ဟယ္ရီေပၚတာ ဇာတ္ကားထဲကအတိုင္း အလုိအေလ်ာက္ ေရြ႕လ်ားႏိုင္တဲ့ Square Off စစ္တုရင္ဘုတ္

[ Zawgyi ]

Square Off Grand Kingdom စစ္တုရင္ဘုတ္ဟာ CES 2019 မွာျပသခဲ့တဲ့ နည္းပညာထုတ္ကုန္ေတြထဲက စိတ္ဝင္စားစရာ အေကာင္းဆုံး တစ္ခုျဖစ္ပါတယ္။ အဲဒီ စစ္တုရင္ဘုတ္မွာ ခက္ခဲတဲ့ အဆင့္ ၂၀ နဲ႔ ကုိယ္ပိုင္ artificial intelligence ပါဝင္လာပါတယ္။ ဒါ့အျပင္ အျခား လူသားၿပိဳင္ဘက္နဲ႔ ခ်ိတ္ဆက္ၿပီး app ဒါမွမဟုတ္ အြန္လိုင္းကေနတစ္ဆင့္ စစ္တုရင္ထိုးႏိုင္ပါတယ္။

အျခားစစ္တုရင္ကစားသူက ဝက္ဘ္ဆိုက္ကေန စစ္တုရင္အ႐ုပ္ေတြေရႊ႕ႏိုင္ၿပီး ခင္ဗ်ားကိုယ္တုိင္ကေတာ့ SquarOff စစ္တုရင္ဘုတ္ကေန ကစားႏိုင္ပါတယ္။ SquareOff ရဲ႕ စစ္တုရင္ဘုတ္က အေဝးတစ္ေနရာမွာ ေရာက္ေနတဲ့ မိသားစုဝင္ေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္ပါတယ္။ ခႏၶာကုိယ္မသန္စြမ္းသူေတြအေနနဲ႔ စမတ္ဖုန္း touchscreen ကုိအသုံးျပဳၿပီး စစ္တုရင္ဘုတ္ေပၚမွာ ပါဝင္ကစားႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

SquareOff ရဲ႕စစ္တုရင္အ႐ုပ္ေတြရဲ႕ ေအာက္ေျခမွာ သံလိုက္နဲ႔အတူ စက္႐ုပ္လက္ေတြ ထည့္သြင္းထားပါတယ္။ စစ္တုရင္ထုိးခ်င္ရင္ေတာ့ ကစားသူက အ႐ုပ္တစ္ခုစီကို ဖိၿပီး ေရႊ႕ရမွာ ျဖစ္ပါတယ္။

Square Off ရဲ႕ Kingdom set ကေတာ့ ၃၆၉ ေဒၚလာ က်သင့္မွာျဖစ္ၿပီး ပိုမိုႀကီးမားတဲ့ ေထာင့္မွန္စတုဂံပုံစံ Grand Kingdom set ကေတာ့ ၄၄၅ ေဒၚလာက်သင့္မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: CNET

[ Unicode ]

Square Off Grand Kingdom စစ်တုရင်ဘုတ်ဟာ CES 2019 မှာပြသခဲ့တဲ့ နည်းပညာထုတ်ကုန်တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံး တစ်ခုဖြစ်ပါတယ်။ အဲဒီ စစ်တုရင်ဘုတ်မှာ ခက်ခဲတဲ့ အဆင့် ၂၀ နဲ့ ကိုယ်ပိုင် artificial intelligence ပါဝင်လာပါတယ်။ ဒါ့အပြင် အခြား လူသားပြိုင်ဘက်နဲ့ ချိတ်ဆက်ပြီး app ဒါမှမဟုတ် အွန်လိုင်းကနေတစ်ဆင့် စစ်တုရင်ထိုးနိုင်ပါတယ်။

အခြားစစ်တုရင်ကစားသူက ဝက်ဘ်ဆိုက်ကနေ စစ်တုရင်အရုပ်တွေရွှေ့နိုင်ပြီး ခင်ဗျားကိုယ်တိုင်ကတော့ SquarOff စစ်တုရင်ဘုတ်ကနေ ကစားနိုင်ပါတယ်။ SquareOff ရဲ့ စစ်တုရင်ဘုတ်က အဝေးတစ်နေရာမှာ ရောက်နေတဲ့ မိသားစုဝင်တွေနဲ့ ချိတ်ဆက်ကစားနိုင်ပါတယ်။ ခန္ဓာကိုယ်မသန်စွမ်းသူတွေအနေနဲ့ စမတ်ဖုန်း touchscreen ကိုအသုံးပြုပြီး စစ်တုရင်ဘုတ်ပေါ်မှာ ပါဝင်ကစားနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

SquareOff ရဲ့စစ်တုရင်အရုပ်တွေရဲ့ အောက်ခြေမှာ သံလိုက်နဲ့အတူ စက်ရုပ်လက်တွေ ထည့်သွင်းထားပါတယ်။ စစ်တုရင်ထိုးချင်ရင်တော့ ကစားသူက အရုပ်တစ်ခုစီကို ဖိပြီး ရွှေ့ရမှာ ဖြစ်ပါတယ်။

Square Off ရဲ့ Kingdom set ကတော့ ၃၆၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ပိုမိုကြီးမားတဲ့ ထောင့်မှန်စတုဂံပုံစံ Grand Kingdom set ကတော့ ၄၄၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

Ref: CNET