သုံးစြဲသူေတြ message ေပးပုိ႔ၿပီး ၁၀ မိနစ္အတြင္း ဖ်က္ပစ္ႏိုင္တဲ့ feature ကုိ Facebook ထည့္သြင္း

[ Zawgyi ]

Facebook မွာ သုံးစြဲသူေတြက message ေပးပုိ႔ၿပီးေနာက္ ဖ်က္ပစ္ႏိုင္တဲ့ feature ကို စတင္ျဖန္႔ခ်ိလိုက္ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ သုံးစြဲသူက message ေတြကုိ လူမွားၿပီးပုိ႔မိတာ ဒါမွမဟုတ္ မွားယြင္းတဲ့ စာ႐ိုက္တာေတြကို Messenger ကေန ဖယ္ရွားႏိုင္မွာ ျဖစ္ပါတယ္။

Facebook Messenger မွာပုိ႔ၿပီးသား message ကို ၁၀ မိနစ္အတြင္း ဖ်က္ႏိုင္ဖို႔ tap လုပ္ရပါမယ္။ အဲဒီအခါက်ရင္ Remove for Everyone နဲ႔ Remove for You ဆိုၿပီး option ၂ ခုေပၚလာမွာ ျဖစ္ပါတယ္။ Remove for Everyone ကုိေရြးခ်ယ္လိုက္ရင္ ပုိ႔ၿပီးသား စာသားေနရာမွာ the message has been removed by you ဆုိတဲ့စာသား အစားထိုးသြားမွာ ျဖစ္ပါတယ္။

Facebook အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘတ္ဟာ သူပုိ႔ထားတဲ့ message ေတြဖ်က္ႏိုင္တယ္ဆိုတာ ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလအတြင္း လူေတြသိရွိသြားပါတယ္။ အဲဒီေနာက္မွာ သာမန္သုံးစြဲသူေတြက အဲဒီ feature ထည့္သြင္းေပးဖို႔ Facebook ဆီေတာင္းဆိုခဲ့ပါတယ္။ အဲဒီအခ်ိန္မွာပဲ Facebook ဟာ သုံးစြဲသူေတြအားလုံး “unsend” feature တစ္ခုကုိ တည္ေဆာက္ေနၿပီး လာမယ့္လအနည္းငယ္မွာ ျဖန္႔ခ်ိမယ္လို႔ ေၾကညာခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook မှာ သုံးစွဲသူတွေက message ပေးပို့ပြီးနောက် ဖျက်ပစ်နိုင်တဲ့ feature ကို စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူက message တွေကို လူမှားပြီးပို့မိတာ ဒါမှမဟုတ် မှားယွင်းတဲ့ စာရိုက်တာတွေကို Messenger ကနေ ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

Facebook Messenger မှာပို့ပြီးသား message ကို ၁၀ မိနစ်အတွင်း ဖျက်နိုင်ဖို့ tap လုပ်ရပါမယ်။ အဲဒီအခါကျရင် Remove for Everyone နဲ့ Remove for You ဆိုပြီး option ၂ ခုပေါ်လာမှာ ဖြစ်ပါတယ်။ Remove for Everyone ကိုရွေးချယ်လိုက်ရင် ပို့ပြီးသား စာသားနေရာမှာ the message has been removed by you ဆိုတဲ့စာသား အစားထိုးသွားမှာ ဖြစ်ပါတယ်။

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ဟာ သူပို့ထားတဲ့ message တွေဖျက်နိုင်တယ်ဆိုတာ ပြီးခဲ့တဲ့နှစ် ဧပြီလအတွင်း လူတွေသိရှိသွားပါတယ်။ အဲဒီနောက်မှာ သာမန်သုံးစွဲသူတွေက အဲဒီ feature ထည့်သွင်းပေးဖို့ Facebook ဆီတောင်းဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Facebook ဟာ သုံးစွဲသူတွေအားလုံး “unsend” feature တစ်ခုကို တည်ဆောက်နေပြီး လာမယ့်လအနည်းငယ်မှာ ဖြန့်ချိမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: TheVerge