အင္ဂ်င္နီယာမဟာဘြဲ႕ႏွင့္ အင္ဂ်င္နီယာ ပညာရပ္ဆုိင္ရာမ်ားအေၾကာင္း ေဆြးေႏြးပြဲျပဳလုပ္မည္

[ Zawgyi ]

ႏွစ္ႏိုင္ငံကူးေျပာင္း တက္ေရာက္ႏုိင္မယ့္ အင္ဂ်င္နီယာ မဟာဘြဲ႕ေတြအေၾကာင္းနဲ႔ အင္ဂ်င္နီယာပညာရပ္ဆုိင္ရာ ေဆြးေႏြးပြဲကို ေဖေဖာ္၀ါရီလ ၁၅ ရက္၊ ေန႔လယ္ ၁၂ နာရီမွ ၂ နာရီ အထိ AT&S (Overseas Education Services) ႐ံုးခန္းမွာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ေဆြးေႏြးပြဲမွာ Management Development Institute of Singapore (MDIS) School of Enginering ၏ Dr.Tham Yieng Wei (PhD in Engineering) မွ MDIS မွာ ၂ ႏွစ္၊ အဂၤလန္ Teesside University မွာ ၂ ႏွစ္ ကူးေျပာင္းသင္ယူႏုိင္မယ့္ Master of Engineering (Hons) in Electrical and Electronic (သို႔) in Mechanical ဘာသာရပ္ေတြအေၾကာင္းကို အေသးစိတ္ေဆြးေႏြးေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေဆြးေႏြးပြဲမွာ အလုပ္အကိုင္အခြင့္အလမ္းေကာင္းေတြအတြက္ ေရြးခ်ယ္သင္ယူသင့္တဲ့ အင္ဂ်င္နီယာ ပညာရပ္ေတြအေၾကာင္း၊ လက္ရွိဖြံ႔ၿဖိဳးတိုးတက္ေနတဲ့ အင္ဂ်င္နီယာလုပ္ငန္း နယ္ပယ္ေတြမွာ ကြ်မ္းက်င္စြာ လုပ္ကိုင္ႏုိင္ဖို႔ တက္ေရာက္သင့္တဲ့ ဘြဲ႕လြန္ဒီဂရီေတြအေၾကာင္း၊ စင္ကာပူႏုိင္ငံ MDIS မွာသင္ယူပါက ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူးေတြအေၾကာင္း၊ ၂၀၁၉ ခုႏွစ္အတြက္ ပညာသင္ဆုနဲ႔ သင္တန္းေၾကးေထာက္ပံံ့ေၾကး ေလွ်ာက္ထားႏိုင္ျခင္း စတဲ့ အခြင့္အလမ္းေတြအေၾကာင္းကို ေျပာၾကားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဂၤလန္ႏိုင္ငံရွိ တကၠသိုလ္ေတြမွ ေပးအပ္ခ်ီးျမႇင့္တဲ့ ဘာသာရပ္ေတြကို MDIS မွာ တက္ေရာက္ရယူႏိုင္မယ့္ အေၾကာင္းကိုလည္း MDIS ရဲ႕ Country Manager ျဖစ္သူ Ms.May Thein Win မွ အေသးစိတ္ ေျပာၾကားေပး မွာျဖစ္ပါတယ္။ တက္ေရာက္လုိသူေတြ အေနနဲ႔ AT&S (ႏိုင္ငံတကာတကၠသုိလ္ပညာေရး၀န္ေဆာင္မႈကုမၸဏီ) အေဆာင္ (၅)၊ အခန္း (၄)၊ ျမန္မာအင္ဖိုတက္ခ္၊ လိႈင္တကၠသုိလ္နယ္ေျမ၊ ဖုန္း(၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၁၂၇၄၆၁) ကို ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

-သႏၲာ

[ Unicode ]

နှစ်နိုင်ငံကူးပြောင်း တက်ရောက်နိုင်မယ့် အင်ဂျင်နီယာ မဟာဘွဲ့တွေအကြောင်းနဲ့ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီမှ ၂ နာရီ အထိ AT&S (Overseas Education Services) ရုံးခန်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ Management Development Institute of Singapore (MDIS) School of Enginering ၏ Dr.Tham Yieng Wei (PhD in Engineering) မှ MDIS မှာ ၂ နှစ်၊ အင်္ဂလန် Teesside University မှာ ၂ နှစ် ကူးပြောင်းသင်ယူနိုင်မယ့် Master of Engineering (Hons) in Electrical and Electronic (သို့) in Mechanical ဘာသာရပ်တွေအကြောင်းကို အသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေအတွက် ရွေးချယ်သင်ယူသင့်တဲ့ အင်ဂျင်နီယာ ပညာရပ်တွေအကြောင်း၊ လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့ အင်ဂျင်နီယာလုပ်ငန်း နယ်ပယ်တွေမှာ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်ဖို့ တက်ရောက်သင့်တဲ့ ဘွဲ့လွန်ဒီဂရီတွေအကြောင်း၊ စင်ကာပူနိုင်ငံ MDIS မှာသင်ယူပါက ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေအကြောင်း၊ ၂၀၁၉ ခုနှစ်အတွက် ပညာသင်ဆုနဲ့ သင်တန်းကြေးထောက်ပံံ့ကြေး လျှောက်ထားနိုင်ခြင်း စတဲ့ အခွင့်အလမ်းတွေအကြောင်းကို ပြောကြားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်တွေမှ ပေးအပ်ချီးမြှင့်တဲ့ ဘာသာရပ်တွေကို MDIS မှာ တက်ရောက်ရယူနိုင်မယ့် အကြောင်းကိုလည်း MDIS ရဲ့ Country Manager ဖြစ်သူ Ms.May Thein Win မှ အသေးစိတ် ပြောကြားပေး မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေးဝန်ဆောင်မှုကုမ္ပဏီ) အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း(၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉၊ ၀၉-၅၁၂၇၄၆၁) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။