လွ်ပ္စစ္အေျခခံဝါယာရင္း တပ္ဆင္ျခင္းသင္တန္း ဖြင့္လွစ္မည္

[ Zawgyi ]

ျမန္မာႏုိင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ရဲ႕ Technical and Vocational Education Training Unit မွ လွ်ပ္စစ္လုပ္ငန္းလုပ္ကိုင္ အသက္ေမြးလိုသူေတြအတြက္ Basic Electrical Wiring Installation Training (လွ်ပ္စစ္အေျခခံ ဝါယာရင္း တပ္ဆင္ျခင္းသင္တန္း) ကို ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

သင္တန္းကို သက္ဆိုင္ရာ ဘာသာရပ္ကၽြမ္းက်င္ကာ လုပ္ငန္းခြင္အေတြ႔အႀကဳံရရွိေစရန္၊ အလုပ္အကိုင္မ်ား ရရွိေစရန္၊ အလုပ္ရွင္ႏွင့္ အလုပ္သမား ႏွစ္ဦးႏွစ္ဖက္အက်ဳိးရွိေစရန္၊ အေသးစားလုပ္ငန္းရွင္မ်ားအျဖစ္ ရပ္တည္လုပ္ကိုင္ႏုိင္ေစရန္ ရည္ရြယ္ကာ ဖြင့္လွစ္သင္ၾကားေပးတာပဲျဖစ္ပါတယ္။ သင္တန္းကို ၂၀၁၈ ခုႏွစ္၊ ႏုိဝင္ဘာလ ၅ ရက္မွာ ဖြင့္လွစ္မွာျဖစ္ၿပီး သင္တန္းကာလ ၁၅ ရက္ျဖစ္ပါတယ္။ စာေတြ႕ ၃၀ ရာခုိင္ႏႈန္း၊ လက္ေတြ႕ ၇၀ ရာခိုင္ႏႈန္းနဲ႔ သင္ၾကားေပးမွာျဖစ္ၿပီး သင္တန္းေၾကးကေတာ့ တစ္သိန္းငါးေသာင္းက်ပ္ ျဖစ္ပါတယ္။ တက္ေရာက္လုိသူေတြ အေနနဲ႔ ဖုန္း၊ ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင္းခြဲ-၁၀၇) နဲ႔ [email protected] ကို ဆက္သြယ္စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ Technical and Vocational Education Training Unit မှ လျှပ်စစ်လုပ်ငန်းလုပ်ကိုင် အသက်မွေးလိုသူတွေအတွက် Basic Electrical Wiring Installation Training (လျှပ်စစ်အခြေခံ ဝါယာရင်း တပ်ဆင်ခြင်းသင်တန်း) ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကို သက်ဆိုင်ရာ ဘာသာရပ်ကျွမ်းကျင်ကာ လုပ်ငန်းခွင်အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင်များ ရရှိစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်၊ အသေးစားလုပ်ငန်းရှင်များအဖြစ် ရပ်တည်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်သင်ကြားပေးတာပဲဖြစ်ပါတယ်။ သင်တန်းကို ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၅ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ ၁၅ ရက်ဖြစ်ပါတယ်။ စာတွေ့ ၃၀ ရာခိုင်နှုန်း၊ လက်တွေ့ ရ၀ ရာခိုင်နှုန်းနဲ့ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကြေးကတော့ တစ်သိန်းငါးသောင်းကျပ် ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း၊ ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ-၁၀၇) နဲ့ [email protected] ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။