အင္တာနက္မသံုးဘဲ ဖုန္းဘီလ္ျဖတ္ေတာက္ခံရမႈ ဘယ္လိုကာကြယ္မလဲ

[ Zawgyi ]

ဖုန္းမွာအင္တာနက္သံုးေနရင္း မလိုလားအပ္ဘဲ ေဒတာေတြကုန္တာမ်ိဳး ျဖစ္တတ္ပါတယ္။ အဲဒီလိုျပႆနာမ်ိဳးႀကံဳေတြ႕လာရင္ ေျဖရွင္း
ႏိုင္ဖို႔ ျပည္တြင္းေအာ္ပေရတာေလးခုက ထုတ္ျပန္ခ်က္တစ္ရက္ကို ပူးေပါင္းျပဳလုပ္ခဲ့ၾကပါတယ္။

MPT, Ooredoo, Telenor နဲ႔ MyTel တို႔ပူးေပါင္းၿပီး မိုဘိုင္းဖုန္းအသံုးျပဳသူေတြရဲ႕ အင္တာနက္သံုးရာမွာ ဘယ္လိုသံုးရင္ ဘယ္လို
ေဒတာကုန္မယ္၊ ဘယ္လိုျဖတ္ေတာက္မယ္ ဆိုတာေတြကို သိရွိႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ ဆိုပါတယ္။ အင္တာနက္သံုးေနတဲ့အခ်ိန္မွာ သတ္မွတ္ထားတဲ့ အင္တာနက္အသံုးျပဳမႈပမာဏအတြင္းကေန ေဒတာေတြေလ်ာ့ နည္းသြားတာမ်ိဳး ဒါမွမဟုတ္ မသံုးဘဲနဲ႔ ဖုန္းဘီလ္ေတြ ျဖတ္ေတာက္ေနတာမ်ိဳး မျဖစ္ေအာင္ အသိပညာေပးလိုက္တာလို႔ ဆိုပါတယ္။ လက္ရွိသံုးစြဲသူအခ်ိဳ႕အေနနဲ႔ အင္တာနက္ အသံုးျပဳရာမွာ မရည္ရြယ္ဘဲ ဖုန္းဘီလ္ ျဖတ္ေတာက္ခံရျခင္း၊ မထင္မွတ္ဘဲ ေဒတာေတြ ကုန္ဆံုးသြားျခင္း အေျခအေနေတြ ျဖစ္ေပၚတတ္ေၾကာင္း သိရပါတယ္။

အင္တာနက္ခ်ိတ္ဆက္အသံုးျပဳရာမွာ မလိုလားအပ္ဘဲ ေဒတာေတြကုန္ဆံုးျခင္းမွ ေလွ်ာ့ခ်ႏိုင္ေစေရး နည္းလမ္း (၁၀) ခ်က္ကို ေအာ္ပေရတာေလးခုက ပူးေပါင္းထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

(၁) အလိုအေလ်ာက္ Update ျပဳလုပ္ျခင္းကိုပိတ္ထားရန္

ဖုန္းမွာ အလိုအေလ်ာက္ update ျပဳလုပ္တာေတြကို ပိတ္ထားဖို႔ လိုအပ္တယ္လို႔ေျပာပါတယ္။ အလိုအေလ်ာက္ update ျပဳလုပ္ထားျခင္းက ဖုန္းထဲမွာ ဝယ္ယူထားတဲ့ေဒတာေတြကို လိုအပ္တာထက္ပိုၿပီး အသံုးျပဳလိုက္ႏိုင္တယ္လို႔ ဆိုပါတယ္။

(၂) Application ေတြကို Wifi နဲ႔သာ Update ျပဳလုပ္ရန္

ဖုန္းအတြက္လိုအပ္တဲ့ Application ေတြကို မိုဘိုင္းဖုန္းေဒတာနဲ႔ update ျပဳလုပ္တတ္ၾကပါတယ္။ အဲဒီလိုျပဳလုပ္ျခင္းဟာ ဖုန္းအတြင္းမွာရွိတဲ့ အျခား Application ေတြကိုလည္း အလိုအေလ်ာက္ update ျပဳလုပ္တာမ်ိဳးျဖစ္တတ္ၿပီး ေဒတာေတြ မလိုအပ္ဘဲ ကုန္ဆံုးေစပါတယ္။

(၃) Background ေဒတာမ်ားကို ကန္႔သတ္ထားရန္

အခ်ိဳ႕ေသာ အက္ပလီေကးရွင္းေတြဟာ ဖုန္းအသံုးမျပဳတဲ့ အခ်ိန္ေတြမွာေတာင္ ေဒတာပမာဏမ်ားစြာကို အသံုးျပဳေနတာေၾကာင့္ မိမိတုိ႔အသံုးမျပဳေတာ့တဲ့ အက္ပလီေကးရွင္းေဟာင္းေတြကို ဖုန္းအတြင္းမွ ဖ်က္ပစ္ဖို႔လိုအပ္တယ္လို႔ ဆိုပါတယ္။

(၄) မိမိအေကာင့္ေတြ တစ္ခုနဲ႔တစ္ခု ေဒတာေတြထပ္တူ ကူးယူေနမႈ ရွိ၊ မရွိသတိျပဳရန္

Application ေတြနဲ႔ ဝန္ေဆာင္မႈေတြ တစ္ခုနဲ႔တစ္ခုထပ္တူ ကူးယူလုပ္ေဆာင္ခ်က္ေတြဟာ ကိုယ္အသံုးမျပဳေပမယ့္ ကနဦးကတည္းက
ပါ၀င္တတ္လို႔ အဲဒါကိုလည္း သတိျပဳဖို႔လိုအပ္တယ္လို႔ ေျပာၾကားထားပါတယ္။

(၅) အြန္လိုင္းေၾကာ္ျငာေတြကိုေရွာင္ရန္

အင္တာနက္အသံုးျပဳေနတုန္း ႐ုတ္တရက္ေပၚလာတဲ့ ေၾကာ္ျငာ (Ads) ေတြကို ေရွာင္ရွားဖို႔လိုပါတယ္။ အဲဒါေတြဟာ အင္တာနက္ေဒတာ အမ်ားအျပားကို ကုန္ဆံုးႏိုင္ေစတယ္လို႔ ဆိုပါတယ္။

(၆) ေပါ့ပါးၿပီး ေဒတာအသံုးျပဳမႈနည္းတဲ့ Browser ေတြ ကိုသံုးရန္

ဖုန္းထဲမွာ အလိုအေလ်ာက္ပါဝင္တဲ့ အင္တာနက္ရွာေဖြေရးဆိုင္ (Browser) ေတြဟာ ေဒတာအသံုးျပဳမႈ မ်ားျပားတတ္တာေၾကာင့္ ေဒတာအသံုးျပဳမႈနည္းတဲ့ Browser ေတြကို ထည့္သြင္းအသံုးျပဳသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

(၇) အြန္လိုင္းမွတိုက္႐ိုက္ၾကည့္႐ႈမႈေတြအတြက္ သတိရွိပါ

အြန္လိုင္းေပၚကေန ဗြီဒီယိုေတြ၊ သီခ်င္းေတြ၊ အရည္အေသြးျမင့္ ဓာတ္ပံုေတြ၊ အသံဖိုင္ေတြကို တိုက္႐ိုက္ၾကည့္႐ႈတာက မိုဘိုင္းေဒတာ အမ်ားအျပား ကုန္ဆံုးေစပါတယ္။ ဖုန္းထဲကပဲ ၾကည့္မယ္ဆိုရင္ေတာ့ ဖုန္းအတြင္း ခံစားမႈအရည္အေသြးကို မထိခိုက္ေစတဲ့ အရည္အေသြးေလွ်ာ့ခ်ထားတဲ့ ဖိုင္ေတြကိုပဲ ၾကည့္သင့္ပါတယ္။

(၈) ေဒတာဘယ္ေလာက္ အသံုးျပဳမယ္ဆိုတာကို ကန္႔သတ္ထားပါ

မိမိတို႔ရဲ႕ ဖုန္းမွာေဒတာကို ဘယ္ေလာက္ပမာဏပဲ အသံုးျပဳမွာဆိုၿပီး အလြယ္တကူကန္႔သတ္ထားႏိုင္ပါတယ္။ အဲဒီလုပ္ေဆာင္ခ်က္က
MB ေတြ ပိုမိုသက္သာေစမွာျဖစ္ၿပီး အပိုသံုးတာေတြအတြက္ မတန္တဆေငြေပးေခ်ရျခင္းေတြကေန သက္သာသြားေစႏိုင္ပါတယ္။

(၉) Facebook မွာ အလိုအေလ်ာက္ Video ဖိုင္ေတြကို ပိတ္ထားပါ

Facebook စာမ်က္ႏွာကိုဖြင့္လိုက္တဲ့အခါ Video ဖိုင္ေတြကို အသံနဲ႔တကြ အလိုအအေလ်ာက္ျပသေနျခင္းက ေဒတာေတြကုန္ဆံုးေစ႐ံု
သာမက ႐ုတ္တရက္ စိတ္အေႏွာင့္အယွက္လည္းျဖစ္ႏိုင္ပါတယ္။ အဲဒါေတြကို ပိတ္ထားျခင္းက ေဒတာကုန္ဆံုးႏႈန္းကို ေလ်ာ့က်ေစမွာ ျဖစ္ပါတယ္။

(၁၀) ေဒတာပမာဏသတ္မွတ္ေပးထားတဲ့ Package ေတြကိုသံုးပါ

Data Package ေတြဟာ သံုးစြဲသူေတြရဲ႕ဖုန္းဘီလ္ကို ေတာ္ေတာ္မ်ားမ်ား သက္သာေစသလို ေအာ္ပေရတာေတြအေနနဲ႔လည္း အသံုးျပဳသူ အမ်ိဳးမ်ိဳးအေပၚမူတည္ၿပီး သင့္ေလ်ာ္မယ့္ Data Package အမ်ိဳးအစားေတြကို ေဆာင္ရြက္ေပးေနတယ္လို႔ ဆိုပါတယ္။ အဲဒီ Package ေတြဟာ သံုးသေလာက္ေပးစနစ္ထက္ ကုန္က်စရိတ္ သက္သာေစႏိုင္ပါတယ္။

မိုဘိုင္းဖုန္း သံုးစြဲသူေတြအေနနဲ႔ မိမိတို႔ရဲ႕စမတ္ဖုန္း Setting ေတြကို ျပန္လည္စစ္ေဆးဖို႔နဲ႔ အင္တာနက္ကြန္ရက္ခ်ိတ္ထားတဲ့အခါ ေဒတာအသံုးျပဳမႈနဲ႔ ပတ္သက္ၿပီး သတ္မွတ္တိုင္းထြာတဲ့ အေလ့အက်င့္မ်ိဳး ထားရွိတတ္ေစဖို႔ ေအာ္ပေရတာအားလံုးက တိုက္တြန္းထားပါတယ္။ ဖုန္းဘီလ္ျဖတ္ေတာက္မႈေတြ၊ လက္က်န္ေငြပမာဏကိစၥေတြ၊ ေဒတာအသံုးျပဳမႈနဲ႔ အျခားကိစၥေတြနဲ႔စပ္လ်ဥ္းၿပီး သက္ဆိုင္ရာ ေအာ္ပေရတာအသီးသီးရဲ႕ ဆိုရွယ္မီဒီယာ၊ ဝက္ဘ္ဆိုက္နဲ႔ Call Center ေတြကို ေခၚဆို ေမးျမန္းဖို႔လည္း တိုက္တြန္းထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာ မိုဘိုင္းအင္တာနက္ အသံုးျပဳမႈေတြ တိုးတက္မ်ားျပားလာတာနဲ႔အမွ် ဆက္သြယ္ေရးက႑အတြင္းမွာ အဆင့္ျမင့္နည္းပညာေတြ ထိထိေရာက္ေရာက္ အသံုးျပဳႏိုင္မႈကလည္း တိုးတက္လာေၾကာင္း၊ ၿမိဳ႕ျပနဲ႔ ေက်းလက္ေဒသေတြမွာ သံုးစြဲသူဦးေရ တစ္ရွိန္ထိုး တိုးတက္လာေနေၾကာင္း၊ 3G, 4G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ၿပီး လူမႈကြန္ရက္ေတြ အသံုးျပဳရာမွာျဖစ္ေစ၊ ဝက္ဘ္ဆိုက္ေတြ၀င္ေရာက္တာနဲ႔ ဗြီဒီယိုေတြၾကည့္႐ႈတာ၊ အြန္လိုင္းဗြီဒီယိုၾကည့္တာ၊ အြန္လိုင္းေပၚမွာ သတင္းဖတ္၊
ဂိမ္းကစားတာေတြကို အဓိကျပဳလုပ္ေနၾကေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ဖုန်းမှာအင်တာနက်သုံးနေရင်း မလိုလားအပ်ဘဲ ဒေတာတွေကုန်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုပြဿနာမျိုးကြုံတွေ့လာရင် ဖြေရှင်း
နိုင်ဖို့ ပြည်တွင်းအော်ပရေတာလေးခုက ထုတ်ပြန်ချက်တစ်ရက်ကို ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

MPT, Ooredoo, Telenor နဲ့ MyTel တို့ပူးပေါင်းပြီး မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ အင်တာနက်သုံးရာမှာ ဘယ်လိုသုံးရင် ဘယ်လို
ဒေတာကုန်မယ်၊ ဘယ်လိုဖြတ်တောက်မယ် ဆိုတာတွေကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အင်တာနက်သုံးနေတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ အင်တာနက်အသုံးပြုမှုပမာဏအတွင်းကနေ ဒေတာတွေလျော့ နည်းသွားတာမျိုး ဒါမှမဟုတ် မသုံးဘဲနဲ့ ဖုန်းဘီလ်တွေ ဖြတ်တောက်နေတာမျိုး မဖြစ်အောင် အသိပညာပေးလိုက်တာလို့ ဆိုပါတယ်။ လက်ရှိသုံးစွဲသူအချို့အနေနဲ့ အင်တာနက် အသုံးပြုရာမှာ မရည်ရွယ်ဘဲ ဖုန်းဘီလ် ဖြတ်တောက်ခံရခြင်း၊ မထင်မှတ်ဘဲ ဒေတာတွေ ကုန်ဆုံးသွားခြင်း အခြေအနေတွေ ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။

အင်တာနက်ချိတ်ဆက်အသုံးပြုရာမှာ မလိုလားအပ်ဘဲ ဒေတာတွေကုန်ဆုံးခြင်းမှ လျှော့ချနိုင်စေရေး နည်းလမ်း (၁၀) ချက်ကို အော်ပရေတာလေးခုက ပူးပေါင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

(၁) အလိုအလျောက် Update ပြုလုပ်ခြင်းကိုပိတ်ထားရန်

ဖုန်းမှာ အလိုအလျောက် update ပြုလုပ်တာတွေကို ပိတ်ထားဖို့ လိုအပ်တယ်လို့ပြောပါတယ်။ အလိုအလျောက် update ပြုလုပ်ထားခြင်းက ဖုန်းထဲမှာ ဝယ်ယူထားတဲ့ဒေတာတွေကို လိုအပ်တာထက်ပိုပြီး အသုံးပြုလိုက်နိုင်တယ်လို့ ဆိုပါတယ်။

(၂) Application တွေကို Wifi နဲ့သာ Update ပြုလုပ်ရန်

ဖုန်းအတွက်လိုအပ်တဲ့ Application တွေကို မိုဘိုင်းဖုန်းဒေတာနဲ့ update ပြုလုပ်တတ်ကြပါတယ်။ အဲဒီလိုပြုလုပ်ခြင်းဟာ ဖုန်းအတွင်းမှာရှိတဲ့ အခြား Application တွေကိုလည်း အလိုအလျောက် update ပြုလုပ်တာမျိုးဖြစ်တတ်ပြီး ဒေတာတွေ မလိုအပ်ဘဲ ကုန်ဆုံးစေပါတယ်။

(၃) Background ဒေတာများကို ကန့်သတ်ထားရန်

အချို့သော အက်ပလီကေးရှင်းတွေဟာ ဖုန်းအသုံးမပြုတဲ့ အချိန်တွေမှာတောင် ဒေတာပမာဏများစွာကို အသုံးပြုနေတာကြောင့် မိမိတို့အသုံးမပြုတော့တဲ့ အက်ပလီကေးရှင်းဟောင်းတွေကို ဖုန်းအတွင်းမှ ဖျက်ပစ်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

(၄) မိမိအကောင့်တွေ တစ်ခုနဲ့တစ်ခု ဒေတာတွေထပ်တူ ကူးယူနေမှု ရှိ၊ မရှိသတိပြုရန်

Application တွေနဲ့ ဝန်ဆောင်မှုတွေ တစ်ခုနဲ့တစ်ခုထပ်တူ ကူးယူလုပ်ဆောင်ချက်တွေဟာ ကိုယ်အသုံးမပြုပေမယ့် ကနဦးကတည်းက
ပါ၀င်တတ်လို့ အဲဒါကိုလည်း သတိပြုဖို့လိုအပ်တယ်လို့ ပြောကြားထားပါတယ်။

(၅) အွန်လိုင်းကြော်ငြာတွေကိုရှောင်ရန်

အင်တာနက်အသုံးပြုနေတုန်း ရုတ်တရက်ပေါ်လာတဲ့ ကြော်ငြာ (Ads) တွေကို ရှောင်ရှားဖို့လိုပါတယ်။ အဲဒါတွေဟာ အင်တာနက်ဒေတာ အများအပြားကို ကုန်ဆုံးနိုင်စေတယ်လို့ ဆိုပါတယ်။

(၆) ပေါ့ပါးပြီး ဒေတာအသုံးပြုမှုနည်းတဲ့ Browser တွေ ကိုသုံးရန်

ဖုန်းထဲမှာ အလိုအလျောက်ပါဝင်တဲ့ အင်တာနက်ရှာဖွေရေးဆိုင် (Browser) တွေဟာ ဒေတာအသုံးပြုမှု များပြားတတ်တာကြောင့် ဒေတာအသုံးပြုမှုနည်းတဲ့ Browser တွေကို ထည့်သွင်းအသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

(၇) အွန်လိုင်းမှတိုက်ရိုက်ကြည့်ရှုမှုတွေအတွက် သတိရှိပါ

အွန်လိုင်းပေါ်ကနေ ဗွီဒီယိုတွေ၊ သီချင်းတွေ၊ အရည်အသွေးမြင့် ဓာတ်ပုံတွေ၊ အသံဖိုင်တွေကို တိုက်ရိုက်ကြည့်ရှုတာက မိုဘိုင်းဒေတာ အများအပြား ကုန်ဆုံးစေပါတယ်။ ဖုန်းထဲကပဲ ကြည့်မယ်ဆိုရင်တော့ ဖုန်းအတွင်း ခံစားမှုအရည်အသွေးကို မထိခိုက်စေတဲ့ အရည်အသွေးလျှော့ချထားတဲ့ ဖိုင်တွေကိုပဲ ကြည့်သင့်ပါတယ်။

(၈) ဒေတာဘယ်လောက် အသုံးပြုမယ်ဆိုတာကို ကန့်သတ်ထားပါ

မိမိတို့ရဲ့ ဖုန်းမှာဒေတာကို ဘယ်လောက်ပမာဏပဲ အသုံးပြုမှာဆိုပြီး အလွယ်တကူကန့်သတ်ထားနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်က
MB တွေ ပိုမိုသက်သာစေမှာဖြစ်ပြီး အပိုသုံးတာတွေအတွက် မတန်တဆငွေပေးချေရခြင်းတွေကနေ သက်သာသွားစေနိုင်ပါတယ်။

(၉) Facebook မှာ အလိုအလျောက် Video ဖိုင်တွေကို ပိတ်ထားပါ

Facebook စာမျက်နှာကိုဖွင့်လိုက်တဲ့အခါ Video ဖိုင်တွေကို အသံနဲ့တကွ အလိုအအလျောက်ပြသနေခြင်းက ဒေတာတွေကုန်ဆုံးစေရုံ
သာမက ရုတ်တရက် စိတ်အနှောင့်အယှက်လည်းဖြစ်နိုင်ပါတယ်။ အဲဒါတွေကို ပိတ်ထားခြင်းက ဒေတာကုန်ဆုံးနှုန်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။

(၁၀) ဒေတာပမာဏသတ်မှတ်ပေးထားတဲ့ Package တွေကိုသုံးပါ

Data Package တွေဟာ သုံးစွဲသူတွေရဲ့ဖုန်းဘီလ်ကို တော်တော်များများ သက်သာစေသလို အော်ပရေတာတွေအနေနဲ့လည်း အသုံးပြုသူ အမျိုးမျိုးအပေါ်မူတည်ပြီး သင့်လျော်မယ့် Data Package အမျိုးအစားတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီ Package တွေဟာ သုံးသလောက်ပေးစနစ်ထက် ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။

မိုဘိုင်းဖုန်း သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့စမတ်ဖုန်း Setting တွေကို ပြန်လည်စစ်ဆေးဖို့နဲ့ အင်တာနက်ကွန်ရက်ချိတ်ထားတဲ့အခါ ဒေတာအသုံးပြုမှုနဲ့ ပတ်သက်ပြီး သတ်မှတ်တိုင်းထွာတဲ့ အလေ့အကျင့်မျိုး ထားရှိတတ်စေဖို့ အော်ပရေတာအားလုံးက တိုက်တွန်းထားပါတယ်။ ဖုန်းဘီလ်ဖြတ်တောက်မှုတွေ၊ လက်ကျန်ငွေပမာဏကိစ္စတွေ၊ ဒေတာအသုံးပြုမှုနဲ့ အခြားကိစ္စတွေနဲ့စပ်လျဉ်းပြီး သက်ဆိုင်ရာ အော်ပရေတာအသီးသီးရဲ့ ဆိုရှယ်မီဒီယာ၊ ဝက်ဘ်ဆိုက်နဲ့ Call Center တွေကို ခေါ်ဆို မေးမြန်းဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မိုဘိုင်းအင်တာနက် အသုံးပြုမှုတွေ တိုးတက်များပြားလာတာနဲ့အမျှ ဆက်သွယ်ရေးကဏ္ဍအတွင်းမှာ အဆင့်မြင့်နည်းပညာတွေ ထိထိရောက်ရောက် အသုံးပြုနိုင်မှုကလည်း တိုးတက်လာကြောင်း၊ မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ သုံးစွဲသူဦးရေ တစ်ရှိန်ထိုး တိုးတက်လာနေကြောင်း၊ 3G, 4G ကွန်ရက်နဲ့ ချိတ်ဆက်ပြီး လူမှုကွန်ရက်တွေ အသုံးပြုရာမှာဖြစ်စေ၊ ဝက်ဘ်ဆိုက်တွေဝင်ရောက်တာနဲ့ ဗွီဒီယိုတွေကြည့်ရှုတာ၊ အွန်လိုင်းဗွီဒီယိုကြည့်တာ၊ အွန်လိုင်းပေါ်မှာ သတင်းဖတ်၊
ဂိမ်းကစားတာတွေကို အဓိကပြုလုပ်နေကြကြောင်း သိရပါတယ်။