လန္ခ်န္း-မဲေခါင္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး လူငယ္မ်ားဆန္းသစ္တီထြင္မႈၿပိဳင္ပြဲတြင္ ရန္ကုန္တကၠသိုလ္မွ ေက်ာင္းသား ေက်ာင္းသူမ်ားဆုရရွိခဲ့

[Zawgyi]

စတုတၳအႀကိမ္ေျမာက္ လန္ခ်န္း-မဲေခါင္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး လူငယ္ေတြရဲ႕ ဆန္းသစ္တီထြင္မႈၿပိဳင္ပြဲ (Youth Innovation Competition on Lancang-Mekong Region’s Governance and Development-YICMG 2019 ) မွာ ျမန္မာႏုိင္ငံကိုယ္စားျပဳ ရန္ကုန္တကၠသိုလ္မွ ေက်ာင္းသား၊ ေက်ာင္းသူေတြ ဆုရရွိခဲ့ပါတယ္။

ၿပိဳင္ပြဲမွာ ” Green Consumption and Green Production” ေခါင္းစဥ္နဲ႔ ယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ျမန္မာႏိုင္ငံကိုယ္စားျပဳအသင္းျဖစ္တဲ့ ရန္ကုန္တကၠသိုလ္၊ ႐ူပေဗဒဘာသာရပ္အထူးျပဳ၊ ပထမႏွစ္ဂုဏ္ထူးတန္းမွ ေမာင္အုပ္စိုးေက်ာ္၊ မေမျမတ္ႏိုးဦး၊ ေမာင္ဇြဲထက္တို႔က The Best Project for Incubation Team Award ကို “Development of Hybrid Solar Dryer” ပေရာဂ်က္နဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ရန္ကုန္တကၠသိုလ္၊ ဓာတုေဗဒအထူးျပဳ မဟာသိပၸံေက်ာင္းသူ မခိုင္ျဖဴျဖဴသန္႔က ဦးေဆာင္ၿပီး လာအုိ္ႏုိင္ငံနဲ႔ ဗီယက္နမ္ႏုိင္ငံမွ ေက်ာင္းသား၊ ေက်ာင္းသူႏွစ္ဦးနဲ႔ ပူးေပါင္းေဆာင္ရြက္ကာယွဥ္ၿပိဳင္ခဲ့တဲ့ “Green for Future Website” ပေရာဂ်က္မွ ” The best International Team Award” ကိုထပ္မံရရွိခဲ့ပါတယ္။
အဆိုပါ ၿပိဳင္ပြဲကို ဇန္န၀ါရီ ၂၂ ရက္မွ ၂၆ ရက္ အထိ ကေမၻာဒီးယားႏုိင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕ရွိ Royal University of Phnom Penh မွာ က်င္းပခဲ့တာျဖစ္ၿပီး မဲေခါင္ေဒသတြင္း ႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွ ၿပိဳင္ပြဲ၀င္အသင္းသုံးသင္း၊ ျမန္မာႏိုင္ငံမွ ေလးသင္း၊ လာအိုႏိုင္ငံမွသုံးသင္း၊ ကေမၻာဒီးယားႏိုင္ငံမွ သုံးသင္း၊ ထိုင္းႏိုင္ငံမွ ႏွစ္သင္း၊ ဗီယက္နမ္ႏိုင္ငံမွ ေလးသင္း စုစုေပါင္း ၁၉ သင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၅၇ ဦး တုိ႔ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၾကပါတယ္။

[Unicode]

စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင်ဒေသဖွံ့ဖြိုးတိုးတက်ရေး လူငယ်တွေရဲ့ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ (Youth Innovation Competition on Lancang-Mekong Region’s Governance and Development-YICMG 2019 ) မှာ မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူတွေ ဆုရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာ ” Green Consumption and Green Production” ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအသင်းဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဘာသာရပ်အထူးပြု၊ ပထမနှစ်ဂုဏ်ထူးတန်းမှ မောင်အုပ်စိုးကျော်၊ မမေမြတ်နိုးဦး၊ မောင်ဇွဲထက်တို့က The Best Project for Incubation Team Award ကို “Development of Hybrid Solar Dryer” ပရောဂျက်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်၊ ဓာတုဗေဒအထူးပြု မဟာသိပ္ပံကျောင်းသူ မခိုင်ဖြူဖြူသန့်က ဦးဆောင်ပြီး လာအို်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူနှစ်ဦးနဲ့ ပူးပေါင်းဆောင်ရွက်ကာယှဉ်ပြိုင်ခဲ့တဲ့ “Green for Future Website” ပရောဂျက်မှ ” The best International Team Award” ကိုထပ်မံရရှိခဲ့ပါတယ်။
အဆိုပါ ပြိုင်ပွဲကို ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက် အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Royal University of Phnom Penh မှာ ကျင်းပခဲ့တာဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင်အသင်းသုံးသင်း၊ မြန်မာနိုင်ငံမှ လေးသင်း၊ လာအိုနိုင်ငံမှသုံးသင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ သုံးသင်း၊ ထိုင်းနိုင်ငံမှ နှစ်သင်း၊ ဗီယက်နမ်နိုင်ငံမှ လေးသင်း စုစုပေါင်း ၁၉ သင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၅၇ ဦး တို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါတယ်။