လာမယ့္ႏွစ္မွာ စတင္ စမ္းသပ္မယ့္ ကားပ်ံအတြင္းခန္းကုိ Uber ျပသ

[ Zawgyi ]

Uber ရဲ႕ကားပ်ံဟာ စီးနင္းလိုက္ပါမယ့္သူေတြကုိ ၿမိဳ႕ေတာ္ေတြအမ်ိဳးမ်ိဳးဆီ ပို႔ေဆာင္ေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ကားပ်ံအတြင္းဘက္မွာ ခရီးေဆာင္အိတ္ေတြနဲ႔ ကေလးထိုင္ခုံအတြက္ အခန္းနဲ႔အတူ ထိုင္ခုံ ၄ ခုလည္း ပါဝင္တယ္လို႔ Uber ကေျပာထားပါတယ္။

Uber ဟာ လာမယ့္ႏွစ္အတြင္းမွာ ကားပ်ံကုိ စမ္းသပ္ပ်ံသန္းသြားပါမယ္။ အခုဆိုရင္ ကားပ်ံရဲ႕ အတြင္းခန္းနဲ႔ ယာဥ္ပ်ံသန္းမႈ အပါအဝင္ အစီအစဥ္မွာပါဝင္မယ့္ ဒီဇိုင္းသစ္ေတြကုိ အဂၤါေန႔က ထုတ္ေဖာ္ျပသလိုက္ပါတယ္။

တကၠစီအငွားဝန္ေဆာင္မႈနဲ႔ လူသိမ်ားၾကတဲ့ Uber ဟာ ကုမၸဏီရဲ႕ “Elevate” ဝန္ေဆာင္မႈ တစ္စိတ္တစ္ပိုင္း အျဖစ္ ခရီးသည္ေတြကုိ ပုိ႔ေဆာင္သြားမယ့္ ကားပ်ံကုိ ျပသခဲ့ပါတယ္။ အဲဒီကားပ်ံမွာ ထိုင္ခုံ ၄ ခု ထည့္သြင္းတဲ့ ခရီးသည္အခန္းကုိ ျပသခဲ့ပါတယ္။

Uber ရဲ႕လွ်ပ္စစ္ကားပ်ံ တကၠစီဟာ ခရီးတိုအကြာအေဝးေတြဆီ လူေတြကို ပုိ႔ေဆာင္ေပးသြားမွာပါ။ ေနာက္ပုိင္းမွာ ကားနဲ႔သြားလာတာထက္ ေဈးသက္သာမယ္လို႔ သိရပါတယ္။

ခရီးသည္လုိက္ပါမယ့္အခန္းကုိ အေမရိကန္ကုမၸဏီ Safran ကဒီဇိုင္းထုတ္ထားပါတယ္။ ခရီးသည္အခန္းမွာ အတြင္းပုိင္းကုိ လူလုပ္သားေရေတြနဲ႔ ဖန္တီးထားပါတယ္။ ကားပ်ံကုိ ေမာင္းႏွင္မယ့္သူ ထိုင္မယ့္ေနရာက သီးသန္႔အခန္း လုပ္ထားပါတယ္။

Uber အေနနဲ႔ လာမယ့္ႏွစ္အတြင္း စမ္းသပ္ပ်ံသန္းမႈကုိ စတင္ၿပီး ၂၀၂၃ အကုန္မွာ စီးပြားျဖစ္စီမံကိန္းေတြ ေဆာင္ရြက္ႏို္င္ဖုိ႔ စီစဥ္ထားပါတယ္။

ကားပ်ံထဲမွာ ဆိုဒ္ႀကီးခရီးေဆာင္အိတ္ ၄ လုံးဆံ့ၿပီး မိသားစုလိုက္ ခရီးသြားတဲ့အခါ ကေလးငယ္အတြင္း အထူးခုံလည္း ပါလာမယ္လို႔ Uber ကေျပာထားပါတယ္။

ခရီးသည္ေတြအေနနဲ႔ တစ္ကိုယ္ေရေအးေဆးစြာ ေနႏိုင္ဖို႔ ထိုင္ခုံေတြ အနည္းငယ္လွည့္ႏိုင္တဲ့အတြက္ ျပတင္းေပါက္အျပင္ကုိလည္း ၾကည့္ႏိုင္ပါတယ္။

လွ်ပ္စစ္စြမ္းအင္သုံးယာဥ္ေတြဟာ ရဟတ္ယာဥ္ေတြထက္ တိတ္ဆိတ္လုံၿခဳံၿပီး သဘာဝပတ္ဝန္းက်င္နဲ႔ ကိုက္ညီတယ္လို႔ Uber ကေျပာထားပါတယ္။

Uber ကလုပ္ကုိင္မယ့္ Elevate ဝန္ေဆာင္မႈကုိ ဒဲလက္စ္၊ တက္ဆက္စ္နဲ႔ ေလာ့အိန္ဂ်လိစ္မွာ စတင္သြားပါမယ္။ ၾသစေၾတးလ်က္ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕မွာလည္း စမ္းသပ္မႈ ျပဳလုပ္သြားမယ္လို႔ အဂၤါေန႔မွာ Uber က ထုတ္ျပန္ထားပါတယ္။

Uber အေနနဲ႔ ဝန္ေဆာင္မႈမွာ အသုံးျပဳမယ့္ ကားပ်ံယာဥ္ဒီဇိုင္းကို ဖန္တီးမယ့္ ၆ ခုေျမာက္ အင္ဂ်င္နီယာကုမၸဏီကုိ ထုတ္ျပန္သြားခဲ့ပါေသးတယ္။

အဲဒီကုမၸဏီအမည္က Jaunt Air Mobility ျဖစ္ၿပီး “ယာဥ္စတင္ပ်ံသန္းမႈကေန ဆင္းသက္တဲ့အထိ ခရီးသည္ေတြကို တိတ္ဆိတ္တဲ႔ပ်ံသန္းမႈ၊ လုံၿခဳံမႈအျပည့္အဝေပးၿပီး ယာဥ္အရည္အေသြး အဆင့္ျမႇင့္တင္မႈကို ေပးသြားမယ္” လို႔ ေျပာထားပါတယ္။

စိုးထက္
Ref: Telegraph

[ Unicode ]

Uber ရဲ့ကားပျံဟာ စီးနင်းလိုက်ပါမယ့်သူတွေကို မြို့တော်တွေအမျိုးမျိုးဆီ ပို့ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကားပျံအတွင်းဘက်မှာ ခရီးဆောင်အိတ်တွေနဲ့ ကလေးထိုင်ခုံအတွက် အခန်းနဲ့အတူ ထိုင်ခုံ ၄ ခုလည်း ပါဝင်တယ်လို့ Uber ကပြောထားပါတယ်။

Uber ဟာ လာမယ့်နှစ်အတွင်းမှာ ကားပျံကို စမ်းသပ်ပျံသန်းသွားပါမယ်။ အခုဆိုရင် ကားပျံရဲ့ အတွင်းခန်းနဲ့ ယာဉ်ပျံသန်းမှု အပါအဝင် အစီအစဉ်မှာပါဝင်မယ့် ဒီဇိုင်းသစ်တွေကို အင်္ဂါနေ့က ထုတ်ဖော်ပြသလိုက်ပါတယ်။

တက္ကစီအငှားဝန်ဆောင်မှုနဲ့ လူသိများကြတဲ့ Uber ဟာ ကုမ္ပဏီရဲ့ “Elevate” ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ခရီးသည်တွေကို ပို့ဆောင်သွားမယ့် ကားပျံကို ပြသခဲ့ပါတယ်။ အဲဒီကားပျံမှာ ထိုင်ခုံ ၄ ခု ထည့်သွင်းတဲ့ ခရီးသည်အခန်းကို ပြသခဲ့ပါတယ်။

Uber ရဲ့လျှပ်စစ်ကားပျံ တက္ကစီဟာ ခရီးတိုအကွာအဝေးတွေဆီ လူတွေကို ပို့ဆောင်ပေးသွားမှာပါ။ နောက်ပိုင်းမှာ ကားနဲ့သွားလာတာထက် ဈေးသက်သာမယ်လို့ သိရပါတယ်။

ခရီးသည်လိုက်ပါမယ့်အခန်းကို အမေရိကန်ကုမ္ပဏီ Safran ကဒီဇိုင်းထုတ်ထားပါတယ်။ ခရီးသည်အခန်းမှာ အတွင်းပိုင်းကို လူလုပ်သားရေတွေနဲ့ ဖန်တီးထားပါတယ်။ ကားပျံကို မောင်းနှင်မယ့်သူ ထိုင်မယ့်နေရာက သီးသန့်အခန်း လုပ်ထားပါတယ်။

Uber အနေနဲ့ လာမယ့်နှစ်အတွင်း စမ်းသပ်ပျံသန်းမှုကို စတင်ပြီး ၂၀၂၃ အကုန်မှာ စီးပွားဖြစ်စီမံကိန်းတွေ ဆောင်ရွက်နို်င်ဖို့ စီစဉ်ထားပါတယ်။

ကားပျံထဲမှာ ဆိုဒ်ကြီးခရီးဆောင်အိတ် ၄ လုံးဆံ့ပြီး မိသားစုလိုက် ခရီးသွားတဲ့အခါ ကလေးငယ်အတွင်း အထူးခုံလည်း ပါလာမယ်လို့ Uber ကပြောထားပါတယ်။

ခရီးသည်တွေအနေနဲ့ တစ်ကိုယ်ရေအေးဆေးစွာ နေနိုင်ဖို့ ထိုင်ခုံတွေ အနည်းငယ်လှည့်နိုင်တဲ့အတွက် ပြတင်းပေါက်အပြင်ကိုလည်း ကြည့်နိုင်ပါတယ်။

လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေဟာ ရဟတ်ယာဉ်တွေထက် တိတ်ဆိတ်လုံခြုံပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်လို့ Uber ကပြောထားပါတယ်။

Uber ကလုပ်ကိုင်မယ့် Elevate ဝန်ဆောင်မှုကို ဒဲလက်စ်၊ တက်ဆက်စ်နဲ့ လော့အိန်ဂျလိစ်မှာ စတင်သွားပါမယ်။ သြစတြေးလျက်နိုင်ငံ မဲလ်ဘုန်းမြို့မှာလည်း စမ်းသပ်မှု ပြုလုပ်သွားမယ်လို့ အင်္ဂါနေ့မှာ Uber က ထုတ်ပြန်ထားပါတယ်။

Uber အနေနဲ့ ဝန်ဆောင်မှုမှာ အသုံးပြုမယ့် ကားပျံယာဉ်ဒီဇိုင်းကို ဖန်တီးမယ့် ၆ ခုမြောက် အင်ဂျင်နီယာကုမ္ပဏီကို ထုတ်ပြန်သွားခဲ့ပါသေးတယ်။

အဲဒီကုမ္ပဏီအမည်က Jaunt Air Mobility ဖြစ်ပြီး “ယာဉ်စတင်ပျံသန်းမှုကနေ ဆင်းသက်တဲ့အထိ ခရီးသည်တွေကို တိတ်ဆိတ်တဲ့ပျံသန်းမှု၊ လုံခြုံမှုအပြည့်အဝပေးပြီး ယာဉ်အရည်အသွေး အဆင့်မြှင့်တင်မှုကို ပေးသွားမယ်” လို့ ပြောထားပါတယ်။

Ref: Telegraph