အဂၤလိပ္စကားေျပာရာမွာ သံုးႏႈန္းတဲ့ အသံုးအႏႈန္းေတြအေၾကာင္း ေဆြးေႏြးပြဲျပဳလုပ္မည္

[ Zawgyi ]

အဂၤလိပ္စကားေျပာရာမွာ သံုးႏႈန္းတဲ့ အသံုးအႏႈန္းေတြအေၾကာင္း ေဆြးေႏြးပြဲတစ္ရပ္ က်င္းပမယ္လို႔ Wall Street English Myanmar မွ သိရပါတယ္။

ဘယ္အခ်ိန္မွာ ဘယ္လိုအသံုးအႏႈန္းသံုးသင့္တယ္၊ ဘယ္လိုအသံုးအႏႈန္းကိုေတာ့ မသံုးသင့္ဘူးဆိုတဲ့ အေၾကာင္း ေဆြးေႏြးမယ့္ Workshop ကို ေနရာသံုးခုမွာ ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း၊ Formal and informal speech လို႔နာမည္ေပးထားတဲ့ Workshop ျဖစ္ေၾကာင္း သိရပါတယ္။ ေဖေဖာ္၀ါရီလ ၁၃ ရက္၊ ညေန ၆ နာရီမွာ Wall Street English Center 1 ရွိရာ Junction Square မွာလည္းေကာင္း၊ ေဖေဖာ္ဝါရီလ ၁၀ ရက္ ေန႔လယ္ ၂ နာရီမွာ Wall Street English Center 2 ရွိတဲ့ City Mall St.john မွာလည္းေကာင္း၊ Center 3 ရွိတဲ့ Myanmar Plaza မွာ ေဖေဖာ္၀ါရီလ ၂၇ ရက္မွာလည္းေကာင္း က်င္းပမယ္လို႔သိရပါတယ္။ အေဝးသင္တက္ၿပီး အလုပ္လုပ္ေနသူနဲ႔ တကၠသိုလ္ေက်ာင္းသူ၊ ေက်ာင္းသားေတြနဲ႔ ႐ံုးဝန္ထမ္းေတြအတြက္ ရည္ရြယ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

အဂၤလိပ္စာအေျခခံရွိသူ မည္သူမဆို တက္ေရာက္ႏုိင္ၿပီး မိမိတက္ေရာက္မယ့္ စင္တာကို ဖုန္း ၀၉-၇၉၉၆၂၉၇၂၉ သုိ႔ ဆက္သြယ္စာရင္းေပးႏိုင္ေၾကာင္း သိရပါတယ္။

-ေဝေဝ

[ Unicode ]

အင်္ဂလိပ်စကားပြောရာမှာ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေအကြောင်း ဆွေးနွေးပွဲတစ်ရပ် ကျင်းပမယ်လို့ Wall Street English Myanmar မှ သိရပါတယ်။

ဘယ်အချိန်မှာ ဘယ်လိုအသုံးအနှုန်းသုံးသင့်တယ်၊ ဘယ်လိုအသုံးအနှုန်းကိုတော့ မသုံးသင့်ဘူးဆိုတဲ့ အကြောင်း ဆွေးနွေးမယ့် Workshop ကို နေရာသုံးခုမှာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ Formal and informal speech လို့နာမည်ပေးထားတဲ့ Workshop ဖြစ်ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်၊ ညနေ ၆ နာရီမှာ Wall Street English Center 1 ရှိရာ Junction Square မှာလည်းကောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ် ၂ နာရီမှာ Wall Street English Center 2 ရှိတဲ့ City Mall St.john မှာလည်းကောင်း၊ Center 3 ရှိတဲ့ Myanmar Plaza မှာ ဖေဖော်ဝါရီလ ၂၇ ရက်မှာလည်းကောင်း ကျင်းပမယ်လို့သိရပါတယ်။ အဝေးသင်တက်ပြီး အလုပ်လုပ်နေသူနဲ့ တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ရုံးဝန်ထမ်းတွေအတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အင်္ဂလိပ်စာအခြေခံရှိသူ မည်သူမဆို တက်ရောက်နိုင်ပြီး မိမိတက်ရောက်မယ့် စင်တာကို ဖုန်း ၀၉-၇၉၉၆၂၉၇၂၉ သို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သိရပါတယ်။