အခေပး သတင္းဝန္ေဆာင္မႈ ျပဳလုပ္ၿပီး ဝင္ေငြထက္ဝက္ခန္႔ ရယူဖို႔ Apple ႀကိဳးစားေန

[ Zawgyi ]

နည္းပညာကုမၸဏီႀကီး Apple ဟာ အီလက္ထေရာနစ္ထုတ္ကုန္ ေရာင္းအားေႏွးေကြးေနတဲ့အတြက္ ဝန္ေဆာင္မႈေတြကုိ ေရာင္းခ်ႏိုင္ဖို႔ႀကိဳးစားေနပါတယ္။ Apple ဟာ သတင္းစာ ထုတ္ေဝသူေတြနဲ႔ ပူးေပါင္းၿပီး စာဖတ္သူေတြက ေလွ်ာ႔ေဈးႏႈန္းထားနဲ႔ paywall ေတြကုိေက်ာ္လႊားၿပီး ဝင္ေငြေဝမွ်ဖို႔အတြက္ လစဥ္ေၾကးေပးသြင္းရတဲ့ သတင္းဝန္ေဆာင္မႈကုိ လုပ္ကုိင္ေနပါတယ္။ ဒါေပမဲ့ သတင္းစာထုတ္ေဝသူ အမ်ားစုက ဝင္ေငြထက္ဝက္ခန္႔ကုိ Apple ရယူမယ့္အစီအစဥ္ကုိေတာ့ မႏွစ္သက္ၾကဘူးလို႔ Wall Street Journal ကေဖာ္ျပခဲ့ပါတယ္။

အဲဒီဝန္ေဆာင္မႈအတြက္ Apple ရဲ႕ညႇိႏႈိင္းသူေတြက ပါဝင္တဲ့ထုတ္ေဝသူေတြဆီက အကန္႔အသတ္မရွိ content ေတြကို ဖတ္႐ႈဖို႔ တစ္လ ၁၀ ေဒၚလာ ေဈးသက္မွတ္ဖို႔ စီစဥ္ေနပါတယ္။ Apple အေနနဲ႔ ေငြေၾကးထက္ဝက္ကို ရယူလိုတဲ့ ဆႏၵရွိေနတယ္လို႔ WSJ ရဲ႕ရင္းျမစ္ေတြက ေျပာခဲ့ပါတယ္။ က်န္တဲ့ ေငြေၾကးေတြက သတင္းဝန္ေဆာင္မႈအတြင္း သုံးစြဲသူေတြဖတ္႐ႈတဲ့ ေဆာင္းပါးအေပၚ အသုံးခ်တဲ့အခ်ိန္အရ ထုတ္ေဝသူေတြအသီးသီးရရွိမယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ New York Times နဲ႔ Washington Post တို႔က Apple ရဲ႕အခ်က္အလက္ေတြကုိ သေဘာတူဖို႔ တြန္႔ဆုတ္ေနတယ္လို႔ WSJ ကေရးခဲ့ပါတယ္။ အဲဒီသတင္းဌာနေတြအေနနဲ႔ ေဝမွ်မႈအစီအစဥ္နဲ႔ လစဥ္ေၾကးေပးသြင္းအသုံးျပဳသူရဲ႕ တန္ဖိုးႀကီးအခ်က္အလက္ ဆုံး႐ႈံးမႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနၾကပါတယ္။

Apple အေနနဲ႔ အခေပး သတင္းဝန္ေဆာင္မႈမွာပါဝင္မယ့္ ထုတ္ေဝသူေတြ အနည္းဆုံး ၁ ႏွစ္ လက္မွတ္ေရးထိုးေစလိုပါတယ္။ ဒါေပမဲ့ ထုတ္ေဝသူက ကာလတို ဒါမွမဟုတ္ ကာလရွည္ၾကာမယ့္ သေဘာတူညီခ်က္ အမ်ိဳးမ်ိဳးအစားစားကုိ ရွာေဖြေနပါတယ္။

စိုးထက္
Ref: Gizmodo

[ Uniocde ]

နည်းပညာကုမ္ပဏီကြီး Apple ဟာ အီလက်ထရောနစ်ထုတ်ကုန် ရောင်းအားနှေးကွေးနေတဲ့အတွက် ဝန်ဆောင်မှုတွေကို ရောင်းချနိုင်ဖို့ကြိုးစားနေပါတယ်။ Apple ဟာ သတင်းစာ ထုတ်ဝေသူတွေနဲ့ ပူးပေါင်းပြီး စာဖတ်သူတွေက လျှော့ဈေးနှုန်းထားနဲ့ paywall တွေကိုကျော်လွှားပြီး ဝင်ငွေဝေမျှဖို့အတွက် လစဉ်ကြေးပေးသွင်းရတဲ့ သတင်းဝန်ဆောင်မှုကို လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ သတင်းစာထုတ်ဝေသူ အများစုက ဝင်ငွေထက်ဝက်ခန့်ကို Apple ရယူမယ့်အစီအစဉ်ကိုတော့ မနှစ်သက်ကြဘူးလို့ Wall Street Journal ကဖော်ပြခဲ့ပါတယ်။

အဲဒီဝန်ဆောင်မှုအတွက် Apple ရဲ့ညှိနှိုင်းသူတွေက ပါဝင်တဲ့ထုတ်ဝေသူတွေဆီက အကန့်အသတ်မရှိ content တွေကို ဖတ်ရှုဖို့ တစ်လ ၁၀ ဒေါ်လာ ဈေးသက်မှတ်ဖို့ စီစဉ်နေပါတယ်။ Apple အနေနဲ့ ငွေကြေးထက်ဝက်ကို ရယူလိုတဲ့ ဆန္ဒရှိနေတယ်လို့ WSJ ရဲ့ရင်းမြစ်တွေက ပြောခဲ့ပါတယ်။ ကျန်တဲ့ ငွေကြေးတွေက သတင်းဝန်ဆောင်မှုအတွင်း သုံးစွဲသူတွေဖတ်ရှုတဲ့ ဆောင်းပါးအပေါ် အသုံးချတဲ့အချိန်အရ ထုတ်ဝေသူတွေအသီးသီးရရှိမယ်လို့ သိရပါတယ်။

ဒါကြောင့် New York Times နဲ့ Washington Post တို့က Apple ရဲ့အချက်အလက်တွေကို သဘောတူဖို့ တွန့်ဆုတ်နေတယ်လို့ WSJ ကရေးခဲ့ပါတယ်။ အဲဒီသတင်းဌာနတွေအနေနဲ့ ဝေမျှမှုအစီအစဉ်နဲ့ လစဉ်ကြေးပေးသွင်းအသုံးပြုသူရဲ့ တန်ဖိုးကြီးအချက်အလက် ဆုံးရှုံးမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

Apple အနေနဲ့ အခပေး သတင်းဝန်ဆောင်မှုမှာပါဝင်မယ့် ထုတ်ဝေသူတွေ အနည်းဆုံး ၁ နှစ် လက်မှတ်ရေးထိုးစေလိုပါတယ်။ ဒါပေမဲ့ ထုတ်ဝေသူက ကာလတို ဒါမှမဟုတ် ကာလရှည်ကြာမယ့် သဘောတူညီချက် အမျိုးမျိုးအစားစားကို ရှာဖွေနေပါတယ်။

Ref: Gizmodo