လူေတြ လမ္းေလွ်ာက္ပုံကို ေလ့လာေစာင့္ၾကည့္ေပးမယ့္ tool အသစ္ကုိ တ႐ုတ္အာဏာပုိင္ေတြ စတင္အသုံးျပဳ

[ Zawgyi ]

တ႐ုတ္အာဏာပုိင္ေတြဟာ လူေတြရဲ႕မ်က္ႏွာကုိ ကင္မရာကေန မျမင္ရတဲ့အခါ ခႏၶာကုိယ္အေနအထားနဲ႔ လမ္းေလွ်ာက္ပုံကုိသိၿပီး ခြဲျခားႏိုင္မယ့္ “gait recognition” software သစ္ကို စတင္အသုံးျပဳေနၿပီ ျဖစ္ပါတယ္။

အဲဒီ software ကုိ ေဘက်င္းနဲ႔ ရွန္ဟိုင္းၿမိဳ႕က လမ္းမေတြေပၚမွာ ရဲေတြက စတင္အသုံးျပဳေနပါၿပီ။ တ႐ုတ္ႏိုင္ငံမွာ နည္းပညာဟာ လူေတြအေပၚ ဘယ္လို စိုးမိုးလာမလဲနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနခ်ိန္မွာ အခ်က္အလက္ေတြ အသုံးျပဳထားတဲ့ ေလ့လာေစာင့္ၾကည့္မႈနဲ႔ artificial-intelligence ကုိတိုးတက္ေအာင္ တ႐ုတ္ႏိုင္ငံ တြန္းအားေပးလုပ္ေဆာင္ေနၾကပါတယ္။

တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ Watrix ဟာ “gait recognition” software ကုိ တိုးတက္ေအာင္ လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒီစနစ္ဟာ ေနာက္ေက်ာေပးထားတဲ့လူေတြနဲ႔ မ်က္ႏွာကုိကာထားတဲ့ လူေတြကုိ မီတာ ၅၀ အကြာကေန ခြဲျခားသိႏိုင္တယ္လို႔ Watrix အမႈေဆာင္အရာရွိခ်ဳပ္ Huang Yongzhen ကေျပာခဲ့ပါတယ္။ အခုနည္းပညာဟာ လူတစ္ေယာက္ရဲ႕ မ်က္ႏွာကို ႐ိုက္ကူးထားတဲ့ ႐ုပ္ထြက္အရည္အေသြးျမင့္ပုံ လိုအပ္တဲ့ facial recognition မလုပ္ႏိုင္တဲ့ ကြက္လပ္ကုိ ျဖည့္ေပးႏိုင္ပါတယ္။

“လူတစ္ေယာက္ရဲ႕ ကိုယ္ေရးအခ်က္အလက္ကုိ သိႏိုင္ဖို႔ လူေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈ မလိုေတာ့ပါဘူး။ လူေတြရဲ႕ လမ္းေလွ်ာက္ဟန္ကို ေလ့လာဆန္းစစ္မႈစနစ္ကုိ ေျခေထာ့ေလွ်ာက္တာ၊ ေျခေထာက္ကားၿပီးလမ္းေလွ်ာက္တာ ဒါမွမဟုတ္ ခါးကုန္းလမ္းေလွ်ာက္တာ စတဲ့ အျပဳအမူေတြနဲ႔ မလွည့္စားႏိုင္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ခႏၶာကိုယ္တစ္ခုလုံးရဲ႕ အသြင္အျပင္ေတြကုိ စနစ္က ေလ့လာဆန္းစစ္ေပးထားပါတယ္။

ၿပီးခဲ့တဲ့လက gait recognition နည္းပညာတုိးတက္မႈနဲ႔ ေရာင္းခ်မႈကို အရွိန္ျမႇင့္တင္ဖုိ႔ ေငြေၾကး ယြမ္သန္း ၁၀၀ မတည္ထားတယ္လို႔ Watrix ကထုတ္ျပန္ခဲ့ပါတယ္။

တ႐ုတ္ရဲေတြဟာ လူအုပ္ေတြက လူေတြကို ခြဲျခားသိႏိုင္ဖို႔နဲ႔ နေမာ္နမဲ့လမ္းေလွ်ာက္သူေတြကုိ ဖမ္းဆီးဖို႔ facialrecognition နည္းပညာကုိအသုံးျပဳေနသလို အဲဒီစနစ္ကို ေလ့လာေစာင့္ၾကည့္ေရး ကင္မရာအခ်က္အလက္ရဲ႕ ႏိုင္ငံေတာ္ဆုိင္ရာစနစ္ထဲ ေပါင္းစပ္ဖို႔ အေကာင္အထည္ေဖာ္ေနပါတယ္။

စိုးထက္
Ref: BangkokPost

[ Unicode ]

တရုတ်အာဏာပိုင်တွေဟာ လူတွေရဲ့မျက်နှာကို ကင်မရာကနေ မမြင်ရတဲ့အခါ ခန္ဓာကိုယ်အနေအထားနဲ့ လမ်းလျှောက်ပုံကိုသိပြီး ခွဲခြားနိုင်မယ့် “gait recognition” software သစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။

အဲဒီ software ကို ဘေကျင်းနဲ့ ရှန်ဟိုင်းမြို့က လမ်းမတွေပေါ်မှာ ရဲတွေက စတင်အသုံးပြုနေပါပြီ။ တရုတ်နိုင်ငံမှာ နည်းပညာဟာ လူတွေအပေါ် ဘယ်လို စိုးမိုးလာမလဲနဲ့ ပတ်သက်ပြီး စိုးရိမ်နေချိန်မှာ အချက်အလက်တွေ အသုံးပြုထားတဲ့ လေ့လာစောင့်ကြည့်မှုနဲ့ artificial-intelligence ကိုတိုးတက်အောင် တရုတ်နိုင်ငံ တွန်းအားပေးလုပ်ဆောင်နေကြပါတယ်။

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Watrix ဟာ “gait recognition” software ကို တိုးတက်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ နောက်ကျောပေးထားတဲ့လူတွေနဲ့ မျက်နှာကိုကာထားတဲ့ လူတွေကို မီတာ ၅၀ အကွာကနေ ခွဲခြားသိနိုင်တယ်လို့ Watrix အမှုဆောင်အရာရှိချုပ် Huang Yongzhen ကပြောခဲ့ပါတယ်။ အခုနည်းပညာဟာ လူတစ်ယောက်ရဲ့ မျက်နှာကို ရိုက်ကူးထားတဲ့ ရုပ်ထွက်အရည်အသွေးမြင့်ပုံ လိုအပ်တဲ့ facial recognition မလုပ်နိုင်တဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်ပါတယ်။

“လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်ကို သိနိုင်ဖို့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု မလိုတော့ပါဘူး။ လူတွေရဲ့ လမ်းလျှောက်ဟန်ကို လေ့လာဆန်းစစ်မှုစနစ်ကို ခြေထော့လျှောက်တာ၊ ခြေထောက်ကားပြီးလမ်းလျှောက်တာ ဒါမှမဟုတ် ခါးကုန်းလမ်းလျှောက်တာ စတဲ့ အပြုအမူတွေနဲ့ မလှည့်စားနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသွင်အပြင်တွေကို စနစ်က လေ့လာဆန်းစစ်ပေးထားပါတယ်။

ပြီးခဲ့တဲ့လက gait recognition နည်းပညာတိုးတက်မှုနဲ့ ရောင်းချမှုကို အရှိန်မြှင့်တင်ဖို့ ငွေကြေး ယွမ်သန်း ၁၀၀ မတည်ထားတယ်လို့ Watrix ကထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ရဲတွေဟာ လူအုပ်တွေက လူတွေကို ခွဲခြားသိနိုင်ဖို့နဲ့ နမော်နမဲ့လမ်းလျှောက်သူတွေကို ဖမ်းဆီးဖို့ facialrecognition နည်းပညာကိုအသုံးပြုနေသလို အဲဒီစနစ်ကို လေ့လာစောင့်ကြည့်ရေး ကင်မရာအချက်အလက်ရဲ့ နိုင်ငံတော်ဆိုင်ရာစနစ်ထဲ ပေါင်းစပ်ဖို့ အကောင်အထည်ဖော်နေပါတယ်။

စိုးထက်
Ref: BangkokPost