လမ္းမီးတိုင္ေနရာမွာ လေရာင္အတုနဲ႔ အစားထိုးရန္ တ႐ုတ္ စီစဥ္ေန

[ Zawgyi ]

တ႐ုတ္ႏိုင္ငံဟာ ၂၀၂၀ ခုႏွစ္မွာ ခ်န္ဒူး အေနာက္ေတာင္မွာရိွတဲ့ ၿမိဳ႕က လမ္းမီးတိုင္ေတြေနရာမွာ အစားထိုးဖို႔အတြက္ လံုေလာက္တဲ့ အလင္းထုတ္လႊတ္ေပးႏိုင္တဲ့ “လ အတု” ေတြကို ဖန္တီးေနတယ္လို႔ သိရပါတယ္။

Illuminated satellite လို႔ေခၚတဲ့ အဆိုပါ “လ အတု” ဟာ “လ အစစ္” ထက္ ရွစ္ဆပိုမိုတဲ့အလင္းကို ထုတ္လႊတ္ေပးႏိုင္တယ္လို႔ ႏိုင္ငံပိုင္မီဒီယာျဖစ္တဲ့ People’s Daily က ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္သိပၸံပညာရွင္ေတြဟာ လာမယ့္ေလးႏွစ္အတြင္း “လ အတု” သံုးခုကို အာကာသထဲ လႊတ္တင္ဖို႔ စီစဥ္ေနပါတယ္။ မွန္တစ္ခ်ပ္လို အလင္းျပန္တဲ့အရာနဲ႔ ဖန္တီးထားတဲ့ အဆိုပါ “လ အတု” ေတြဟာ ကမ႓ာေျမအထက္ ကီလိုမီတာ ၅၀၀ မွာရိွတဲ့ ၿဂိဳဟ္ပတ္လမ္းကေန အခ်င္း ၁၀ ကီလိုမီတာကေန ၈၀ ကီလိုမီတာရိွတဲ့ အလင္းကို ထုတ္လႊတ္ေပးႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီပေရာဂ်က္ကို ေဆာင္ရြက္မယ့္ ခ်န္ဒူးအာကာသသိပၸံနဲ႔ မိုက္ခ႐ိုခ်စ္ပ္နည္းပညာသုေတသနအဖြဲ႕ ဥကၠ႒ Wun Chunfeng က illuminating satellite ဟာ ေနဝင္ရီတေရာလိုမ်ိဳး အလင္းကို ထုတ္လႊတ္ေပးႏိုင္တယ္လို႔ ေျပာပါတယ္။

အဆိုပါ “လ အတု” သံုးခုဟာ အထူးသျဖင့္ ေဆာင္းရာသီမွာ လွ်ပ္စစ္ဓာတ္အားသံုးစြဲမႈကို သိသိသာသာ ေလွ်ာ့ခ်ေပးႏိုင္လိမ့္မယ္လို႔ မစၥတာ Wu က ေျပာၾကားခဲ့ပါတယ္။

“လ အတု” ရဲ႕ အလင္းဟာ ခ်န္ဒူးရဲ႕ စတုရန္းကီလိုမီတာ ၅၀ ကို လႊမ္းၿခံဳႏိုင္ၿပီး လွ်ပ္စစ္ဓာတ္အား ကုန္က်စရိတ္ကို တစ္ႏွစ္ ယြမ္ ၁.၂ ဘီလ်ံ (ေဒၚလာ သန္း ၂၄၀) သက္သာေစမယ္လို႔ မစၥတာ Wu က ဆိုပါတယ္။

ဒါ့အျပင္ ငလ်င္လိုမ်ိဳး သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ လွ်ပ္စစ္မီးျပတ္ေတာက္မႈ ျဖစ္ပြားတဲ့ ေနရာေတြမွာလည္း အလင္းထုတ္ေပးရာမွာ အသံုးျပဳႏိုင္တယ္လို႔ သိရပါတယ္။

Ref: ABC

[ Unicode ]

တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ ချန်ဒူး အနောက်တောင်မှာရှိတဲ့ မြို့က လမ်းမီးတိုင်တွေနေရာမှာ အစားထိုးဖို့အတွက် လုံလောက်တဲ့ အလင်းထုတ်လွှတ်ပေးနိုင်တဲ့ “လ အတု” တွေကို ဖန်တီးနေတယ်လို့ သိရပါတယ်။

Illuminated satellite လို့ခေါ်တဲ့ အဆိုပါ “လ အတု” ဟာ “လ အစစ်” ထက် ရှစ်ဆပိုမိုတဲ့အလင်းကို ထုတ်လွှတ်ပေးနိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ People’s Daily က ဖော်ပြခဲ့ပါတယ်။

တရုတ်သိပ္ပံပညာရှင်တွေဟာ လာမယ့်လေးနှစ်အတွင်း “လ အတု” သုံးခုကို အာကာသထဲ လွှတ်တင်ဖို့ စီစဉ်နေပါတယ်။ မှန်တစ်ချပ်လို အလင်းပြန်တဲ့အရာနဲ့ ဖန်တီးထားတဲ့ အဆိုပါ “လ အတု” တွေဟာ ကမ႓ာမြေအထက် ကီလိုမီတာ ၅၀၀ မှာရှိတဲ့ ဂြိုဟ်ပတ်လမ်းကနေ အချင်း ၁၀ ကီလိုမီတာကနေ ၈၀ ကီလိုမီတာရှိတဲ့ အလင်းကို ထုတ်လွှတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီပရောဂျက်ကို ဆောင်ရွက်မယ့် ချန်ဒူးအာကာသသိပ္ပံနဲ့ မိုက်ခရိုချစ်ပ်နည်းပညာသုတေသနအဖွဲ့ ဥက္ကဋ္ဌ Wun Chunfeng က illuminating satellite ဟာ နေဝင်ရီတရောလိုမျိုး အလင်းကို ထုတ်လွှတ်ပေးနိုင်တယ်လို့ ပြောပါတယ်။

အဆိုပါ “လ အတု” သုံးခုဟာ အထူးသဖြင့် ဆောင်းရာသီမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်လို့ မစ္စတာ Wu က ပြောကြားခဲ့ပါတယ်။

“လ အတု” ရဲ့ အလင်းဟာ ချန်ဒူးရဲ့ စတုရန်းကီလိုမီတာ ၅၀ ကို လွှမ်းခြုံနိုင်ပြီး လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်ကို တစ်နှစ် ယွမ် ၁.၂ ဘီလျံ (ဒေါ်လာ သန်း ၂၄၀) သက်သာစေမယ်လို့ မစ္စတာ Wu က ဆိုပါတယ်။

ဒါ့အပြင် ငလျင်လိုမျိုး သဘာဝဘေးအန္တရာယ်တွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပွားတဲ့ နေရာတွေမှာလည်း အလင်းထုတ်ပေးရာမှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref: ABC