သတိျပဳဖြယ္ အေပ်ာ္တမ္းေမာင္းသူမဲ့ဒ႐ုန္းမ်ားျဖင့္ အုပ္စုဖြဲ႕တိုက္ခိုက္ႏိုင္သည့္အႏၲရာယ္

[ Zawgyi ]

၂၀၁၅ ခုႏွစ္က ကမ႓ာလံုးဆုိင္ရာ ေမာင္းသူမဲ့ေလယာဥ္ ေစ်းကြက္တန္ဖိုးသည္ အေမရိကန္ေဒၚလာ ၅.၉၃ ဘီလီယံရွိခဲ့ၿပီး ႏွစ္စဥ္တန္ဖိုး တိုးတက္လာမႈ ခန္႔မွန္းေလ့လာခ်က္အရ ၂၀၂၀ ျပည့္ႏွစ္အေရာက္တြင္မူ ၂၂.၁၅ ဘီလီယံအထိ တိုးတက္လာမည္ျဖစ္သည္ဟု ကိန္းဂဏန္းမ်ားက ၫႊန္ျပေနပါသည္။ ေမာင္းသူမဲ့ေလယာဥ္မ်ား ဝယ္ယူအသံုးခ်မႈ က႑တြင္ စစ္ဘက္ဆုိင္ရာ ေမာင္းသူမ့ဲ ေလယာဥ္ေစ်းကြက္သည္ က႑ခြဲတစ္ခု ျဖစ္ေသာ္လည္း ၎သည္လည္း ေမွ်ာ္လင့္ထားသည္ထက္ တျဖည္းျဖည္း ပိုမိုႀကီးမားက်ယ္ျပန္႔လာလ်က္ ရွိပါသည္။ ေမာင္းသူမ့ဲ ေလယာဥ္စနစ္မ်ားႏွင့္ ပတ္သက္၍ အရပ္ဘက္စစ္ဘက္မ်ား၌ က႑ေပါင္းစံုတြင္ အသံုးျပဳေနၾကၿပီျဖစ္သည္ကို သိရွိၿပီးျဖစ္သည့္အတြက္ အထူးေရးသား ေဖာ္ျပျခင္းေတာ့ မျပဳခ်င္ေတာ့ေပ။ ေမာင္းသူမဲ့ ေလယာဥ္ စနစ္မ်ားကို အဆင့္ျမင့္ နည္းပညာမ်ား ေပါင္းစပ္ျခင္းျဖင့္ ရည္မွန္းခ်က္ေပါင္း ေျမာက္ျမားစြာကို ေအာင္ျမင္စြာျဖင့္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ ေနခဲ့ၾကၿပီျဖစ္ေသာ္လည္း ၎တို႔၏ေနာက္ကြယ္တြင္ ဆိုးက်ိဳးမ်ားလည္း ကပ္ပါလာႏုိင္သည္ကို (အထူးသျဖင့္ စစ္ဘက္
ဆိုင္ရာတြင္) သတိျပဳမိလာခဲ့ၾကၿပီ ျဖစ္သည္။

၎အေၾကာင္းအရာႏွင့္ ပတ္သက္၍ ပထမဆံုးသတိျပဳမိသည္မွာ အီရတ္ႏွင့္ဆီးရီးယား နယ္ေျမမ်ားတြင္ အစၥလာမ္မစ္စစ္ေသြးႂကြ အုပ္စုျဖစ္သည့္ ISIS အဖြဲ႕အေနျဖင့္ ေမာင္းသူမဲ့ ေလယာဥ္မ်ားကို အသံုးျပဳကာ အေမရိကန္ႏွင့္ ၎တို႔၏ မဟာမိတ္စခန္းမ်ားကို ဗံုးခြဲတိုက္ခုိက္ျခင္း နည္းလမ္းကို အသံုးျပဳလာခဲ့ၾကျခင္းပင္ ျဖစ္သည္။ ထို႔ေနာက္ပိုင္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ
လတြင္မူ ႐ုရွားတို႔၏ Khmeimim ေလတပ္အေျခစိုက္စခန္းႏွင့္ Tartus ေရတပ္အေဆာက္အဦမ်ားကို ဗံုးမ်ားတပ္ဆင္ထားသည့္ ျပည္တြင္း ထုတ္ေမာင္းသူမဲ့ ေလယာဥ္အုပ္စုႏွင့္ တိုက္ခိုက္ခံခဲ့ရျခင္းပင္ျဖစ္သည္။ ဇန္နဝါရီ ၅ ရက္ႏွင့္ ၆ ရက္ညမ်ားတြင္ ႐ုရွားေလေၾကာင္းရန္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားအေနျဖင့္ ၎တို႔၏စစ္အေျခစိုက္စခန္းသို႔ ေမာင္းသူမဲ့ေလယာဥ္ ၁၃ စင္း ခန္႔ခ်ဥ္းကပ္လာခဲ့ၿပီး ၁၀ စင္းမွာ Khmeimim ႏွင့္ က်န္သည့္ ၃ စင္းမွာ Tartus ေနရာသို႔ ခ်ဥ္းကပ္လာခဲ့ျခင္းျဖစ္သည္ကို ေတြ႕ရွိခဲ့ၾကေပသည္။

၁၃ စင္းအနက္ ၆ စင္းကို အီလက္ထေရာနစ္ စစ္ဆင္ေရးတပ္ဖြဲ႕မ်ားမွ ၾကားျဖတ္တိုက္ခုိက္ႏိုင္ခဲ့ၾကၿပီး က်န္သည့္ ၇ စင္းမွာမူ Pantsir-S ေလယာဥ္ပစ္ ဒံုးပ်ံစနစ္ျဖင့္ ဖ်က္ဆီးႏိုင္ခဲ့သည္ဟု ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာခဲ့သည္။ အဆုိပါ ဒံုးပ်ံစနစ္မ်ားသည္ ၈ ဘီးယက္ယာဥ္ေပၚတြင္ တပ္ဆင္တည္ေဆာက္ထားသည့္ ဒံုးပ်ံစနစ္မ်ားျဖစ္ၿပီး တိုက္ေလယာဥ္၊ ရဟတ္ယာဥ္၊ တိက်ခဲယမ္းလက္နက္၊ ခ႐ုဇ္ဒံုးပ်ံ၊ ေမာင္းသူမဲ့ေလယာဥ္မ်ားကို ကာကြယ္ႏုိင္သည့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ျဖစ္ၿပီး အထူးသျဖင့္ အနိမ့္ပ်ံေလေၾကာင္း စနစ္မ်ားအတြက္ သင့္ေတာ္မႈရွိေသာ ကာကြယ္ေရးစနစ္တစ္ခု ျဖစ္သည္။

အဆိုပါတိုက္ခုိက္မႈအတြင္း တစ္စံုတစ္ရာမွ် ထိခုိက္မႈ မရွိခဲ့ေသာ္လည္း ၎တိုက္ခုိက္မႈသည္ ဒ႐ုန္းမ်ားျဖင့္ ပထမဆံုးတိုက္ခုိက္မႈအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီျဖစ္သည္။ ၎ဒ႐ုန္းအုပ္စုမ်ားကို အကြာအေဝး ၅၀ ကီလိုမီတာမွ ေခတ္မီဂ်ီပီအက္စ္စနစ္ အသံုးျပဳကာ ေစလႊတ္တိုက္ခိုက္ခဲ့ျခင္းလည္း ျဖစ္သည္။ မည္သူက ပစ္လႊတ္လိုက္သည္ဟု အတိအက်သိရွိျခင္း မရွိေသာ္လည္း Idlib အေနာက္ေတာင္ပိုင္းေဒသရွိ တူရကီလက္နက္ကိုင္ တပ္ဖြဲ႕ သို႔မဟုတ္ အျခားေသာ လက္နက္ကိုင္ေသာင္းက်န္းသူမ်ားမွ ေစလႊတ္လိုက္သည္ဟု ယူဆထားၾကသည္။ တိုက္ဆိုင္မႈအေနျဖင့္ ၎ညတိုက္ခုိက္ခံရမႈ ျဖစ္ေနစဥ္အတြင္း အေမရိကန္တို႔၏ Poseidon စံုစမ္းေထာက္လွမ္းေရး ေလယာဥ္အေနျဖင့္ ကင္းလွည့္ေနသည္ကို ေတြ႕ရွိခဲ့ၾကေပသည္။ ထို႔အျပင္ ႐ုရွားတို႔ဘက္မွလည္း ထိုကဲ့သို႔ေသာ တုိက္ခုိက္ျခင္းတြင္ ႏုိင္ငံျခားမွ အဆင့္ျမင့္နည္းပညာမ်ား လိုအပ္သလို ေပါက္ကြဲေစတတ္သည့္ ပစၥည္းမ်ားတြင္လည္း ႏိုင္ငံျခား ထုတ္ေဖာက္ခြဲေရးစနက္ တံမ်ားကို ေတြ႕ရွိခဲ့ၾကေပသည္။ သို႔ေသာ္လည္း အေမရိကန္အေနျဖင့္ မည္သည့္ပါဝင္မႈမွ မရွိေၾကာင္း ထုတ္ျပန္ေျပာဆိုခဲ့သည္။

ေမာင္းသူမဲ့ေလယာဥ္စနစ္ အုပ္စုမ်ားျဖင့္ တုိက္ခုိက္ခံရမႈမ်ား ျပဳလုပ္ခံေနရစဥ္အတြင္း အျခားေသာ တစ္ဘက္တြင္လည္း စံုစမ္းေထာက္လွမ္းမႈ မျပဳလုပ္ႏိုင္သည့္ Ultrasonic ဒ႐ုန္းမ်ားကို တီထြင္ႏိုင္ခဲ့သည့္ သတင္းမ်ားလည္း ထြက္ေပၚလာခဲ့ျပန္ၿပီျဖစ္သည္။ ထိုမွ်သာမက တ႐ုတ္ႏိုင္ငံသည္လည္း ေျမာက္ျမားလွစြာေသာ ဒ႐ုန္းထုတ္လုပ္သည့္ စက္႐ံုမ်ားစြာကို တည္ေထာင္လ်က္ရွိေၾကာင္းႏွင့္ ၎တို႔ႏိုင္ငံ၏ ဒ႐ုန္းေစ်းကြက္သည္ ႏွစ္စဥ္ ၄၀ ရာခိုင္ႏႈန္းခန္႔ တိုးတက္လ်က္ရွိၿပီး ၂၀၂၀ ျပည့္ႏွစ္အေရာက္တြင္မူ ၉.၁၃ ဘီလီယံထိ တန္ေၾကးရွိလာမည္ ျဖစ္သည္ဟု ခန္႔မွန္းထားၾကပါသည္။ ယခုကဲ့သို႔ ဒ႐ုန္းမ်ား၏ေစ်းကြက္ကို ခန္႔မွန္းတြက္ခ်က္ေနၾက ရျခင္းမွာလည္း အက်ိဳးအေၾကာင္းရွိေပသည္။ အဘယ္ေၾကာင့္ဆိုေသာ္ နည္းပညာ လိုအပ္ခ်က္ နည္းပါးျခင္းႏွင့္ နည္းပညာက်ယ္ျပန္႔ေရာက္ရွိမႈႏႈန္း ျမင့္မားျခင္းသည္ သာမန္သင့္ေတာ္သည့္ ေငြေၾကးျဖင့္ စြမ္းေဆာင္ရည္ေကာင္းမြန္သည့္ ဒ႐ုန္းမ်ားကို ထုတ္လုပ္ေရာင္းခ်ႏိုင္သလို ဝယ္ယူအသံုးျပဳ သူမ်ားအတြက္လည္း ေစ်းႏႈန္းသက္သာစြာျဖင့္ အသံုးခ်လာႏုိင္ခဲ့ျခင္းေၾကာင့္ပင္ျဖစ္သည္။

၎တို႔၏ေနာက္ဆက္တြဲ အက်ိဳးဆက္သည္ ေမာင္းသူမဲ့ ေလယာဥ္အုပ္စုမ်ားျဖင့္ မိမိတို႔အလိုရွိေသာ ေဆာင္ရြက္ခ်က္မ်ားကို အေကာင္အထည္ေဖာ္ျခင္းအား ေဆာင္ရြက္လာေနခဲ့ျခင္း ျဖစ္သည္။ တ႐ုတ္ႏုိင္ငံသည္ ေမာင္းသူမဲ့ဒ႐ုန္း တင္ပို႔ေရာင္းခ်မႈႏွင့္ ပတ္သက္၍ တစ္ေန႔လွ်င္ အစင္းေရ ၁၀၀၀ နီးပါးခန္႔ရွိၿပီး အထူးသျဖင့္ အၾကမ္းဖက္မႈ ေဆာင္ရြက္သည့္ ႏိုင္ငံမ်ားသို႔ တင္ပို႔မႈ မ်ားျပားေနျခင္းပင္ ျဖစ္သည္။ တစ္ဆက္တည္းဆိုသလို တ႐ုတ္တို႔၏ ေမာင္းသူမဲ့ေလယာဥ္စနစ္မ်ားျဖစ္သည့္ ေလဆာ ပဲ့ထိန္းဒံုးပ်ံစနစ္၊ သို႔မဟုတ္ ဗံုးတပ္ဆင္ထားသည့္ CH-3 UCAV မ်ားကို ၂၀၁၆ ခုႏွစ္က ပါကစၥတန္သို႔ ေရာင္းခ်ရန္ ကမ္းလွမ္းခဲ့ဖူးသလို ၂၀၁၇ ခုႏွစ္အတြင္း ေဝဟင္မွေျမျပင္ပစ္ ဒံုးပ်ံ ၁၆ စင္းသယ္ေဆာင္ႏုိင္သည့္ CH-5 UCAV အမ်ိဳးအစားမ်ားကို ပါကစၥတန္တို႔၏ ေလဆိပ္တြင္ေတြ႕ရွိခဲ့ၾကသည္ဟု ဓာတ္ပံုမ်ားထြက္ေပၚလာခဲ့ပါေသးသည္။ မၾကာေသးမီ လမ်ားအတြင္းကလည္း အီရန္ႏိုင္ငံအေနျဖင့္ ေမာင္းသူမဲ့အေသခံ ဗံုးခြဲေလယာဥ္မ်ားကို အေျမာက္အျမားထုတ္ လုပ္ေနသည္ဟု တရားဝင္သတင္း ထုတ္ျပန္ေၾကညာခဲ့ေသးရာ ေမာင္းသူမဲ့ေလယာဥ္စနစ္မ်ားကို စစ္ဘက္ဆိုင္ရာတြင္ အသံုးခ်မႈသည္ နည္းလမ္းတစ္ခုအျဖစ္ သီးသန္႔ကြဲထြက္လာခဲ့ ျပန္ေပသည္။

အရပ္ဘက္သုေတသန အဖြဲ႕အစည္းတစ္ခုမွ ျပဳလုပ္ျပသခဲ့သည့္ ဗီဒီယိုဖိုင္တြင္လည္း ဒ႐ုန္းအုပ္စုမ်ားတြင္ မ်က္ႏွာျပင္ တိုက္ဆိုင္စစ္ေဆးသည့္ စနစ္မ်ားကို ထည့္သြင္းကာ ပစ္မွတ္ေသခ်ာေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ အသက္ေသသည္အထိ စြမ္းေဆာင္တိုက္ခုိက္ႏုိင္သည့္ လက္ဖဝါးအရြယ္ဒ႐ုန္း အုပ္စုစနစ္မ်ား၏ အႏၲရာယ္ကိုလည္း ထုတ္ေဖာ္ျပသခဲ့ရာ လူထုအၾကားႏွင့္ ပညာရွင္မ်ားအၾကား စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္ခဲ့ရျပန္ ေပသည္။

ႏိုင္ငံတကာမွ စိုးရိမ္စိတ္မ်ား ျမင့္တက္ေနသည့္နည္းတူ စစ္ဘက္ဆုိင္ရာတြင္ နည္းပညာအင္အားႀကီး တပ္မေတာ္ျဖစ္သည့္ အေမရိကန္တပ္မေတာ္သည္လည္း ဒ႐ုန္းမ်ားျဖင့္ အုပ္စုဖြဲ႕တိုက္ခိုက္မႈအေပၚ စိုးရိမ္ထိတ္လန္႔ ေနခဲ့ရၿပီ ျဖစ္ပါသည္။ ထုိ႔အတြက္ေၾကာင့္ အေမရိကန္ၾကည္းတပ္နွင့္ ကာကြယ္ေရး ဝန္ႀကီးဌာနအေနျဖင့္ အဆိုပါ ေမာင္းသူမဲ့ေလယာဥ္တစ္
စီးခ်င္းျဖင့္ တိုက္ခိုက္မႈမ်ားကို ေျဖရွင္းရန္အတြက္ နည္းစနစ္မ်ားကို တီထြင္ေဆာင္ရြက္ျခင္း၊ ရန္ပံုေငြေထာက္ပံ့ျခင္းျဖင့္ နည္းလမ္းရွာေဖြေနသလို ေမာင္းသူမဲ့ ေလယာဥ္အုပ္စုမ်ားျဖင့္ တိုက္ခိုက္ျခင္းမ်ားကို ေျဖရွင္းရန္အတြက္လည္း ႀကိဳတင္ေမွ်ာ္မွန္းကာ ေဆာင္ရြက္ထားရိွရမည္ ျဖစ္သည္ဟု သိပၸံ၊ အင္ဂ်င္နီယာ၊ ေဆးဘက္ဆိုင္ရာ အမ်ိဳးသားအကယ္ဒမီမွ ပညာရွင္မ်ား အုပ္စုမွအစီရင္ခံခဲ့ပါသည္။

အေပ်ာ္တမ္းေမာင္းသူမဲ့ ေလယာဥ္မ်ားသည္ ဝယ္ယူရလြယ္ကူသည့္အျပင္ ၎တို႔၏စြမ္းေဆာင္ႏိုင္မႈမ်ားသည္ သိသာစြာတိုးတက္လာၿပီး တန္ဖိုးအားျဖင့္လည္း သက္သာေသာေၾကာင့္ ယေန႔အခိ်န္အခါတြင္ ကမၻာအႏွ႔ံမွ သန္းေပါင္းမ်ားစြာေသာ အသံုးျပဳသူမ်ားအေနျဖင့္ ဝယ္ယူအသံုးျပဳလ်က္ ရိွေနၾကၿပီျဖစ္သလို ထိုသို႔စြမ္းေဆာင္လာႏိုင္ျခင္းသည္ အေမရိကန္ၾကည္းတပ္ရိွ တိုက္ခိုက္ ေရးစစ္သည္မ်ားအေပၚ ၿခိမ္းေျခာက္မႈတစ္ရပ္ကို ျဖစ္ေစႏိုင္သည္ဟု ေကာ္မတီေခါင္းေဆာင္ျဖစ္သူ Albert Sciarretta က ေထာက္ျပေျပာဆိုထားေပသည္။

အဆင့္ျမႇင့္တင္ထားသည့္ အေပ်ာ္တမ္းေမာင္းသူမဲ့ ေလယာဥ္မ်ားသည္ သမား႐ိုးက်ျဖစ္ေစ၊ သမား႐ုိးက်မဟုတ္သည္ျဖစ္ေစ တိုက္ခိုက္မႈအတြက္ အေထာက္အပံ့ ျပဳႏိုင္ေပသည္။ ဥပမာအေနျဖင့္ စစ္ဆင္ေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ား ေထာက္ပံ့ေပးႏိုင္ျခင္း၊ ဆက္သြယ္မႈဆိုင္ရာ ေရဒီယိုလိႈင္းေႏွာင့္ယွက္မႈမ်ားကိုလည္း ေဆာင္ရြက္နိုင္စြမ္းရိွမည္ ျဖစ္သလုိ တိုက္ခိုက္ႏုိင္စြမ္းလည္း ရွိမည္ျဖစ္သည္။ ထိုသို႔စြမ္းေဆာင္ႏိုင္စြမ္းရိွသည့္ ေမာင္းသူမဲ့ေလယာဥ္မ်ား အုပ္စုလိုက္ဆိုပါက ၿခိမ္းေျခာက္ႏိုင္စြမ္းသည္လည္း ပိုမိုလာမည္ျဖစ္ရာ ယေန႔အခ်ိန္အထိ ေမာင္းသူမဲ့ေလယာဥ္အုပ္စုမ်ားကို ေျဖရွင္းတိုက္ခိုက္ႏုိင္သည့္ သီးသန္႔စနစ္ဟူ၍ ထြက္ေပၚလာျခင္း မရွိေသးေသာ္လည္း ေလဆာ၊ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ႏွင့္ အီလက္ထေရာနစ္လိႈင္းႏႈန္း ျဖတ္စနစ္မ်ားျဖင့္ ေျဖရွင္းေဆာင္ ရြက္ႏုိင္ရန္ စီစဥ္ထားရွိေနၾကဆဲ ျဖစ္သည္ကိုသာ ေတြ႕ရွိေနရပါေသးသည္။

-ေက်ာ္လင္း (အမိေျမ)

[ Unicode ]

၂၀၁၅ ခုနှစ်က ကမ႓ာလုံးဆိုင်ရာ မောင်းသူမဲ့လေယာဉ် စျေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅.၉၃ ဘီလီယံရှိခဲ့ပြီး နှစ်စဉ်တန်ဖိုး တိုးတက်လာမှု ခန့်မှန်းလေ့လာချက်အရ ၂၀၂၀ ပြည့်နှစ်အရောက်တွင်မူ ၂၂.၁၅ ဘီလီယံအထိ တိုးတက်လာမည်ဖြစ်သည်ဟု ကိန်းဂဏန်းများက ညွှန်ပြနေပါသည်။ မောင်းသူမဲ့လေယာဉ်များ ဝယ်ယူအသုံးချမှု ကဏ္ဍတွင် စစ်ဘက်ဆိုင်ရာ မောင်းသူမဲ့ လေယာဉ်စျေးကွက်သည် ကဏ္ဍခွဲတစ်ခု ဖြစ်သော်လည်း ၎င်းသည်လည်း မျှော်လင့်ထားသည်ထက် တဖြည်းဖြည်း ပိုမိုကြီးမားကျယ်ပြန့်လာလျက် ရှိပါသည်။ မောင်းသူမဲ့ လေယာဉ်စနစ်များနှင့် ပတ်သက်၍ အရပ်ဘက်စစ်ဘက်များ၌ ကဏ္ဍပေါင်းစုံတွင် အသုံးပြုနေကြပြီဖြစ်သည်ကို သိရှိပြီးဖြစ်သည့်အတွက် အထူးရေးသား ဖော်ပြခြင်းတော့ မပြုချင်တော့ပေ။ မောင်းသူမဲ့ လေယာဉ် စနစ်များကို အဆင့်မြင့် နည်းပညာများ ပေါင်းစပ်ခြင်းဖြင့် ရည်မှန်းချက်ပေါင်း မြောက်မြားစွာကို အောင်မြင်စွာဖြင့် အကောင်အထည် ဖော်ဆောင်ရွက် နေခဲ့ကြပြီဖြစ်သော်လည်း ၎င်းတို့၏နောက်ကွယ်တွင် ဆိုးကျိုးများလည်း ကပ်ပါလာနိုင်သည်ကို (အထူးသဖြင့် စစ်ဘက်
ဆိုင်ရာတွင်) သတိပြုမိလာခဲ့ကြပြီ ဖြစ်သည်။

၎င်းအကြောင်းအရာနှင့် ပတ်သက်၍ ပထမဆုံးသတိပြုမိသည်မှာ အီရတ်နှင့်ဆီးရီးယား နယ်မြေများတွင် အစ္စလာမ်မစ်စစ်သွေးကြွ အုပ်စုဖြစ်သည့် ISIS အဖွဲ့အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို အသုံးပြုကာ အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်စခန်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း နည်းလမ်းကို အသုံးပြုလာခဲ့ကြခြင်းပင် ဖြစ်သည်။ ထို့နောက်ပိုင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ
လတွင်မူ ရုရှားတို့၏ Khmeimim လေတပ်အခြေစိုက်စခန်းနှင့် Tartus ရေတပ်အဆောက်အဦများကို ဗုံးများတပ်ဆင်ထားသည့် ပြည်တွင်း ထုတ်မောင်းသူမဲ့ လေယာဉ်အုပ်စုနှင့် တိုက်ခိုက်ခံခဲ့ရခြင်းပင်ဖြစ်သည်။ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်ညများတွင် ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ၎င်းတို့၏စစ်အခြေစိုက်စခန်းသို့ မောင်းသူမဲ့လေယာဉ် ၁၃ စင်း ခန့်ချဉ်းကပ်လာခဲ့ပြီး ၁၀ စင်းမှာ Khmeimim နှင့် ကျန်သည့် ၃ စင်းမှာ Tartus နေရာသို့ ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ကြပေသည်။

၁၃ စင်းအနက် ၆ စင်းကို အီလက်ထရောနစ် စစ်ဆင်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြပြီး ကျန်သည့် ရ စင်းမှာမူ Pantsir-S လေယာဉ်ပစ် ဒုံးပျံစနစ်ဖြင့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဒုံးပျံစနစ်များသည် ၈ ဘီးယက်ယာဉ်ပေါ်တွင် တပ်ဆင်တည်ဆောက်ထားသည့် ဒုံးပျံစနစ်များဖြစ်ပြီး တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ တိကျခဲယမ်းလက်နက်၊ ခရုဇ်ဒုံးပျံ၊ မောင်းသူမဲ့လေယာဉ်များကို ကာကွယ်နိုင်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်ဖြစ်ပြီး အထူးသဖြင့် အနိမ့်ပျံလေကြောင်း စနစ်များအတွက် သင့်တော်မှုရှိသော ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း တစ်စုံတစ်ရာမျှ ထိခိုက်မှု မရှိခဲ့သော်လည်း ၎င်းတိုက်ခိုက်မှုသည် ဒရုန်းများဖြင့် ပထမဆုံးတိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ ၎င်းဒရုန်းအုပ်စုများကို အကွာအဝေး ၅၀ ကီလိုမီတာမှ ခေတ်မီဂျီပီအက်စ်စနစ် အသုံးပြုကာ စေလွှတ်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ မည်သူက ပစ်လွှတ်လိုက်သည်ဟု အတိအကျသိရှိခြင်း မရှိသော်လည်း Idlib အနောက်တောင်ပိုင်းဒေသရှိ တူရကီလက်နက်ကိုင် တပ်ဖွဲ့ သို့မဟုတ် အခြားသော လက်နက်ကိုင်သောင်းကျန်းသူများမှ စေလွှတ်လိုက်သည်ဟု ယူဆထားကြသည်။ တိုက်ဆိုင်မှုအနေဖြင့် ၎င်းညတိုက်ခိုက်ခံရမှု ဖြစ်နေစဉ်အတွင်း အမေရိကန်တို့၏ Poseidon စုံစမ်းထောက်လှမ်းရေး လေယာဉ်အနေဖြင့် ကင်းလှည့်နေသည်ကို တွေ့ရှိခဲ့ကြပေသည်။ ထို့အပြင် ရုရှားတို့ဘက်မှလည်း ထိုကဲ့သို့သော တိုက်ခိုက်ခြင်းတွင် နိုင်ငံခြားမှ အဆင့်မြင့်နည်းပညာများ လိုအပ်သလို ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတွင်လည်း နိုင်ငံခြား ထုတ်ဖောက်ခွဲရေးစနက် တံများကို တွေ့ရှိခဲ့ကြပေသည်။ သို့သော်လည်း အမေရိကန်အနေဖြင့် မည်သည့်ပါဝင်မှုမှ မရှိကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

မောင်းသူမဲ့လေယာဉ်စနစ် အုပ်စုများဖြင့် တိုက်ခိုက်ခံရမှုများ ပြုလုပ်ခံနေရစဉ်အတွင်း အခြားသော တစ်ဘက်တွင်လည်း စုံစမ်းထောက်လှမ်းမှု မပြုလုပ်နိုင်သည့် Ultrasonic ဒရုန်းများကို တီထွင်နိုင်ခဲ့သည့် သတင်းများလည်း ထွက်ပေါ်လာခဲ့ပြန်ပြီဖြစ်သည်။ ထိုမျှသာမက တရုတ်နိုင်ငံသည်လည်း မြောက်မြားလှစွာသော ဒရုန်းထုတ်လုပ်သည့် စက်ရုံများစွာကို တည်ထောင်လျက်ရှိကြောင်းနှင့် ၎င်းတို့နိုင်ငံ၏ ဒရုန်းစျေးကွက်သည် နှစ်စဉ် ၄၀ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်အရောက်တွင်မူ ၉.၁၃ ဘီလီယံထိ တန်ကြေးရှိလာမည် ဖြစ်သည်ဟု ခန့်မှန်းထားကြပါသည်။ ယခုကဲ့သို့ ဒရုန်းများ၏စျေးကွက်ကို ခန့်မှန်းတွက်ချက်နေကြ ရခြင်းမှာလည်း အကျိုးအကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် နည်းပညာ လိုအပ်ချက် နည်းပါးခြင်းနှင့် နည်းပညာကျယ်ပြန့်ရောက်ရှိမှုနှုန်း မြင့်မားခြင်းသည် သာမန်သင့်တော်သည့် ငွေကြေးဖြင့် စွမ်းဆောင်ရည်ကောင်းမွန်သည့် ဒရုန်းများကို ထုတ်လုပ်ရောင်းချနိုင်သလို ဝယ်ယူအသုံးပြု သူများအတွက်လည်း စျေးနှုန်းသက်သာစွာဖြင့် အသုံးချလာနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။

၎င်းတို့၏နောက်ဆက်တွဲ အကျိုးဆက်သည် မောင်းသူမဲ့ လေယာဉ်အုပ်စုများဖြင့် မိမိတို့အလိုရှိသော ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ခြင်းအား ဆောင်ရွက်လာနေခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မောင်းသူမဲ့ဒရုန်း တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ တစ်နေ့လျှင် အစင်းရေ ၁၀၀၀ နီးပါးခန့်ရှိပြီး အထူးသဖြင့် အကြမ်းဖက်မှု ဆောင်ရွက်သည့် နိုင်ငံများသို့ တင်ပို့မှု များပြားနေခြင်းပင် ဖြစ်သည်။ တစ်ဆက်တည်းဆိုသလို တရုတ်တို့၏ မောင်းသူမဲ့လေယာဉ်စနစ်များဖြစ်သည့် လေဆာ ပဲ့ထိန်းဒုံးပျံစနစ်၊ သို့မဟုတ် ဗုံးတပ်ဆင်ထားသည့် CH-3 UCAV များကို ၂၀၁၆ ခုနှစ်က ပါကစ္စတန်သို့ ရောင်းချရန် ကမ်းလှမ်းခဲ့ဖူးသလို ၂၀၁၇ ခုနှစ်အတွင်း ဝေဟင်မှမြေပြင်ပစ် ဒုံးပျံ ၁၆ စင်းသယ်ဆောင်နိုင်သည့် CH-5 UCAV အမျိုးအစားများကို ပါကစ္စတန်တို့၏ လေဆိပ်တွင်တွေ့ရှိခဲ့ကြသည်ဟု ဓာတ်ပုံများထွက်ပေါ်လာခဲ့ပါသေးသည်။ မကြာသေးမီ လများအတွင်းကလည်း အီရန်နိုင်ငံအနေဖြင့် မောင်းသူမဲ့အသေခံ ဗုံးခွဲလေယာဉ်များကို အမြောက်အမြားထုတ် လုပ်နေသည်ဟု တရားဝင်သတင်း ထုတ်ပြန်ကြေညာခဲ့သေးရာ မောင်းသူမဲ့လေယာဉ်စနစ်များကို စစ်ဘက်ဆိုင်ရာတွင် အသုံးချမှုသည် နည်းလမ်းတစ်ခုအဖြစ် သီးသန့်ကွဲထွက်လာခဲ့ ပြန်ပေသည်။

အရပ်ဘက်သုတေသန အဖွဲ့အစည်းတစ်ခုမှ ပြုလုပ်ပြသခဲ့သည့် ဗီဒီယိုဖိုင်တွင်လည်း ဒရုန်းအုပ်စုများတွင် မျက်နှာပြင် တိုက်ဆိုင်စစ်ဆေးသည့် စနစ်များကို ထည့်သွင်းကာ ပစ်မှတ်သေချာကြောင်း အတည်ပြုပြီးသည်နှင့် အသက်သေသည်အထိ စွမ်းဆောင်တိုက်ခိုက်နိုင်သည့် လက်ဖဝါးအရွယ်ဒရုန်း အုပ်စုစနစ်များ၏ အန္တရာယ်ကိုလည်း ထုတ်ဖော်ပြသခဲ့ရာ လူထုအကြားနှင့် ပညာရှင်များအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်ခဲ့ရပြန် ပေသည်။

နိုင်ငံတကာမှ စိုးရိမ်စိတ်များ မြင့်တက်နေသည့်နည်းတူ စစ်ဘက်ဆိုင်ရာတွင် နည်းပညာအင်အားကြီး တပ်မတော်ဖြစ်သည့် အမေရိကန်တပ်မတော်သည်လည်း ဒရုန်းများဖြင့် အုပ်စုဖွဲ့တိုက်ခိုက်မှုအပေါ် စိုးရိမ်ထိတ်လန့် နေခဲ့ရပြီ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် အမေရိကန်ကြည်းတပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ မောင်းသူမဲ့လေယာဉ်တစ်
စီးချင်းဖြင့် တိုက်ခိုက်မှုများကို ဖြေရှင်းရန်အတွက် နည်းစနစ်များကို တီထွင်ဆောင်ရွက်ခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်းဖြင့် နည်းလမ်းရှာဖွေနေသလို မောင်းသူမဲ့ လေယာဉ်အုပ်စုများဖြင့် တိုက်ခိုက်ခြင်းများကို ဖြေရှင်းရန်အတွက်လည်း ကြိုတင်မျှော်မှန်းကာ ဆောင်ရွက်ထားရှိရမည် ဖြစ်သည်ဟု သိပ္ပံ၊ အင်ဂျင်နီယာ၊ ဆေးဘက်ဆိုင်ရာ အမျိုးသားအကယ်ဒမီမှ ပညာရှင်များ အုပ်စုမှအစီရင်ခံခဲ့ပါသည်။

အပျော်တမ်းမောင်းသူမဲ့ လေယာဉ်များသည် ဝယ်ယူရလွယ်ကူသည့်အပြင် ၎င်းတို့၏စွမ်းဆောင်နိုင်မှုများသည် သိသာစွာတိုးတက်လာပြီး တန်ဖိုးအားဖြင့်လည်း သက်သာသောကြောင့် ယနေ့အချိန်အခါတွင် ကမ္ဘာအနှ့ံမှ သန်းပေါင်းများစွာသော အသုံးပြုသူများအနေဖြင့် ဝယ်ယူအသုံးပြုလျက် ရှိနေကြပြီဖြစ်သလို ထိုသို့စွမ်းဆောင်လာနိုင်ခြင်းသည် အမေရိကန်ကြည်းတပ်ရှိ တိုက်ခိုက် ရေးစစ်သည်များအပေါ် ခြိမ်းခြောက်မှုတစ်ရပ်ကို ဖြစ်စေနိုင်သည်ဟု ကော်မတီခေါင်းဆောင်ဖြစ်သူ Albert Sciarretta က ထောက်ပြပြောဆိုထားပေသည်။

အဆင့်မြှင့်တင်ထားသည့် အပျော်တမ်းမောင်းသူမဲ့ လေယာဉ်များသည် သမားရိုးကျဖြစ်စေ၊ သမားရိုးကျမဟုတ်သည်ဖြစ်စေ တိုက်ခိုက်မှုအတွက် အထောက်အပံ့ ပြုနိုင်ပေသည်။ ဥပမာအနေဖြင့် စစ်ဆင်ရေးဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်ခြင်း၊ ဆက်သွယ်မှုဆိုင်ရာ ရေဒီယိုလှိုင်းနှောင့်ယှက်မှုများကိုလည်း ဆောင်ရွက်နိုင်စွမ်းရှိမည် ဖြစ်သလို တိုက်ခိုက်နိုင်စွမ်းလည်း ရှိမည်ဖြစ်သည်။ ထိုသို့စွမ်းဆောင်နိုင်စွမ်းရှိသည့် မောင်းသူမဲ့လေယာဉ်များ အုပ်စုလိုက်ဆိုပါက ခြိမ်းခြောက်နိုင်စွမ်းသည်လည်း ပိုမိုလာမည်ဖြစ်ရာ ယနေ့အချိန်အထိ မောင်းသူမဲ့လေယာဉ်အုပ်စုများကို ဖြေရှင်းတိုက်ခိုက်နိုင်သည့် သီးသန့်စနစ်ဟူ၍ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း လေဆာ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့် အီလက်ထရောနစ်လှိုင်းနှုန်း ဖြတ်စနစ်များဖြင့် ဖြေရှင်းဆောင် ရွက်နိုင်ရန် စီစဉ်ထားရှိနေကြဆဲ ဖြစ်သည်ကိုသာ တွေ့ရှိနေရပါသေးသည်။