ဝယ္လိုအား နည္းပါးမႈေၾကာင့္ iPhone ေရာင္းခ်မႈ ေဒၚလာ ၉ ဘီလ်ံ ဆုံး႐ႈံးႏိုင္ဟု Apple ဆို

[ Zawgyi ]

iPhone ေရာင္းခ်မႈဟာ ေမွ်ာ္မွန္းထားတဲ့ ပထမသုံးလပတ္ ဝင္ေငြထက္ ေလ်ာ႔နည္းႏိုင္တယ္လို႔ Apple အမႈေဆာင္အရာရွိခ်ုပ္ တင္မ္ကြတ္္ခ္က ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီ စာတစ္ေစာင္ေပးပုိ႔ထားပါတယ္။ iPhone ကုိ ဝယ္ယူမႈဟာ ေမွ်ာ္မွန္းထားတာထက္ နည္းပါးတဲ့အတြက္ေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏိုင္ငံအတြင္းက iPhone ဝယ္လိုအား အဓိက က်ဆင္းသြားတာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမဲ့ အျခားဖြံ႕ၿဖိဳးၿပီးသား ေဈးကြက္ေတြမွာလညး္ iPhone ကို အဆင့္ျမႇင့္တင္မႈဟာ ထင္သေလာက္အားမေကာင္းေတာ့ဘူးလို႔ တင္မ္ကြတ္ခ္က စာမွာ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

“iPhone ကေန ရရွိတဲ့ဝင္ေငြ ေမွ်ာ္မွန္းထားတာထက္ နည္းပါးေနပါတယ္။ အထူးသျဖင့္ တ႐ုတ္ကေန ဝယ္လိုအားနည္းပါးေနပါတယ္။ ကၽြန္ေတာ္တို႔ လမ္းညႊန္ေအာက္မွာ ဝင္ေငြဟာ လိုေငြျပေနၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ ဝင္ေငြဟာ က်ဆင္းမႈပမာဏ ပုိမိုမ်ားျပားလာပါတယ္” လို႔ တင္မ္ကြတ္ခ္ကေျပာခဲ့ပါတယ္။

ဒါေပမဲ့ iPhone ကေနရရွိတဲ့ ဝင္ေငြဟာ နည္းပါးေနေပမယ့္ Apple ရဲ႕အျခားဌာနေတြက ရရွိတဲ့ ဝင္ေငြဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ၁၉ ရာခိုင္ႏႈန္းနီးပါး တိုးတက္လာတယ္လို႔ တင္မ္ကြတ္ခ္ကေထာက္ျပခဲ့ပါတယ္။ ဒါေပမဲ့ Apple လုပ္ငန္းမွာ iPhone ဟာ အဓိက လုပ္ငန္းတစ္ျဖစ္ၿပီး ေရာင္းအားမေကာင္းတဲ့အခါ ႐ုန္းကန္ရႏိုင္ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္အၾကားျဖစ္ပြားတဲ့ ကုန္သြယ္ေရးတင္းအားနဲ႔ တ႐ုတ္ဟာ ကုိယ္ပုိင္စီးပြားေရးအေပၚ ဖိအားေတြေၾကာင့္ လိုေငြျပေနတာ ျဖစ္တယ္လို႔ တင္မ္ကြတ္ခ္က CNBC အင္တာဗ်ဴးအတြင္း ေထာက္ျပခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

iPhone ရောင်းချမှုဟာ မျှော်မှန်းထားတဲ့ ပထမသုံးလပတ် ဝင်ငွေထက် လျော့နည်းနိုင်တယ်လို့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ််ခ်က ရင်းနှီးမြှုပ်နှံသူတွေဆီ စာတစ်စောင်ပေးပို့ထားပါတယ်။ iPhone ကို ဝယ်ယူမှုဟာ မျှော်မှန်းထားတာထက် နည်းပါးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအတွင်းက iPhone ဝယ်လိုအား အဓိက ကျဆင်းသွားတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အခြားဖွံ့ဖြိုးပြီးသား ဈေးကွက်တွေမှာလညး် iPhone ကို အဆင့်မြှင့်တင်မှုဟာ ထင်သလောက်အားမကောင်းတော့ဘူးလို့ တင်မ်ကွတ်ခ်က စာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“iPhone ကနေ ရရှိတဲ့ဝင်ငွေ မျှော်မှန်းထားတာထက် နည်းပါးနေပါတယ်။ အထူးသဖြင့် တရုတ်ကနေ ဝယ်လိုအားနည်းပါးနေပါတယ်။ ကျွန်တော်တို့ လမ်းညွှန်အောက်မှာ ဝင်ငွေဟာ လိုငွေပြနေပြီး တစ်နှစ်ထက်တစ်နှစ် ဝင်ငွေဟာ ကျဆင်းမှုပမာဏ ပိုမိုများပြားလာပါတယ်” လို့ တင်မ်ကွတ်ခ်ကပြောခဲ့ပါတယ်။

ဒါပေမဲ့ iPhone ကနေရရှိတဲ့ ဝင်ငွေဟာ နည်းပါးနေပေမယ့် Apple ရဲ့အခြားဌာနတွေက ရရှိတဲ့ ဝင်ငွေဟာ တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်းနီးပါး တိုးတက်လာတယ်လို့ တင်မ်ကွတ်ခ်ကထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ Apple လုပ်ငန်းမှာ iPhone ဟာ အဓိက လုပ်ငန်းတစ်ဖြစ်ပြီး ရောင်းအားမကောင်းတဲ့အခါ ရုန်းကန်ရနိုင်ပါတယ်။

အမေရိကန်နဲ့ တရုတ်အကြားဖြစ်ပွားတဲ့ ကုန်သွယ်ရေးတင်းအားနဲ့ တရုတ်ဟာ ကိုယ်ပိုင်စီးပွားရေးအပေါ် ဖိအားတွေကြောင့် လိုငွေပြနေတာ ဖြစ်တယ်လို့ တင်မ်ကွတ်ခ်က CNBC အင်တာဗျူးအတွင်း ထောက်ပြခဲ့ပါတယ်။

Ref: TheVerge