အခမဲ့ဖိုင္ေဝမွ်ႏိုင္တဲ့ Firefox Send ဝန္ေဆာင္မႈကို Mozilla ျဖန္႔ခ်ိ

[ Zawgyi ]

Mozilla ဟာ ဖုိေဝမွ်ႏိုင္တဲ့ Firefox Send ဝန္ေဆာင္မႈကို ျဖန္႔ခ်ိလုိက္ၿပီ ျဖစ္ပါတယ္။ အဲဒီ ဝန္ေဆာင္မႈကုိ အသုံးျပဳသူေတြဟာ ဖုိင္ေတြကို upload လုပ္ၿပီး အျခားသူေတြနဲ႔ URL ကုိေဝမွ်ႏိုင္ပါတယ္။

သုံးစြဲသူေတြအေနနဲ႔ တစ္ႀကိမ္တည္းနဲ႔ 1GB အထိရွိတဲ့ဖိုင္ကို upload လုပ္ႏိုင္သလို 2.5GB အထိ upload လုပ္ႏိုင္ဖို႔ဆိုရင္ Mozilla အခမဲ့ account ကုိဖန္တီးရပါမယ္။ သုံးစြဲသူက ဖုိင္ကုိ upload လုပ္လိုက္တာနဲ႔ လင့္ခ္သက္တမ္း မျပည့္ခင္ ဖိုင္ကို ဘယ္ႏွစ္ႀကိမ္ download လုပ္ႏိုင္တယ္ဆုိတဲ့ အႀကိမ္အေရအတြက္ကုိ ေရြးေပးရပါမယ္။ ဖိုင္ကို လက္ခံရရွိသူက အႀကိမ္ ၁၀၀ အထိ download လုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ သုံးစြဲသူက လင့္သက္တမ္း အလိုအေလ်ာက္ျပည့္သြားမယ္ အခ်ိန္ကာလကို ေရြးခ်ယ္ႏိုင္ပါတယ္။ သုံးစြဲသူက ၇ ရက္ အထိ ေရြးခ်ယ္ေပးႏိုင္ပါတယ္။ သုံးစြဲသူက ဖိုင္ကုိေဝမွ်တဲ့အခါ password ကုိထည့္သြင္းႏိုင္သလို လင့္ခ္နဲ႔အတူ password ကိုလည္း ေဝမွ်ေပးႏိုင္ပါတယ္။

Firefox Send ဟာ အခမဲ့ဝန္ေဆာင္မႈျဖစ္ၿပီး send.firefox.com မွာ သြားေရာက္အသုံးျပဳႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Mozilla ဟာ ဖိုဝေမျှနိုင်တဲ့ Firefox Send ဝန်ဆောင်မှုကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုကို အသုံးပြုသူတွေဟာ ဖိုင်တွေကို upload လုပ်ပြီး အခြားသူတွေနဲ့ URL ကိုဝေမျှနိုင်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ တစ်ကြိမ်တည်းနဲ့ 1GB အထိရှိတဲ့ဖိုင်ကို upload လုပ်နိုင်သလို 2.5GB အထိ upload လုပ်နိုင်ဖို့ဆိုရင် Mozilla အခမဲ့ account ကိုဖန်တီးရပါမယ်။ သုံးစွဲသူက ဖိုင်ကို upload လုပ်လိုက်တာနဲ့ လင့်ခ်သက်တမ်း မပြည့်ခင် ဖိုင်ကို ဘယ်နှစ်ကြိမ် download လုပ်နိုင်တယ်ဆိုတဲ့ အကြိမ်အရေအတွက်ကို ရွေးပေးရပါမယ်။ ဖိုင်ကို လက်ခံရရှိသူက အကြိမ် ၁၀၀ အထိ download လုပ်နိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက လင့်သက်တမ်း အလိုအလျောက်ပြည့်သွားမယ် အချိန်ကာလကို ရွေးချယ်နိုင်ပါတယ်။ သုံးစွဲသူက ရ ရက် အထိ ရွေးချယ်ပေးနိုင်ပါတယ်။ သုံးစွဲသူက ဖိုင်ကိုဝေမျှတဲ့အခါ password ကိုထည့်သွင်းနိုင်သလို လင့်ခ်နဲ့အတူ password ကိုလည်း ဝေမျှပေးနိုင်ပါတယ်။

Firefox Send ဟာ အခမဲ့ဝန်ဆောင်မှုဖြစ်ပြီး send.firefox.com မှာ သွားရောက်အသုံးပြုနိုင်ပါတယ်။

Ref: GSMArena