သတင္းမွားေတြ ျဖန္႔ခ်ိမႈေၾကာင့္ အေမရိကန္ account ရာေပါင္းမ်ားစြာကုိ Facebook ပိတ္သိမ္းခဲ့

Facebook ဟာ ႏိုင္ငံေရးဆိုင္ရာ သတင္းမွားေတြကို ျဖန္႔ခ်ိေနတဲ့ အေမရိကန္အေျခစိုက္ စာမ်က္ႏွာေတြနဲ႔ account ရာေပါင္းမ်ားစြာကုိ ပိတ္သိမ္းခဲ့ပါတယ္။ မမွန္မကန္သတင္းတုေတြနဲ႔ spam ေတြကုိဟာ ကုမၸဏီရဲ႕ စည္းမ်ဥ္းစည္းကမ္းကို ခ်ိဳးေဖာက္ေနတဲ့ account ေတြကုိ ပိတ္သိမ္းခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

Facebook ရဲ႕ blog post မွာ စာမ်က္ႏွာေပါင္း ၅၅၉ ခုနဲ႔ account ၂၅၁ ခုကုိ ဖယ္ရွားခဲ့ပါတယ္။ Facebook ကပိတ္သိမ္းလိုက္တဲ့ account ေတြဟာ လူၿပိန္းႀကိဳက္ ႏိုင္ငံေရးဆိုင္ရာ သတင္းေတြ ေရးသားခဲ့ပါတယ္။ ဒါေပမဲ့ Facebook အေနနဲ႔ အဲဒီအေၾကာင္းျပခ်က္နဲ႔ account ေတြကို ပိတ္သိမ္းခဲ့တာ မဟုတ္ပါဘူး။ အခု account ေတြနဲ႔ စာမ်က္ႏွာေတြဟာ ကုမၸဏီရဲ႕ platform, gaming အတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကုိ အႀကိမ္ႀကိမ္ခ်ိဳးေဖာက္ခဲ့တဲ့တြက္ ပိတ္သိမ္းလုိက္တာ ျဖစ္ပါတယ္။ Account နဲ႔ စာမ်က္ႏွာေပါင္း မ်ားစြာဟာ လူၾကည့္မ်ားေအာင္ account အမ်ိဳးမ်ိဳးနဲ႔ အတုေတြမွာ post တင္တာမ်ိဳး နည္းဗ်ဴဟာေတြ အသုံးျပဳသလို သတင္းတစ္ခုကုိလည္း အႀကီးအက်ယ္ ခ်ဲ႕ကားေလ့ရွိပါတယ္။

Facebook ဟာ အေမရိကန္ ၾကားျဖတ္ေရြးေကာက္ပြဲ နီးကပ္လာမႈကို သတိျပဳမိခဲ့ပါတယ္။ Facebook က ဖယ္ရွားလိုက္တဲ့ account ေတြဟာ ႏိုင္ငံေရးဆိုင္ရာ အေၾကာင္းအရာေတြကို ပိုမိုေဖာ္ျပေပးေနပါတယ္။ အဲဒီ account ေတြကေဖာ္ျပတဲ့ ႏိုင္ငံေရးဆုိင္ရာ အေၾကာင္းအရာေတြဟာ တရားဝင္ႏိုင္ငံေရး ျငင္းခုံပြဲေတြနဲ႔ မခြဲျခားႏိုင္ပါဘူး။ ဒါေၾကာင့္ Facebook အေနနဲ႔ မသမာမႈေတြ ျပဳလုပ္သူေတြကုိ ရွာေဖြခ်ိန္မွာ သတင္းအေၾကာင္းအရာအစား အျပဳအမူေတြကို ခြဲျခားေလ့ရွိပါတယ္။

ပိတ္သိမ္းခံရတဲ့ account ေတြထဲမွာ Right Wing News လည္းပါဝင္လာပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Facebook ဟာ နိုင်ငံရေးဆိုင်ရာ သတင်းမှားတွေကို ဖြန့်ချိနေတဲ့ အမေရိကန်အခြေစိုက် စာမျက်နှာတွေနဲ့ account ရာပေါင်းများစွာကို ပိတ်သိမ်းခဲ့ပါတယ်။ မမှန်မကန်သတင်းတုတွေနဲ့ spam တွေကိုဟာ ကုမ္ပဏီရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေတဲ့ account တွေကို ပိတ်သိမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Facebook ရဲ့ blog post မှာ စာမျက်နှာပေါင်း ၅၅၉ ခုနဲ့ account ၂၅၁ ခုကို ဖယ်ရှားခဲ့ပါတယ်။ Facebook ကပိတ်သိမ်းလိုက်တဲ့ account တွေဟာ လူပြိန်းကြိုက် နိုင်ငံရေးဆိုင်ရာ သတင်းတွေ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ Facebook အနေနဲ့ အဲဒီအကြောင်းပြချက်နဲ့ account တွေကို ပိတ်သိမ်းခဲ့တာ မဟုတ်ပါဘူး။ အခု account တွေနဲ့ စာမျက်နှာတွေဟာ ကုမ္ပဏီရဲ့ platform, gaming အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့တွက် ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ Account နဲ့ စာမျက်နှာပေါင်း များစွာဟာ လူကြည့်များအောင် account အမျိုးမျိုးနဲ့ အတုတွေမှာ post တင်တာမျိုး နည်းဗျူဟာတွေ အသုံးပြုသလို သတင်းတစ်ခုကိုလည်း အကြီးအကျယ် ချဲ့ကားလေ့ရှိပါတယ်။

Facebook ဟာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာမှုကို သတိပြုမိခဲ့ပါတယ်။ Facebook က ဖယ်ရှားလိုက်တဲ့ account တွေဟာ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေကို ပိုမိုဖော်ပြပေးနေပါတယ်။ အဲဒီ account တွေကဖော်ပြတဲ့ နိုင်ငံရေးဆိုင်ရာ အကြောင်းအရာတွေဟာ တရားဝင်နိုင်ငံရေး ငြင်းခုံပွဲတွေနဲ့ မခွဲခြားနိုင်ပါဘူး။ ဒါကြောင့် Facebook အနေနဲ့ မသမာမှုတွေ ပြုလုပ်သူတွေကို ရှာဖွေချိန်မှာ သတင်းအကြောင်းအရာအစား အပြုအမူတွေကို ခွဲခြားလေ့ရှိပါတယ်။

ပိတ်သိမ်းခံရတဲ့ account တွေထဲမှာ Right Wing News လည်းပါဝင်လာပါတယ်။

စိုးထက်
Ref: TheVerge