာနခြဲတြင္ Online Booking ႏွင့္္ Certificate Information Management System စတင္အသံုးျပဳ

[ Zawgyi ]

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာန၊ ေဆးပစၥည္းအလွကုန္၊ လူသံုးကုန္ဌာနခြဲမွာ Online Booking System ႏွင့္္ Certificate Information Management System စတင္ အသံုးျပဳျခင္း မိတ္ဆက္အခမ္းအနားကို ေနျပည္ေတာ္ရွိ FDA ႐ံုးမွာ ဇန္နဝါရီ ၁၁ ရက္(ယေန႔) နက္ပိုင္းက က်င္းပခဲ့ပါတယ္။

အခမ္းအနားမွာ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ေဆာင္ရြက္တဲ့ eGoverment ဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းေတြျဖစ္တဲ့ Online Booking System, Security Certificate Issuing management System, E-submission of Drug Registoration System, E-submission of Cometic & Medical Devices System, E-submission of food Recommendation System စတဲ့ အေၾကာင္းအရာေတြကို ရွင္းလင္းေျပာၾကား မိတ္ဆက္ခဲ့ပါတယ္။

ပုိမိုမ်ားျပားလာတဲ့ ကုန္ပစၥည္းေတြကို အစားအေသာက္ႏွင့္ ေဆးဝါကြပ္ကဲေရးဦးစီးဌာနက ေထာက္ခံခ်က္ရယူရမွာ လုပ္ငန္းရွင္ေတြ၊ ေဆးကုမဏီေတြအေနနဲ႔ အခ်ိန္ေစာင့္ဆိုင္းမႈ အခက္အခဲေတြ ရွိေနတာေၾကာင့္ လုပ္ငန္းေဆာင္ရြက္ရာမွာ ပိုမိုစိတ္ခ် ျမန္ဆန္လာေအာင္ နည္းလမ္းေတြနဲ႔ ေဆာင္ရြက္ဖို႔အတြက္ အြန္လိုင္းရက္ခ်ိန္း ႀကိဳတင္ေလွ်ာက္ထားမႈစနစ္ကို အသံုးျပဳတာျဖစ္တယ္လို႔ သိရပါတယ္။ ပထမအဆင့္အေနနဲ႔ ေဆးပစၥည္းအလွကုန္ဌာနခြဲမွာ အြန္လိုင္းရက္ခ်ိန္း ႀကိဳတင္ေလွ်ာက္ထားမႈ စနစ္ကို က်င့္သံုးတာျဖစ္ၿပီး ေနာက္ပိုင္းမွာလည္း လိုအပ္လာရင္ အျခားဌာနခြဲေတြပါ အသံုးျပဳသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

လုပ္ငန္းရွင္ေတြ၊ ေဆးကုမဏၰီေတြအေနနဲ႔ အြန္လိုင္းရက္ခ်ိန္း ႀကိဳတင္ေလွ်ာက္ထားမႈ စနစ္ကို www.fdamyanmar.gov.mm (သို႔) onlineservicesfda.gov.mm မွာ ဝင္ေရာက္ၿပီး Online Service Website ကို ဝင္ေရာက္ကာ ရက္ခ်ိန္းရယူရမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ရက္ခ်ိန္းရယူရာမွာလည္း မိမိေဆာင္ရြက္လိုတဲ့ ရက္မတိုင္မီ ႏွစ္ပတ္ႀကိဳတင္ ရက္ခ်ိန္းရယူရမွာ ျဖစ္ပါတယ္။ အလွကုန္အတြက္ အဂၤါ၊ ဗုဒၶဟူး၊ ၾကာသပေတးေန႔ေတြမွာ စိစစ္ေပးသြားမွာျဖစ္သလို ေဆးပစၥည္းေတြအတြက္ တနလၤာေန႔မွ ၾကာသာပေတးေန႔အထိ လက္ခံသြားမယ္လို႔ သိရပါတယ္။ အလွကုန္ပစၥည္းအတြက္ တစ္ေန႔ကို Product Item (၇၀)၊ ေဆးပစၥည္းက ကုန္ပစၥည္း (၁၀၀) အထိ လက္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ဆေးပစ္စည်းအလှကုန်၊ လူသုံးကုန်ဌာနခွဲမှာ Online Booking System နှင့်် Certificate Information Management System စတင် အသုံးပြုခြင်း မိတ်ဆက်အခမ်းအနားကို နေပြည်တော်ရှိ FDA ရုံးမှာ ဇန်နဝါရီ ၁၁ ရက်(ယနေ့) နက်ပိုင်းက ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဆောင်ရွက်တဲ့ eGoverment ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Online Booking System, Security Certificate Issuing management System, E-submission of Drug Registoration System, E-submission of Cometic & Medical Devices System, E-submission of food Recommendation System စတဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောကြား မိတ်ဆက်ခဲ့ပါတယ်။

ပိုမိုများပြားလာတဲ့ ကုန်ပစ္စည်းတွေကို အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာနက ထောက်ခံချက်ရယူရမှာ လုပ်ငန်းရှင်တွေ၊ ဆေးကုမဏီတွေအနေနဲ့ အချိန်စောင့်ဆိုင်းမှု အခက်အခဲတွေ ရှိနေတာကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ ပိုမိုစိတ်ချ မြန်ဆန်လာအောင် နည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့အတွက် အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ်ကို အသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။ ပထမအဆင့်အနေနဲ့ ဆေးပစ္စည်းအလှကုန်ဌာနခွဲမှာ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှု စနစ်ကို ကျင့်သုံးတာဖြစ်ပြီး နောက်ပိုင်းမှာလည်း လိုအပ်လာရင် အခြားဌာနခွဲတွေပါ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေ၊ ဆေးကုမဏ္ဏီတွေအနေနဲ့ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှု စနစ်ကို www.fdamyanmar.gov.mm (သို့) onlineservicesfda.gov.mm မှာ ဝင်ရောက်ပြီး Online Service Website ကို ဝင်ရောက်ကာ ရက်ချိန်းရယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရက်ချိန်းရယူရာမှာလည်း မိမိဆောင်ရွက်လိုတဲ့ ရက်မတိုင်မီ နှစ်ပတ်ကြိုတင် ရက်ချိန်းရယူရမှာ ဖြစ်ပါတယ်။ အလှကုန်အတွက် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ စိစစ်ပေးသွားမှာဖြစ်သလို ဆေးပစ္စည်းတွေအတွက် တနင်္လာနေ့မှ ကြာသာပတေးနေ့အထိ လက်ခံသွားမယ်လို့ သိရပါတယ်။ အလှကုန်ပစ္စည်းအတွက် တစ်နေ့ကို Product Item (၇၀)၊ ဆေးပစ္စည်းက ကုန်ပစ္စည်း (၁၀၀) အထိ လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။