August 19, 2018

လူမႈေရးအဆင့္နိမ့္ေသာ ႏိုင္ငံသားမ်ား ေလယာဥ္ႏွင့္ ရထားလက္မွတ္ ဝယ္ယူခြင့္ တ႐ုတ္ပိတ္ပင္မည္

[ Zawgyi ]

တ႐ုတ္ႏိုင္ငံရဲ႕ အမ်ိဳးသားတိုးတက္ေရးနဲ႔ ျပဳျပင္ေျပာင္းလဲေရးေကာ္မရွင္က ျဖန္႔ခ်ိလိုက္တဲ့ထုတ္ကုန္ေတြအရ တ႐ုတ္ႏိုင္ငံရဲ႕ ဖြံ႔ၿဖိဳးတိုးတက္လာတဲ့ လူမႈဖူလုံေရး “social credit” စနစ္မွာပါဝင္တဲ့ အဆင့္နိမ့္ႏိုင္ငံသားေတြဟာ ေလယာဥ္နဲ႔ ရထားလက္မွတ္ ဝယ္ယူမႈကို တစ္ႏွစ္အထိ ပိတ္ပင္ခံရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

တ႐ုတ္အစိုးရဟာ social credit စနစ္မွာ ႏိုင္ငံသားေတြရဲ႕ ျပစ္မႈက်ဴးလြန္မႈအမူအက်င့္နဲ႔ ဘ႑ာေရးအလြဲသုံးစားျပဳလုပ္မႈအျပင္ ေနထိုင္၊ ျပဳမူ၊ ဝယ္ယူမႈလိုမ်ိဳး အရာေတြကို အေျခခံၿပီး ႏိုင္ငံသားေတြကုိ အဆင့္သတ္မွတ္ထားပါတယ္။ ရမွတ္အနည္းဆုံးရတဲ့ တ႐ုတ္ႏို္င္ငံသားေတြက ကန္႔သတ္မႈေတြ၊ ျပစ္ဒဏ္ေတြနဲ႔ ရင္ဆုိင္ရပါတယ္။ တ႐ုတ္ဟာ ၂၀၂၀ ခုႏွစ္မွာ အဲဒီစနစ္ကို အျပည့္အဝ အသုံးခ်ဖို႔ ေဆာင္ရြက္ေနၿပီး စနစ္ရဲ႕ အေစာပုိင္းဗားရွင္းေတြကုိ အသုံးျပဳေနၿပီ ျဖစ္ပါတယ္။

အရင္တုန္းက တ႐ုတ္အစိုးရဟာ အေၾကြးမ်ားစြာရွိတဲ့ လူေတြအေပၚ ခရီးသြားလာမႈကန္႔သတ္ဖို႔ အာ႐ုံစိုက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပုိင္းက ျပည္သူ႔တရား႐ုံးခ်ဳပ္က နာမည္ပ်က္စာရင္းသြင္းထားတဲ့ LeEco နဲ႔ Faraday Future တည္ေထာင္သူ Jia Yueting လိုမ်ိဳး ပုဂၢိဳလ္ေတြအေပၚ ခရီးသြားလာမႈကန္႔သတ္ဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။

ခရီးသြားလာမႈ ကန္႔သတ္ခ်က္အသစ္ဟာ လူအဖြဲ႔အစည္းကို ဗဟိုကထိန္းခ်ဳပ္တဲ့ social engineering တိုးတက္လာတဲ့ သေဘာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ social credit စနစ္မွာ ႏို္င္ငံသား ၇ သန္းေက်ာ္ အမည္ပ်က္ စာရင္းသြင္းခံထားရပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမည္ပ်က္ စာရင္းသြင္းခံရႏိုင္ပါတယ္။ အၾကမ္းဖက္ဝါဒနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္အမွား ျဖန္႔ခ်ိသူေတြ၊ လက္မွတ္အေဟာင္းေတြနဲ႔ ေလယာဥ္စီးသူေတြ ဒါမွမဟုတ္ ရထားေတြေပၚမွာ ေဆးလိပ္ေသာက္သူေတြဟာ အမည္ပ်က္စာရင္း သြင္းခံရႏိုင္တယ္လို႔ Reuters ကေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ social credit စနစ္ဟာ ပြင့္လင္းျမင္သာမႈမရွိဘဲ လူသြားလမ္းမွာ စက္ဘီးေတြ ထားတာလိုမ်ိဳး ျပစ္မႈအေသးအဖြဲနဲ႔ေတာင္ အမည္ပ်က္စာရင္း သြင္းခံရႏိုင္ပါတယ္။ တ႐ုတ္ႏိုင္ငံသားေတြအေနနဲ႔ ဘယ္လိုအခ်က္ေတြနဲ႔ ျငိစြန္းလို႔ အမည္ပ်က္စာရင္း သြင္းခံရတယ္ဆုိတာကို မသိၾကပါဘူး။

စိုးထက္
Ref: TheVerge

==========

[ Unicode ]

လူမှုရေးအဆင့်နိမ့်သော နိုင်ငံသားများ လေယာဉ်နှင့် ရထားလက်မှတ် ဝယ်ယူခွင့် တရုတ်ပိတ်ပင်မည်

==========

တရုတ်နိုင်ငံရဲ့ အမျိုးသားတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်က ဖြန့်ချိလိုက်တဲ့ထုတ်ကုန်တွေအရ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ လူမှုဖူလုံရေး “social credit” စနစ်မှာပါဝင်တဲ့ အဆင့်နိမ့်နိုင်ငံသားတွေဟာ လေယာဉ်နဲ့ ရထားလက်မှတ် ဝယ်ယူမှုကို တစ်နှစ်အထိ ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

တရုတ်အစိုးရဟာ social credit စနစ်မှာ နိုင်ငံသားတွေရဲ့ ပြစ်မှုကျူးလွန်မှုအမူအကျင့်နဲ့ ဘဏ္ဍာရေးအလွဲသုံးစားပြုလုပ်မှုအပြင် နေထိုင်၊ ပြုမူ၊ ဝယ်ယူမှုလိုမျိုး အရာတွေကို အခြေခံပြီး နိုင်ငံသားတွေကို အဆင့်သတ်မှတ်ထားပါတယ်။ ရမှတ်အနည်းဆုံးရတဲ့ တရုတ်နို်င်ငံသားတွေက ကန့်သတ်မှုတွေ၊ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရပါတယ်။ တရုတ်ဟာ ၂၀၂၀ ခုနှစ်မှာ အဲဒီစနစ်ကို အပြည့်အဝ အသုံးချဖို့ ဆောင်ရွက်နေပြီး စနစ်ရဲ့ အစောပိုင်းဗားရှင်းတွေကို အသုံးပြုနေပြီ ဖြစ်ပါတယ်။

အရင်တုန်းက တရုတ်အစိုးရဟာ အကြွေးများစွာရှိတဲ့ လူတွေအပေါ် ခရီးသွားလာမှုကန့်သတ်ဖို့ အာရုံစိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ပြည်သူ့တရားရုံးချုပ်က နာမည်ပျက်စာရင်းသွင်းထားတဲ့ LeEco နဲ့ Faraday Future တည်ထောင်သူ Jia Yueting လိုမျိုး ပုဂ္ဂိုလ်တွေအပေါ် ခရီးသွားလာမှုကန့်သတ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ခရီးသွားလာမှု ကန့်သတ်ချက်အသစ်ဟာ လူအဖွဲ့အစည်းကို ဗဟိုကထိန်းချုပ်တဲ့ social engineering တိုးတက်လာတဲ့ သဘောဖြစ်ပြီး တရုတ်နိုင်ငံရဲ့ social credit စနစ်မှာ နို်င်ငံသား ရ သန်းကျော် အမည်ပျက် စာရင်းသွင်းခံထားရပါတယ်။ တရုတ်နိုင်ငံသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက် စာရင်းသွင်းခံရနိုင်ပါတယ်။ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်အမှား ဖြန့်ချိသူတွေ၊ လက်မှတ်အဟောင်းတွေနဲ့ လေယာဉ်စီးသူတွေ ဒါမှမဟုတ် ရထားတွေပေါ်မှာ ဆေးလိပ်သောက်သူတွေဟာ အမည်ပျက်စာရင်း သွင်းခံရနိုင်တယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ social credit စနစ်ဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ လူသွားလမ်းမှာ စက်ဘီးတွေ ထားတာလိုမျိုး ပြစ်မှုအသေးအဖွဲနဲ့တောင် အမည်ပျက်စာရင်း သွင်းခံရနိုင်ပါတယ်။ တရုတ်နိုင်ငံသားတွေအနေနဲ့ ဘယ်လိုအချက်တွေနဲ့ ငြိစွန်းလို့ အမည်ပျက်စာရင်း သွင်းခံရတယ်ဆိုတာကို မသိကြပါဘူး။

စိုးထက်
Ref: TheVerge