သုံးစြဲသူ ဆႏၵမပါဘဲ အျပဳအမူေတြကုိ မွတ္တမ္းတင္ေနတဲ့ iPhone app ေတြကို ဖယ္ရွားမယ္လို႔ Apple ေျပာၾကား

[ Zawgyi ]

သုံးစြဲသူရဲ႕ ဆႏၵမပါဘဲ အျပဳအမူေတြကုိ မွတ္တမ္းတင္ေနတဲ့ app ေတြကို App Store ကေနဖယ္ရွားပစ္မယ္လို႔ Apple ကေျပာခဲ့ပါတယ္။

Expedia, Air Canada နဲ႔ Hollister က iPhone app ေတြမွာ သုံးစြဲသူရဲ႕ အျပဳအမူေတြျဖစ္တဲ့ screen tap ေတြနဲ႔ swipe ေတြကုိ မွတ္တမ္းတင္ထားတဲ့ session replay အမည္ရ software အသုံးျပဳထားတယ္လို႔ ဒီတစ္ပတ္ အေစာပုိင္းအတြင္း TechCrunch ကေဖာ္ျပထားပါတယ္။ အဲဒီ application ေတြက app အတြင္း အျပဳအမူေတြ မွတ္တမ္းတင္တာကို သုံးစြဲသူေတြအေပၚ အသိမေပးခဲ့ဘူးလို႔ သိရပါတယ္။

Developer ေတြအေနနဲ႔ သုံးစြဲသူေတြရဲ႕ အျပဳအမူေတြကုိ မွတ္တမ္းတင္မယ္ဆိုရင္ အသိေပးဖို႔ လိုတယ္လို႔ Apple ကေျပာခဲ့ပါတယ္။

“သုံးစြဲသူေတြရဲ႕ တစ္ကုိယ္ေရ အခ်က္အလက္ကာကြယ္မႈဟာ Apple ေဂဟစနစ္အတြင္းက ထိပ္တန္းအရာတစ္ခုျဖစ္တယ္” လို႔ Apple ကေျပာၾကားသြားခဲ့ပါတယ္။

စိုးထက္
Ref: CNBC

[ Unicode ]

သုံးစွဲသူရဲ့ ဆန္ဒမပါဘဲ အပြုအမူတွေကို မှတ်တမ်းတင်နေတဲ့ app တွေကို App Store ကနေဖယ်ရှားပစ်မယ်လို့ Apple ကပြောခဲ့ပါတယ်။

Expedia, Air Canada နဲ့ Hollister က iPhone app တွေမှာ သုံးစွဲသူရဲ့ အပြုအမူတွေဖြစ်တဲ့ screen tap တွေနဲ့ swipe တွေကို မှတ်တမ်းတင်ထားတဲ့ session replay အမည်ရ software အသုံးပြုထားတယ်လို့ ဒီတစ်ပတ် အစောပိုင်းအတွင်း TechCrunch ကဖော်ပြထားပါတယ်။ အဲဒီ application တွေက app အတွင်း အပြုအမူတွေ မှတ်တမ်းတင်တာကို သုံးစွဲသူတွေအပေါ် အသိမပေးခဲ့ဘူးလို့ သိရပါတယ်။

Developer တွေအနေနဲ့ သုံးစွဲသူတွေရဲ့ အပြုအမူတွေကို မှတ်တမ်းတင်မယ်ဆိုရင် အသိပေးဖို့ လိုတယ်လို့ Apple ကပြောခဲ့ပါတယ်။

“သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေ အချက်အလက်ကာကွယ်မှုဟာ Apple ဂေဟစနစ်အတွင်းက ထိပ်တန်းအရာတစ်ခုဖြစ်တယ်” လို့ Apple ကပြောကြားသွားခဲ့ပါတယ်။

Ref: CNBC