လုပ္ငန္းခြင္အႀကိဳ မူလတန္းဆရာအတတ္ပညာ သင္တန္းအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

လုပ္ငန္းခြင္အႀကိဳ မူလတန္းဆရာအတတ္ပညာသင္တန္း (PPTT) အမွတ္စဥ္ (၆/၁၉) အတြက္ သင္တန္းသားေတြ ေခၚယူေနပါတယ္။

သင္တန္းကို ဧၿပီလ ၁ ရက္မွစတင္ကာ ပညာေရးေကာလိပ္ေတြမွာ ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။ ေလွ်ာက္ထားသူေတြဟာ ျမန္မာႏိုင္ငံသား ျဖစ္ရမွာျဖစ္ၿပီး တကၠသိုလ္တစ္ခုခုမွ ဘြဲ႕တစ္ခုခု (ျမန္မာစာ၊ အဂၤလိပ္စာ၊ သခၤ်ာ၊ ႐ူပေဗဒ၊ ဓာတုေဗဒ၊ ႐ုကၡေဗဒ၊ သတၱေဗဒ၊ ေဘာဂေဗဒ၊ ပထ၀ီ၀င္၊ သမိုင္း၊ ကုန္ထုတ္ဓာတုေဗဒ၊ Microbiology, Biotechnology, Biochemistry, Environmental Studies, Geology, B.A (ျမန္မာမႈ)၊ B.A (ရသ)၊ B.A (ဂီတ)၊ B.A (သဘင္)၊ B.A (ပန္းခ်ီ)၊ B.A (ပန္းပု)၊ B.Sc(Sports), B.Econ (Stats), B.Com ရရွိၿပီးသူေတြ တက္ေရာက္ႏုိင္ပါတယ္။

ျပင္ပဘြဲ႕ရေတြ အေနနဲ႔ ၂၀၁၉ ခုႏွစ္၊ မတ္လ ၃၁ ရက္မွာ အသက္ (၃၀) ႏွစ္ထက္ မႀကီးသူ၊ ၀န္ထမ္းျဖစ္ပါက အၿမဲတမ္း၀န္ထမ္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ မတ္လ ၃၁ ရက္မွာ အသက္ (၃၅) ႏွစ္ထက္မႀကီးသူျဖစ္ဖို႔ လိုအပ္ၿပီး သက္ဆိုင္ရာဌာန၀န္ထမ္း အဖြဲ႕အစည္းအႀကီးအကဲရဲ႕ ခြင့္ျပဳခ်က္ကို ပူးတြဲတင္ျပရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားသူေတြအေနနဲ႔ အဂၤလိပ္စာ၊ ပညာေရးဆိုင္ရာ ဗဟုသုတေရးေျဖစာေမးပြဲနဲ႔ လူေတြ႕ႏႈတ္ေျဖကို သက္ဆိုင္ရာ ပညာေရးေကာလိပ္ေတြမွာ ေျဖဆိုရမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာကို ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၂၄ ရက္ထက္ ေနာက္မက်ဘဲ ေလွ်ာက္လႊာတင္မယ့္ ပညာေရးေကာလိပ္တည္ရွိရာ တိုင္းေဒသႀကီး/ျပည္နယ္ရွိ ၿမိဳ႕နယ္တစ္ခုကို ကုိယ္စားျပဳ၍ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြက္ ေတာင္ငူပညာေရးေကာလိပ္မွာ ေလွ်ာက္ထားႏိုင္ၿပီး ပညာေရး၀န္ႀကီးဌာန သို႔မဟုတ္ ဦးစီးဌာနသို႔ တိုက္႐ိုက္ေလွ်ာက္ထားျခင္းမျပဳရဘူးလို႔ သိရပါတယ္။

ေလွ်ာက္လႊာနဲ႔အတူ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ထုတ္ထားတဲ့ တကၠသိုလ္၀င္စာေမးပြဲေအာင္ျမင္တဲ့ အေထာက္အထား (မိတၲဴ)၊ ဘြဲ႔လက္မွတ္မိတၱဴ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား မိတၲဴနဲ႔ (၆) လအတြင္း ႐ိုက္ကူးထားတဲ့ ပတ္စ္ပို႔အရြယ္ ဓာတ္ပုံ (၂) ပုံတို႔ကို ပူးတြဲတင္ျပရမွာျဖစ္ပါတယ္။ သင္တန္းတက္ေရာက္ခြင့္ ရရွိသူေတြအေနနဲ႔ တကၠသိုလ္၀င္တန္းေအာင္ျမင္ေၾကာင္းနဲ႔ ဘြဲ႕ရရွိမႈအေထာက္အထား (မူရင္း) ကို တင္ျပရမွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၆/၁၉) အတွက် သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

သင်တန်းကို ဧပြီလ ၁ ရက်မှစတင်ကာ ပညာရေးကောလိပ်တွေမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသား ဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ကုန်ထုတ်ဓာတုဗေဒ၊ Microbiology, Biotechnology, Biochemistry, Environmental Studies, Geology, B.A (မြန်မာမှု)၊ B.A (ရသ)၊ B.A (ဂီတ)၊ B.A (သဘင်)၊ B.A (ပန်းချီ)၊ B.A (ပန်းပု)၊ B.Sc(Sports), B.Econ (Stats), B.Com ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။

ပြင်ပဘွဲ့ရတွေ အနေနဲ့ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ အသက် (၃၀) နှစ်ထက် မကြီးသူ၊ ၀န်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်မှာ အသက် (၃၅) နှစ်ထက်မကြီးသူဖြစ်ဖို့ လိုအပ်ပြီး သက်ဆိုင်ရာဌာနဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲရဲ့ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတရေးဖြေစာမေးပွဲနဲ့ လူတွေ့နှုတ်ဖြေကို သက်ဆိုင်ရာ ပညာရေးကောလိပ်တွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်ထက် နောက်မကျဘဲ လျှောက်လွှာတင်မယ့် ပညာရေးကောလိပ်တည်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်တစ်ခုကို ကိုယ်စားပြု၍ လျှောက်ထားရမှာဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးကောလိပ်မှာ လျှောက်ထားနိုင်ပြီး ပညာရေးဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားခြင်းမပြုရဘူးလို့ သိရပါတယ်။

လျှောက်လွှာနဲ့အတူ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်တဲ့ အထောက်အထား (မိတ္တူ)၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနဲ့ (၆) လအတွင်း ရိုက်ကူးထားတဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၂) ပုံတို့ကို ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့် ရရှိသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ကြောင်းနဲ့ ဘွဲ့ရရှိမှုအထောက်အထား (မူရင်း) ကို တင်ပြရမှာဖြစ်ပါတယ်။