September 21, 2018

လ်င္ျမန္တဲ့ စြမ္းေဆာင္ရည္နဲ႔ feature သစ္ေတြပါဝင္တဲ့ 2018 MacBook Pro ကို Apple မိတ္ဆက္

[Zawgyi]

Apple ဟာ six-core eighth-generation Intel Core processors, 32GB DDR4 RAM, 4TB SSD storage ေတြအထိရရိွႏိုင္ၿပီး True Tone displays, Apple T2 chips, third-generation keyboard စတဲ့ feature သစ္ေတြပါဝင္တဲ့ 2018 MacBook Pro with Touch Bar ေမာ္ဒယ္သစ္ေတြကို မိတ္ဆက္လိုက္ပါတယ္။

အဆင့္ျမွင့္တင္လိုက္တဲ့ ေမာ္ဒယ္ေတြထဲမွာ ကာလၾကာရွည္ေစာင့္စားေနၾကတဲ့ quad-core ၁၃ လက္မ MacBook Pro with Touch Bar လည္း ပါဝင္ပါတယ္။

၁၅ လက္မ MacBook Pro ကို 6-core Intel Core i7 ဒါမွမဟုတ္ Core i9 processor ေတြနဲ႔ရရိွႏိုင္ပါတယ္။ Processor ေတြကို 2.9GHz အထိ ရရိွႏိုင္ၿပီး Turbo Boost နဲ႔ဆိုရင္ 4.8GHz အထိ ရရိွႏိုင္ပါတယ္။ Memory ကို 32GB DDR4 အထိ ရရိွႏိုင္ပါတယ္။ Configuration တိုင္းကို စြမ္းေဆာင္ရည္ျမင့္မားတဲ့ 4GB Radeon Pro discrete graphics နဲ႔ရရိွႏိုင္ပါတယ္။ Storage ကိုေတာ့ 4TB အထိ ရႏိုင္ပါတယ္။ True Tone display နည္းပညာနဲ႔ Apple T2 ခ်စ္ပ္အျပင္ Touch Bar နဲ႔ Touch ID တို႔လည္း ပါဝင္ပါတယ္။

၁၃ လက္မ MacBook Pro ကိုေတာ့ quad-core Intel Core i5 ဒါမွမဟုတ္ i7 processor ေတြနဲ႔ ရႏိုင္ပါတယ္။ Processor ေတြကို 2.7GHz အထိ ရႏိုင္ၿပီး Turbo Boost နဲ႔ဆိုရင္ 4.5GHz အထိ ရႏိုင္ပါတယ္။ Intel Iris Plus integrated graphics 655 ပါဝင္ၿပီး storage ကို 2TB အထိ ရႏိုင္ပါတယ္။ ၁၅ လက္မ ေမာ္ဒယ္လိုပဲ True Tone display နည္းပညာ၊ Apple T2 ခ်စ္ပ္၊ Touch Bar နဲ႔ Touch ID တို႔ ပါဝင္ပါတယ္။

အဆုိပါ ၁၃ လက္မ MacBook Pro with Touch Bar နဲ႔ ၁၅ လက္မ MacBook Pro with Touch Bar ေမာ္ဒယ္သစ္ေတြကို ဒီကေန႔ကစၿပီး Apple.com ကေန ၁,၇၉၉ ေဒၚလာနဲ႔ ၂,၃၉၉ ေဒၚလာ ဆိုၿပီး ေစ်းႏႈန္းအသီးသီးနဲ႔ ဝယ္ယူႏိုင္ပါၿပီ။ Apple လက္လီအေရာင္းဆိုင္ေတြနဲ႔ Apple Authorized Reseller ေတြကေတာ့ ဒီရက္သတၱပတ္အကုန္မွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Ref: MacRumors

-ေနာင္ေနာင္

[Unicode]

Apple ဟာ six-core eighth-generation Intel Core processors, 32GB DDR4 RAM, 4TB SSD storage တွေအထိရရှိနိုင်ပြီး True Tone displays, Apple T2 chips, third-generation keyboard စတဲ့ feature သစ်တွေပါဝင်တဲ့ 2018 MacBook Pro with Touch Bar မော်ဒယ်သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြှင့်တင်လိုက်တဲ့ မော်ဒယ်တွေထဲမှာ ကာလကြာရှည်စောင့်စားနေကြတဲ့ quad-core ၁၃ လက်မ MacBook Pro with Touch Bar လည်း ပါဝင်ပါတယ်။

၁၅ လက်မ MacBook Pro ကို 6-core Intel Core i7 ဒါမှမဟုတ် Core i9 processor တွေနဲ့ရရှိနိုင်ပါတယ်။ Processor တွေကို 2.9GHz အထိ ရရှိနိုင်ပြီး Turbo Boost နဲ့ဆိုရင် 4.8GHz အထိ ရရှိနိုင်ပါတယ်။ Memory ကို 32GB DDR4 အထိ ရရှိနိုင်ပါတယ်။ Configuration တိုင်းကို စွမ်းဆောင်ရည်မြင့်မားတဲ့ 4GB Radeon Pro discrete graphics နဲ့ရရှိနိုင်ပါတယ်။ Storage ကိုတော့ 4TB အထိ ရနိုင်ပါတယ်။ True Tone display နည်းပညာနဲ့ Apple T2 ချစ်ပ်အပြင် Touch Bar နဲ့ Touch ID တို့လည်း ပါဝင်ပါတယ်။

၁၃ လက်မ MacBook Pro ကိုတော့ quad-core Intel Core i5 ဒါမှမဟုတ် i7 processor တွေနဲ့ ရနိုင်ပါတယ်။ Processor တွေကို 2.7GHz အထိ ရနိုင်ပြီး Turbo Boost နဲ့ဆိုရင် 4.5GHz အထိ ရနိုင်ပါတယ်။ Intel Iris Plus integrated graphics 655 ပါဝင်ပြီး storage ကို 2TB အထိ ရနိုင်ပါတယ်။ ၁၅ လက်မ မော်ဒယ်လိုပဲ True Tone display နည်းပညာ၊ Apple T2 ချစ်ပ်၊ Touch Bar နဲ့ Touch ID တို့ ပါဝင်ပါတယ်။

အဆိုပါ ၁၃ လက်မ MacBook Pro with Touch Bar နဲ့ ၁၅ လက်မ MacBook Pro with Touch Bar မော်ဒယ်သစ်တွေကို ဒီကနေ့ကစပြီး Apple.com ကနေ ၁,၇၉၉ ဒေါ်လာနဲ့ ၂,၃၉၉ ဒေါ်လာ ဆိုပြီး စျေးနှုန်းအသီးသီးနဲ့ ဝယ်ယူနိုင်ပါပြီ။ Apple လက်လီအရောင်းဆိုင်တွေနဲ့ Apple Authorized Reseller တွေကတော့ ဒီရက်သတ္တပတ်အကုန်မှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: MacRumors

-နောင်နောင်