သတင္းအခ်က္အလက္ ဗဟိုဌာနႀကီး တည္ေဆာက္ျခင္း စီမံကိန္း ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြး

[ Zawgyi ]

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက သတင္းအခ်က္အလက္ ဗဟိုဌာနႀကီး တည္ေဆာက္ျခင္း စီမံကိန္းေဆာင္ရြက္ဖို႔အတြက္ ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ ဒသမပုံမွန္အစည္းအေဝး ဆ႒မေန႔မွာေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

အဲဒီစီမံကိန္းေဆာင္ရြက္ဖို႔ ကိုရီးယားသမၼတနိုင္ငံ၊ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈ ပူးေပါင္းေဆာင္ရြက္ေရး ရန္ပုံေငြထံမွ ေခ်းေငြအေမရိကန္ေဒၚလာ ၉၃ ဒသမ ၇၇၉ သန္း ရယူဖို႔ ကိစၥနဲ႔ စပ္လ်ဥ္းၿပီး ျပည္ေထာင္စုအဆင့္အဖြဲ႕အစည္းဝင္ေတြက လႊတ္ေတာ္သို႔ ရွင္းလင္းတင္ျပၾကတာျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၅ ရက္မွာ ကိုရီးယားသမၼတနိုင္ငံအစိုးရမွ ေခ်းေငြေပးအပ္မယ္ဆိုၿပီး ကတိကဝတ္ျပဳလႊာ (Pledge of EDCF Loan) ကို ေပးပို႔ခဲ့ေၾကာင္း၊ ကတိကဝတ္ျပဳလႊာမွာ ေခ်းေငြရဲ႕ အတိုးႏွုန္းမွာ ၀ ဒသမ ၀၁ ရာခိုင္ႏွုန္းျဖစ္ၿပီး အေကာင္အထည္ေဖာ္ေဆာင္မယ့္ အဖြဲ႕အစည္းသည္ ကိုရီးယား သမၼတနိုင္ငံရဲ႕ Small and Medium Enterprises (သို႔မဟုတ္) Medium –Large ကုမၸဏီျဖစ္ရင္ အတိုးႏွုန္းကို ၀ ရာခိုင္ႏွုန္းသို႔ ေလ်ာ့ခ်ေပးမွာျဖစ္ေၾကာင္း၊ ေခ်းေငြျပန္ဆပ္ဖို႔ကာလမွာ ဆိုင္းငံ့ကာလ ၁၅ ႏွစ္အပါအဝင္ ႏွစ္ ၄၀ ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန႔္စင္ေမာင္က ေဆြးေႏြးတင္ျပခဲ့တယ္လို႔ သိရပါတယ္။

စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရင္ အစိုးရရဲ႕ Online ဝန္ေဆာင္မႈေတြကို ျပည္သူေတြက အခ်ိန္မေရြး၊ ေနရာေဒသမေရြး ရယူအသံုးျပဳႏိုင္မွာျဖစ္ေၾကာင္း၊ e-Government Integrated Data Center(eGIDC) စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ဖို႔ လႊတ္ေတာ္မွ အတည္ျပဳေပးေစလိုေၾကာင္း ရွင္းလင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

-ထြန္းထြန္း

[ Unicode ]

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်ခြင်း စီမံကိန်းဆောင်ရွက်ဖို့အတွက် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့မှာဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းဆောင်ရွက်ဖို့ ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၉၃ ဒသမ ရ၇၉ သန်း ရယူဖို့ ကိစ္စနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တွေက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ ချေးငွေပေးအပ်မယ်ဆိုပြီး ကတိကဝတ်ပြုလွှာ (Pledge of EDCF Loan) ကို ပေးပို့ခဲ့ကြောင်း၊ ကတိကဝတ်ပြုလွှာမှာ ချေးငွေရဲ့ အတိုးနှုန်းမှာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး အကောင်အထည်ဖော်ဆောင်မယ့် အဖွဲ့အစည်းသည် ကိုရီးယား သမ္မတနိုင်ငံရဲ့ Small and Medium Enterprises (သို့မဟုတ်) Medium –Large ကုမ္ပဏီဖြစ်ရင် အတိုးနှုန်းကို ၀ ရာခိုင်နှုန်းသို့ လျော့ချပေးမှာဖြစ်ကြောင်း၊ ချေးငွေပြန်ဆပ်ဖို့ကာလမှာ ဆိုင်းငံ့ကာလ ၁၅ နှစ်အပါအဝင် နှစ် ၄၀ ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရင် အစိုးရရဲ့ Online ဝန်ဆောင်မှုတွေကို ပြည်သူတွေက အချိန်မရွေး၊ နေရာဒေသမရွေး ရယူအသုံးပြုနိုင်မှာဖြစ်ကြောင်း၊ e-Government Integrated Data Center(eGIDC) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ လွှတ်တော်မှ အတည်ပြုပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။