September 21, 2018

သံသယျဖစ္ဖြယ္ account ေတြကို ေရြးထုတ္ခြဲျခားေပးမယ့္ Messenger feature တစ္ခု Facebook စမ္းသပ္ေန

[Zawgyi]

Facebook ဟာ မလိုလားအပ္တဲ့ direct message ေတြကို ေပးပို႔လာတဲ့ သံသယျဖစ္ဖြယ္ account ေတြကို ေရြးထုတ္ခြဲျခားေပးႏိုင္မယ့္ feature သစ္တစ္ခုကို Messenger အတြက္ စမ္းသပ္ေနပါတယ္။

အဲ့ဒီ feature ဟာ message ေပးပို႔လာသူရဲ႕ account ဇာတိကို ဖုန္းနံပါတ္နဲ႔အတူ ေဖာ္ျပေပးမွာျဖစ္သလို account ကို မၾကာေသးခင္က ဖန္တီးထားျခင္း ရိွ၊ မရိွကိုလည္း သံုးစြဲသူသိရိွေအာင္ ေဖာ္ျပေပးမွာျဖစ္ပါတယ္။
ဒီ feature သစ္ကို Motherboard က ပထမဆံုးေတြ႕ရိွခဲ့တာျဖစ္ၿပီး multimedia artist ျဖစ္သူ Eric Gallagher စမ္းသပ္ထားတဲ့ screenshot တစ္ခုကိုလည္း ရရိွခဲ့ပါတယ္။

အဆိုပါ feature စမ္းသပ္ေနတဲ့အေၾကာင္းကိုလည္း Facebook က Motherboard ထံ အတည္ျပဳခဲ့ၿပီး လက္ရိွမွာ အေသးစားစမ္းသပ္မႈတစ္ရပ္ ျပဳလုပ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဒီ feature ကို account အတုေတြကေနေပးပို႔တဲ့ message ေတြနဲ႔ scam ေတြကို တိုက္ဖ်က္ဖို႔အတြက္ ရည္ရြယ္ထားတာျဖစ္တယ္လို႔ သိရပါတယ္။

Ref: TheVerge

-ေနာင္ေနာင္

[Unicode]

Facebook ဟာ မလိုလားအပ်တဲ့ direct message တွေကို ပေးပို့လာတဲ့ သံသယဖြစ်ဖွယ် account တွေကို ရွေးထုတ်ခွဲခြားပေးနိုင်မယ့် feature သစ်တစ်ခုကို Messenger အတွက် စမ်းသပ်နေပါတယ်။

အဲ့ဒီ feature ဟာ message ပေးပို့လာသူရဲ့ account ဇာတိကို ဖုန်းနံပါတ်နဲ့အတူ ဖော်ပြပေးမှာဖြစ်သလို account ကို မကြာသေးခင်က ဖန်တီးထားခြင်း ရှိ၊ မရှိကိုလည်း သုံးစွဲသူသိရှိအောင် ဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီ feature သစ်ကို Motherboard က ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး multimedia artist ဖြစ်သူ Eric Gallagher စမ်းသပ်ထားတဲ့ screenshot တစ်ခုကိုလည်း ရရှိခဲ့ပါတယ်။

အဆိုပါ feature စမ်းသပ်နေတဲ့အကြောင်းကိုလည်း Facebook က Motherboard ထံ အတည်ပြုခဲ့ပြီး လက်ရှိမှာ အသေးစားစမ်းသပ်မှုတစ်ရပ် ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီ feature ကို account အတုတွေကနေပေးပို့တဲ့ message တွေနဲ့ scam တွေကို တိုက်ဖျက်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: TheVerge

-နောင်နောင်