September 20, 2018

အင္တာနက္ဂ်ာနယ္မွ ဦးစီးက်င္းပမယ့္ Myanmar STEAM Fair 2018

[ Zawgyi ]

က်င္းပျပဳလုပ္မည့္ေနရာ – Junction City Promotion Area
က်င္းပျပဳလုပ္မည့္ရက္ – ဧၿပီ ၁၀ ရက္ႏွင့္ ၁၁ ရက္
က်င္းပျပဳလုပ္မည့္အခ်ိန္ – နံနက္ ၉ နာရီမွ ညေန ၆ နာရီ အထိ

ၿပိဳင္ပြဲက်င္းပရျခင္း၏ ရည္ရြယ္ခ်က္

Myanmar STEAMFair 2018 ကို ကေလးငယ္မ်ားကိုယ္ပိုင္ဉာဏ္ျဖင့္ စဥ္းစားေတြးေခၚတတ္ေစျခင္း၊ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ျဖင့္ ကိစၥရပ္မ်ားကို ေဆာင္ရြက္ႏိုင္ေစျခင္း၊ မိမိကိုယ္မိမိ ယံုၾကည္ခ်က္ရွိရွိျဖင့္ တင္ဆက္ျခင္း စတာေတြအျပင္ လက္ေတြ႕တိုက္႐ိုက္ စမ္းသပ္မႈ ကိုယ္တိုင္ျပဳလုပ္ႏိုင္ေစရန္

Myanmar STEAM Fair 2018 မွာ ဘယ္လို အေၾကာင္းအရာေတြပါမလဲ

Myanmar STEAM Fair 2018 မွာ Science, Technology, Engineering, Arts နဲ႔ Mathematic စတဲ့အေၾကာင္းအရာေတြနဲ႔သက္
ဆုိင္တဲ့ ဥာဏ္စမ္းေမးခြန္းေျဖဆိုျခင္း၊ ဂိမ္းကစားျခင္းအစီအစဥ္အျပင္ အျခားအေၾကာင္းအရာေတြနဲ႔ပတ္သက္တဲ့ၿပိဳင္ပြဲေတြနဲ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပတင္ဆက္ ေပးသြားမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲမွာ ဘယ္လိုအသက္အရြယ္ေတြ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရွိမလဲ

ၿပိဳင္ပြဲမွာ အသက္ ၆ ႏွစ္အရြယ္နဲ႔ အသက္ ၈ ႏွစ္အရြယ္ မည္သည့္ကေလးငယ္မဆို ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရွိမွာျဖစ္ပါတယ္။

ဘယ္လိုၿပိဳင္ပြဲ အမ်ိဳးအစားေတြ ပါဝင္မွာလဲ

Myanmar STEAM Fair 2018 မွာ Internet Journal STEAM Challenge နဲ႔ Internet Journal LEGO Design Challenge ဆိုၿပီး ၿပိဳင္ပြဲႀကီးႏွစ္ခုအျပင္ ၿပိဳင္ပြဲငယ္မ်ားစြာ ပါဝင္မွာျဖစ္ပါတယ္။

Internet Journal STEAM Challenge ၿပိဳင္ပြဲ

Internet Journal STEAM Challenge ကိုေတာ့ အသက္ ၉ ႏွစ္မွ ၁၂ ႏွစ္အရြယ္ မည္သည့္ကေလးငယ္မဆို ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ပါတယ္။ ျပိဳင္ပြဲကို၀င္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ အသင္းတစ္သင္းမွာ အနည္းဆံုးႏွစ္ဦး ပါ၀င္ရမွာျဖစ္သလို အမ်ားဆံုးအေနနဲ႔ ငါးဦးပါဝင္ ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။

Internet Journal STEAM Challenge ၿပိဳင္ပြဲဝင္ရမယ့္ပံုစံကေတာ့

ပထမအဆင့္

သိပၸံပညာရွင္မ်ားအေၾကာင္းကို ပိုစတာဖြက္ထားျခင္းမွရွာေဖြ (သို႔) မဲႏိႈက္ကာ က်သည့္ သိပၸံပညာရွင္မ်ားအေၾကာင္းအရာကို စင္ေပၚတြင္ Presentation ျပဳလုပ္ျခင္း

ဒုတိယအဆင့္

LEGO ၿပိဳင္ပြဲ (ကိုုယ္ပိုင္အႀကံဉာဏ္ျဖင့္ ဖန္တီးတည္ေဆာက္ျခင္း) ယွဥ္ၿပိဳင္ျခင္း

တတိယအဆင့္

Laptop ျဖင့္ Science Quiz မ်ားေျဖဆိုျခင္း

စတုတၳအဆင့္

EV3 ၿပိဳင္္ျခင္းဆိုၿပီး အဆင့္ေလးဆင့္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ အဆင့္တစ္ဆင့္စီတိုင္းအတြက္ အမွတ္မ်ားေပးသြားမွာျဖစ္ၿပီး အဆင့္ေလးဆင့္မွ အမွတ္မ်ားေပါင္းၿပီး အမွတ္အမ်ားဆံုးအသင္းဟာ Internet Journal STEAM Challenge Winner ဆုကို ရရွိမွာျဖစ္ပါတယ္။ ပြဲက်င္းပတဲ့ ဧၿပီလ ၁၀ ရက္မွာ ယွဥ္ၿပိဳင္ထားတဲ့ အသင္းေတြထဲမွ အမွတ္အမ်ားဆံုးအသင္းအခ်ိဳ႕ကို ပဏာမေရြးခ်ယ္ သြားမွာျဖစ္ၿပီး ေရြးခ်ယ္ခံရေသာ ၿပိဳင္ပြဲဝင္အသင္းမ်ားအေနနဲ႔ ဧၿပီ ၁၁ ရက္တြင္ ေနာက္ဆံုးၿပိဳင္ပြဲကို ဆက္လက္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

Internet Journal LEGO Design Challenge

Internet Journal LEGO Design Challenge ကိုေတာ့ အသက္ ၆ ႏွစ္မွ ၈ ႏွစ္အသက္အရြယ္ မည္သည့္ကေလးငယ္မဆို ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာေတာ့ တစ္ဦးခ်င္းပါဝင္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ Internet Journal LEGO Design Challenge မွာေတာ့ LEGO ႐ုပ္မ်ား အသံုးျပဳၿပီး မိမိစိတ္ကူးဉာဏ္နဲ႔ ႏွစ္သက္ရာပံုစံဒီဇိုင္းတစ္ခုကို တည္ေဆာက္ရမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲအတြက္ အခ်ိန္အတိုင္းအတာတစ္ခုကို သတ္မွတ္္ေပးထားမွာျဖစ္ၿပီး သတ္မွတ္ခ်ိန္အတြင္း တည္ေဆာက္ထားေသာ ဒီဇိုင္းပံုစံမ်ားၿပီးေျမာက္မႈ၊ သပ္ရပ္လွပမႈ၊ စိတ္ကူးေကာင္းမႈ၊ အခ်ိန္မီၿပီးစီးမႈမ်ားကို အမွတ္ေပးပံုစံနဲ႔ ဒိုင္မ်ားမွေရြးခ်ယ္သြားမွာျဖစ္ပါ
တယ္။ LEGO Design Challenge မွာလည္း ပြဲက်င္းပတဲ့ ဧၿပီလ ၁၀ ရက္မွာ ယွဥ္ၿပိဳင္ထားတဲ့ အသင္းေတြထဲမွ အမွတ္အမ်ားဆံုး အသင္းအခ်ိဳ႕ကို ပဏာမေရြးခ်ယ္သြားမွာျဖစ္ၿပီး ေရြးခ်ယ္ခံရတဲ့ၿပိဳင္ပြဲဝင္ အသင္းမ်ားအေနနဲ႔ ဧၿပီ ၁၁ ရက္မွာ ေနာက္ဆံုးၿပိဳင္ပြဲကို ဆက္လက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

Mini Challenge

ၿပိဳင္ပြဲက်င္းပျပဳလုပ္တဲ့ ဧၿပီ ၁၀ ရက္နဲ႔ ၁၁ ရက္ ျပပြဲခ်ိန္အတြင္း Booth မ်ားထားရွိကာ ျပဳလုပ္ေပးေနမယ့္ ၿပိဳင္ပြဲငယ္အမ်ိဳးအစား ၈ မ်ိဳး
ခန္႔ ပါဝင္မွာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာေတာ့ Registration ျပဳလုပ္ထားတဲ့ ကေလးငယ္ေတြေရာ၊ Junction City စင္တာကို လာေရာက္လည္ပတ္တဲ့ ကေလးငယ္ေတြေရာ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲအမ်ိဳးအစားေတြကေတာ့

(၁) Melt and Pour SOAP Art Challenge

သဘာဝဆပ္ျပာျဖင့္ ဒီဇိုင္းပံုေဖာ္ျခင္း

(၂) Bead

ပုတီးပံုစံျပဳလုပ္ျခင္း

(၃) Density Challenge

အရည္ရဲ႕သိပ္သည္းဆကို ခန္႔မွန္းျခင္း

(၄) K’nex Challenge

K’nex ပစၥည္းမ်ားအသံုးျပဳကာ တံတားတည္ေဆာက္ၿပီး အေလးခ်ိန္ခံႏိုင္ရည္အားကို အေလးတုံးခ်ိတ္ကာ ခံႏိုင္ရည္ရွိ၊ မရွိကို စမ္းသပ္ျခင္း)

(၅) LEGO Landmark CHallenge

ျမန္မာျပည္ရဲ႕ အထင္ကရေနရာမ်ားကို Lego ႐ုပ္မ်ားျဖင့္ တည္ေဆာက္ကာၿပိဳင္ဆိုင္ျခင္း

(၆) LEGO Smart Spinning Wheel

LEGO ႐ုပ္မ်ားျဖင့္ Spinning Wheel တည္ေဆာက္ကာ အလည္ဆံုးႏွင့္ အလွဆံုးအတြက္ ၿပိဳင္ဆိုင္ျခင္း

(၇) Electricity and Electronic Challenge

ဆားကစ္ဘုတ္မ်ား အသံုးျပဳကာ ၿပိဳင္ပြဲဝင္ျခင္း

(၈) Origami Challenge

စာရြက္မ်ားအသံုးျပဳကာ အ႐ုပ္ေခါက္ကစားျခင္း စတဲ့ၿပိဳင္ေတြပါဝင္မွာ ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲေလးေတြမွာလည္း ပြဲလာေရာက္သူတိုင္း တစ္ဦးခ်င္းဝင္ေရာက္ ယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ၿပီး မွန္ကန္စြာျဖင့္ ၿပီးေျမာက္ေအာင္ျမင္စြာ ၿပိဳင္ပြဲဝင္သူေတြကို ဆုလက္ေဆာက္ေလးေတြ ေပးအပ္သြားမွာ ျဖစ္ပါတယ္။

ဘယ္အခ်ိန္မွာ ဘယ္လိုၿပိဳင္ပြဲေတြကို က်င္းပျပဳလုပ္မွာလဲ

Internet Journal LEGO Design Challenge ကိုေတာ့ နံနက္ ၉ နာရီမွစတင္ၿပီး မြန္းတည့္ ၁၂ နာရီအထိ က်င္းပျပဳလုပ္သြားမွာျဖစ္ပါ
တယ္။ Internet Journal STEAM Challenge ၿပိဳင္ပြဲကိုေတာ့ မြန္းလြဲ ၁ နာရီမွာ ျပန္လည္က်င္းပမွာ ျဖစ္ပါတယ္။ နံနက္ ၉ နာရီမွ ညေနအထိ အခ်ိန္ေတြမွာေတာ့ Mini Challenge ေတြကို ဆက္တိုက္က်င္းပျပဳလုပ္ေပးေနမွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္လိုသူေတြအေနနဲ႔ ဘယ္လိုစာရင္းေပး သြင္းရမလဲ
ၿပိဳင္ပြဲပါ၀င္ယွဥ္ၿပိဳင္လိုသူေတြအေနနဲ႔ အြန္လိုင္းမွတစ္ဆင့္ Regis-tration ျပဳလုပ္ႏုိင္သလို ဖုန္း ၀၉၄၄၃၀၃၂၉၂၈ သို႔ဆက္သြယ္၍လည္း ၿပိဳင္ပြဲအတြက္ ဆက္သြယ္စာရင္းေပးသြင္းႏိုင္မွာျဖစ္ပါတယ္။ Online Registration ကို Facebook စာမ်က္ႏွာရွိ Myanmar STEAM Fair 2018 Event မွာေဖာ္ျပထားတဲ့ Link ေတြမွတစ္ဆင့္ စာရင္းေပးသြင္း ႏိုင္မွာျဖစ္ပါတယ္။

Myanmar STEAM Fair 2018 ျဖစ္ေျမာက္ေရးအတြက္ ဘယ္သူေတြက ပါဝင္ကူညီပံ့ပိုးေပးထားလဲ

Myanmar STEAM Fair 2018 ျဖစ္ေျမာက္ေရးအတြက္ Technical Sponsor အေနနဲ႔ Fun and Learn Education Center/ Youth Society for Education မွ ပါဝင္ကူညီပံ့ပိုးေပးထားၿပီး Venue Sponsor အေနနဲ႔  Junction City မွ ကူညီပံ့ပိုးေပးထားပါတယ္။

ပြဲအတြင္း ဉာဏ္စမ္းေမးခြန္းမ်ား ေျဖဆိုျခင္းနဲ႔ Projector ျပသျခင္းမ်ားအတြက္ Product Sponsor အေနနဲ႔ Shwe Lamin Nagar Group of Companies မွ ကူညီပံ့ပိုး ေပးထားပါတယ္။ Gold Sponsor အေနနဲ႔ Biogesic for Kids နဲ႔ Nutroplex တို႔မွ ပါဝင္ ကူညီပံ့ပိုးေပးထားပါတယ္။ အျခားေသာ ကုမၸဏီမ်ားမွလည္း ဆုစပြန္ဆာမ်ားေပးျခင္းနဲ႔ ပူးေပါင္းကူညီပါဝင္ျခင္းအားျဖင့္ ကူညီအားျဖည့္ ေပးထားပါတယ္။

Orgamized by

 

Venue Sponsor

Technical Sponsor

Product Sponsor

Gold Sponsor

Media Partner

      

==================

[ Unicode ]

အင်တာနက်ဂျာနယ်မှ ဦးစီးကျင်းပမယ့် Myanmar STEAM Fair 2018

==================

ကျင်းပပြုလုပ်မည့်နေရာ – Junction City Promotion Area
ကျင်းပပြုလုပ်မည့်ရက် – ဧပြီ ၁၀ ရက်နှင့် ၁၁ ရက်
ကျင်းပပြုလုပ်မည့်အချိန် – နံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ

ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်

Myanmar STEAMFair 2018 ကို ကလေးငယ်များကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်စေခြင်း၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်စေခြင်း၊ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရှိဖြင့် တင်ဆက်ခြင်း စတာတွေအပြင် လက်တွေ့တိုက်ရိုက် စမ်းသပ်မှု ကိုယ်တိုင်ပြုလုပ်နိုင်စေရန်

Myanmar STEAM Fair 2018 မှာ ဘယ်လို အကြောင်းအရာတွေပါမလဲ

Myanmar STEAM Fair 2018 မှာ Science, Technology, Engineering, Arts နဲ့ Mathematic စတဲ့အကြောင်းအရာတွေနဲ့သက်
ဆိုင်တဲ့ ဉာဏ်စမ်းမေးခွန်းဖြေဆိုခြင်း၊ ဂိမ်းကစားခြင်းအစီအစဉ်အပြင် အခြားအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ပြိုင်ပွဲတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပတင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ဘယ်လိုအသက်အရွယ်တွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမလဲ

ပြိုင်ပွဲမှာ အသက် ၆ နှစ်အရွယ်နဲ့ အသက် ၈ နှစ်အရွယ် မည်သည့်ကလေးငယ်မဆို ပါဝင်ယှဉ်ပြိုင်ခွင့် ရှိမှာဖြစ်ပါတယ်။

ဘယ်လိုပြိုင်ပွဲ အမျိုးအစားတွေ ပါဝင်မှာလဲ

Myanmar STEAM Fair 2018 မှာ Internet Journal STEAM Challenge နဲ့ Internet Journal LEGO Design Challenge ဆိုပြီး ပြိုင်ပွဲကြီးနှစ်ခုအပြင် ပြိုင်ပွဲငယ်များစွာ ပါဝင်မှာဖြစ်ပါတယ်။

Internet Journal STEAM Challenge ပြိုင်ပွဲ

Internet Journal STEAM Challenge ကိုတော့ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် မည်သည့်ကလေးငယ်မဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အသင်းတစ်သင်းမှာ အနည်းဆုံးနှစ်ဦး ပါ၀င်ရမှာဖြစ်သလို အများဆုံးအနေနဲ့ ငါးဦးပါဝင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

Internet Journal STEAM Challenge ပြိုင်ပွဲဝင်ရမယ့်ပုံစံကတော့

ပထမအဆင့်

သိပ္ပံပညာရှင်များအကြောင်းကို ပိုစတာဖွက်ထားခြင်းမှရှာဖွေ (သို့) မဲနှိုက်ကာ ကျသည့် သိပ္ပံပညာရှင်များအကြောင်းအရာကို စင်ပေါ်တွင် Presentation ပြုလုပ်ခြင်း

ဒုတိယအဆင့်

LEGO ပြိုင်ပွဲ (ကိုုယ်ပိုင်အကြံဉာဏ်ဖြင့် ဖန်တီးတည်ဆောက်ခြင်း) ယှဉ်ပြိုင်ခြင်း

တတိယအဆင့်

Laptop ဖြင့် Science Quiz များဖြေဆိုခြင်း

စတုတ္ထအဆင့်

EV3 ပြိုင််ခြင်းဆိုပြီး အဆင့်လေးဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဆင့်တစ်ဆင့်စီတိုင်းအတွက် အမှတ်များပေးသွားမှာဖြစ်ပြီး အဆင့်လေးဆင့်မှ အမှတ်များပေါင်းပြီး အမှတ်အများဆုံးအသင်းဟာ Internet Journal STEAM Challenge Winner ဆုကို ရရှိမှာဖြစ်ပါတယ်။ ပွဲကျင်းပတဲ့ ဧပြီလ ၁၀ ရက်မှာ ယှဉ်ပြိုင်ထားတဲ့ အသင်းတွေထဲမှ အမှတ်အများဆုံးအသင်းအချို့ကို ပဏာမရွေးချယ် သွားမှာဖြစ်ပြီး ရွေးချယ်ခံရသော ပြိုင်ပွဲဝင်အသင်းများအနေနဲ့ ဧပြီ ၁၁ ရက်တွင် နောက်ဆုံးပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Internet Journal LEGO Design Challenge

Internet Journal LEGO Design Challenge ကိုတော့ အသက် ၆ နှစ်မှ ၈ နှစ်အသက်အရွယ် မည်သည့်ကလေးငယ်မဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ တစ်ဦးချင်းပါဝင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Internet Journal LEGO Design Challenge မှာတော့ LEGO ရုပ်များ အသုံးပြုပြီး မိမိစိတ်ကူးဉာဏ်နဲ့ နှစ်သက်ရာပုံစံဒီဇိုင်းတစ်ခုကို တည်ဆောက်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် အချိန်အတိုင်းအတာတစ်ခုကို သတ်မှတ််ပေးထားမှာဖြစ်ပြီး သတ်မှတ်ချိန်အတွင်း တည်ဆောက်ထားသော ဒီဇိုင်းပုံစံများပြီးမြောက်မှု၊ သပ်ရပ်လှပမှု၊ စိတ်ကူးကောင်းမှု၊ အချိန်မီပြီးစီးမှုများကို အမှတ်ပေးပုံစံနဲ့ ဒိုင်များမှရွေးချယ်သွားမှာဖြစ်ပါ
တယ်။ LEGO Design Challenge မှာလည်း ပွဲကျင်းပတဲ့ ဧပြီလ ၁၀ ရက်မှာ ယှဉ်ပြိုင်ထားတဲ့ အသင်းတွေထဲမှ အမှတ်အများဆုံး အသင်းအချို့ကို ပဏာမရွေးချယ်သွားမှာဖြစ်ပြီး ရွေးချယ်ခံရတဲ့ပြိုင်ပွဲဝင် အသင်းများအနေနဲ့ ဧပြီ ၁၁ ရက်မှာ နောက်ဆုံးပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Mini Challenge

ပြိုင်ပွဲကျင်းပပြုလုပ်တဲ့ ဧပြီ ၁၀ ရက်နဲ့ ၁၁ ရက် ပြပွဲချိန်အတွင်း Booth များထားရှိကာ ပြုလုပ်ပေးနေမယ့် ပြိုင်ပွဲငယ်အမျိုးအစား ၈ မျိုး
ခန့် ပါဝင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ Registration ပြုလုပ်ထားတဲ့ ကလေးငယ်တွေရော၊ Junction City စင်တာကို လာရောက်လည်ပတ်တဲ့ ကလေးငယ်တွေရော ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားတွေကတော့

(၁) Melt and Pour SOAP Art Challenge

သဘာဝဆပ်ပြာဖြင့် ဒီဇိုင်းပုံဖော်ခြင်း

(၂) Bead

ပုတီးပုံစံပြုလုပ်ခြင်း

(၃) Density Challenge

အရည်ရဲ့သိပ်သည်းဆကို ခန့်မှန်းခြင်း

(၄) K’nex Challenge

K’nex ပစ္စည်းများအသုံးပြုကာ တံတားတည်ဆောက်ပြီး အလေးချိန်ခံနိုင်ရည်အားကို အလေးတုံးချိတ်ကာ ခံနိုင်ရည်ရှိ၊ မရှိကို စမ်းသပ်ခြင်း)

(၅) LEGO Landmark CHallenge

မြန်မာပြည်ရဲ့ အထင်ကရနေရာများကို Lego ရုပ်များဖြင့် တည်ဆောက်ကာပြိုင်ဆိုင်ခြင်း

(၆) LEGO Smart Spinning Wheel

LEGO ရုပ်များဖြင့် Spinning Wheel တည်ဆောက်ကာ အလည်ဆုံးနှင့် အလှဆုံးအတွက် ပြိုင်ဆိုင်ခြင်း

(၇) Electricity and Electronic Challenge

ဆားကစ်ဘုတ်များ အသုံးပြုကာ ပြိုင်ပွဲဝင်ခြင်း

(၈) Origami Challenge

စာရွက်များအသုံးပြုကာ အရုပ်ခေါက်ကစားခြင်း စတဲ့ပြိုင်တွေပါဝင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲလေးတွေမှာလည်း ပွဲလာရောက်သူတိုင်း တစ်ဦးချင်းဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး မှန်ကန်စွာဖြင့် ပြီးမြောက်အောင်မြင်စွာ ပြိုင်ပွဲဝင်သူတွေကို ဆုလက်ဆောက်လေးတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဘယ်လိုပြိုင်ပွဲတွေကို ကျင်းပပြုလုပ်မှာလဲ

Internet Journal LEGO Design Challenge ကိုတော့ နံနက် ၉ နာရီမှစတင်ပြီး မွန်းတည့် ၁၂ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါ
တယ်။ Internet Journal STEAM Challenge ပြိုင်ပွဲကိုတော့ မွန်းလွဲ ၁ နာရီမှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။ နံနက် ၉ နာရီမှ ညနေအထိ အချိန်တွေမှာတော့ Mini Challenge တွေကို ဆက်တိုက်ကျင်းပပြုလုပ်ပေးနေမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဘယ်လိုစာရင်းပေး သွင်းရမလဲ

ပြိုင်ပွဲပါ၀င်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ အွန်လိုင်းမှတစ်ဆင့် Regis-tration ပြုလုပ်နိုင်သလို ဖုန်း ၀၉၄၄၃၀၃၂၉၂၈ သို့ဆက်သွယ်၍လည်း ပြိုင်ပွဲအတွက် ဆက်သွယ်စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ Online Registration ကို Facebook စာမျက်နှာရှိ Myanmar STEAM Fair 2018 Event မှာဖော်ပြထားတဲ့ Link တွေမှတစ်ဆင့် စာရင်းပေးသွင်း နိုင်မှာဖြစ်ပါတယ်။

Myanmar STEAM Fair 2018 ဖြစ်မြောက်ရေးအတွက် ဘယ်သူတွေက ပါဝင်ကူညီပံ့ပိုးပေးထားလဲ

Myanmar STEAM Fair 2018 ဖြစ်မြောက်ရေးအတွက် Technical Sponsor အနေနဲ့ Fun and Learn Education Center/ Youth Society for Education မှ ပါဝင်ကူညီပံ့ပိုးပေးထားပြီး Venue Sponsor အနေနဲ့ Junction City မှ ကူညီပံ့ပိုးပေးထားပါတယ်။

ပွဲအတွင်း ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းနဲ့ Projector ပြသခြင်းများအတွက် Product Sponsor အနေနဲ့ Shwe Lamin Nagar Group of Companies မှ ကူညီပံ့ပိုး ပေးထားပါတယ်။ Gold Sponsor အနေနဲ့ Biogesic for Kids နဲ့ Nutroplex တို့မှ ပါဝင် ကူညီပံ့ပိုးပေးထားပါတယ်။ အခြားသော ကုမ္ပဏီများမှလည်း ဆုစပွန်ဆာများပေးခြင်းနဲ့ ပူးပေါင်းကူညီပါဝင်ခြင်းအားဖြင့် ကူညီအားဖြည့် ပေးထားပါတယ်။

Orgamized by

Venue Sponsor

Technical Sponsor

Product Sponsor

Gold Sponsor

Media Partner