သတ္တမမျိုးဆက် ပရိုဆက်ဆာပါဝင်ပြီး ဒေါ်လာ ၇၀၀ နဲ့ရောင်းချမယ့် Asus Vivobook S S510

သတ္တမမျိုးဆက် Intel Core i7 processor ပါဝင်ပြီး Windows 10 သုံးထားတဲ့ VivoBook S S510 ကို Asus က မိတ်ဆက်လိုက်ပါတယ်။

ဒီ laptop သစ်ရဲ့ဒီဇိုင်းဟာ MacBook Air နဲ့ အလွန်တူညီပြီး အလေးချိန် ၃.၃ ပေါင်သာရှိပါတယ်။ Bezel အထူက ၇.၈ မီလီမီတာပဲ ရှိပါတယ်။

၁၅.၆ လက်မ Full HD 1920 x 1280 display ကို အသုံးပြုထားပြီး မော်ဒယ်အပေါ်မူတည်ကာ Intel Core i7-7500U ဒါမှမဟုတ် i7-7200U processor နဲ့ ရရှိနိုင်ပါတယ်။ RAM က 8GB ပါ။ USB-C, USB Type-A, USB 2.0, HDMI နဲ့ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ သိုလှောင်မှုပမာဏကို 1TB အထိ ရရှိနိုင်ပါတယ်။ Windows 10 Home နဲ့ အသုံးပြုနိုင်ပြီး SD card reader ကို ထောက်ပံ့ပေးထားပါတယ်။

တန်ဖိုးက ၆၉၉ ဒေါ်လာဖြစ်ပြီး Asus အွန်လိုင်းစတိုးအပြင် ABT, B&H, Computer Upgrade King နဲ့ Newegg တို့ကနေတစ်ဆင့် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge