
[ Zawgyi ]




-ဝေဝေ

[ Unicode ]

UMG College Myanmar မှ အင်ဂျင်နီယာ ဘာသာရပ်အတွက် ကျောင်းသားခေါ်ယူနေတယ်လို့ သိရပါတယ်။

ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေက မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ စက်မှုအင်ဂျင်နီယာဘာသာရပ်နဲ့ လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာဘာသာရပ်တို့ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ အ သက် ၁၆ နှစ်ပြည့်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ အမှတ်ကန့်သတ်ချက်မရှိဘဲ မိမိဝါသနာပါရာ မေဂျာကို ရွေးချယ်တက်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ IGCSE, GCE O’ Level အောင်မြင်ပြီးသူတွေအပြင် THS/TU ကျောင်း သား၊ ကျောင်းသူတွေလည်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဆယ်တန်း အမှတ်ကန့်သတ်ချက် မရှိဘဲ အင်ဂျင်နီယာဘာသာရပ်တွေကို ရွေးချယ်တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ နိုဝင်ဘာလကုန်အထိ နောက်ဆုံးလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်တွေကို UMG College Myanmar ဖုန်း ၀၉-၉၆၆၁၁၈၆၄၆ နဲ့ ၀၉-၉၇၇၈၃၅၂၁၂ ကို ဆက်သွယ်စုံစမ်း နိုင်ပါတယ်။