လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း feature သစ္ေတြကုိ Twitter စတင္ မိတ္ဆက္သြားမည္

[ Zawgyi ]

လြန္ခဲ့တဲ့လအနည္းငယ္က Twitter ဟာ platform ေပၚမွာ ပုိမိုေကာင္းမြန္တဲ့ စကားေျပာဆိုမႈေတြကုိ ျပဳလုပ္ေပးဖို႔ feature သစ္ေတြ စတင္ စမ္းသပ္ေနပါတယ္။ အဲဒီ အေျပာင္းအလဲဟာ လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း သုံးစြဲသူ အဖြဲ႕ေတြမွာ စမ္းသပ္မႈအျဖစ္ ျဖန္႔ခ်ိမွာျဖစ္တယ္လို႔ Engadget ကေျပာခဲ့ပါတယ္။

Twitter ဟာ ေအာက္တိုဘာလအတြင္း feature သစ္ေတြကုိ လက္ေတြ႕စမ္းသပ္ျပခဲ့ပါတယ္။ သုံးစြဲသူက online မွာရွိတဲ့အခါမွာ ေဆြးေႏြးမႈျပဳလုပ္ႏိုင္မယ့္ “ice breaker” tweet ေတြလည္း Twitter မွာ စမ္းသပ္သြားမွာ ျဖစ္ပါတယ္။ Slack လိုမ်ိဳး status update ေတြလည္း စမ္းသပ္မႈထဲမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။

Twitter ရဲ႕ အေစာပုိင္းအစီအစဥ္ အျဖစ္ platform ေပၚက အမုန္းစကားနဲ႔ ထိခိုက္နစ္နာေအာင္ ျပဳလုပ္မႈေလွ်ာ့ခ်တာနဲ႔ သုံးစြဲသူေတြအၾကား အျပဳသေဘာေဆာင္တဲ့အျမင္နဲ႔ အသုံးျပဳလာဖို႔ အေျပာင္းအလဲျပဳလုပ္လိုပါတယ္။ အခု အေျပာင္းအလဲဟာ ေႏွာင့္ယွက္မႈေတြကုိ တုိက္႐ိုက္မေျဖရွင္းႏိုင္ေပမယ့္ ပုိမိုရင္းႏွီးတဲ့ အျပန္အလွန္တု႔ံျပန္မႈ တြင္က်ယ္လာဖို႔ သုံးစြဲသူေတြနဲ႔ ပတ္သက္တဲ့ ဆက္စပ္အေၾကာင္းအရာေတြကုိ ေထာက္ပံ့ေပးႏိုင္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

လွန်ခဲ့တဲ့လအနည်းငယ်က Twitter ဟာ platform ပေါ်မှာ ပိုမိုကောင်းမွန်တဲ့ စကားပြောဆိုမှုတွေကို ပြုလုပ်ပေးဖို့ feature သစ်တွေ စတင် စမ်းသပ်နေပါတယ်။ အဲဒီ အပြောင်းအလဲဟာ လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း သုံးစွဲသူ အဖွဲ့တွေမှာ စမ်းသပ်မှုအဖြစ် ဖြန့်ချိမှာဖြစ်တယ်လို့ Engadget ကပြောခဲ့ပါတယ်။

Twitter ဟာ အောက်တိုဘာလအတွင်း feature သစ်တွေကို လက်တွေ့စမ်းသပ်ပြခဲ့ပါတယ်။ သုံးစွဲသူက online မှာရှိတဲ့အခါမှာ ဆွေးနွေးမှုပြုလုပ်နိုင်မယ့် “ice breaker” tweet တွေလည်း Twitter မှာ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ Slack လိုမျိုး status update တွေလည်း စမ်းသပ်မှုထဲမှာ ပါဝင်လာမယ်လို့ သိရပါတယ်။

Twitter ရဲ့ အစောပိုင်းအစီအစဉ် အဖြစ် platform ပေါ်က အမုန်းစကားနဲ့ ထိခိုက်နစ်နာအောင် ပြုလုပ်မှုလျှော့ချတာနဲ့ သုံးစွဲသူတွေအကြား အပြုသဘောဆောင်တဲ့အမြင်နဲ့ အသုံးပြုလာဖို့ အပြောင်းအလဲပြုလုပ်လိုပါတယ်။ အခု အပြောင်းအလဲဟာ နှောင့်ယှက်မှုတွေကို တိုက်ရိုက်မဖြေရှင်းနိုင်ပေမယ့် ပိုမိုရင်းနှီးတဲ့ အပြန်အလှန်တု့ံပြန်မှု တွင်ကျယ်လာဖို့ သုံးစွဲသူတွေနဲ့ ပတ်သက်တဲ့ ဆက်စပ်အကြောင်းအရာတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

Ref: TheVerge