လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို Facebook မွပိတ္ပင္

[Zawgyi]

Facebook မွ ၎တို႔ရဲ႕ မူ၀ါဒႏွင့္ၿငိစြန္းေနေသာ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ထပ္မံပိတ္ပင္လုိက္တယ္လုိ႔ သိရပါတယ္။

ပိတ္ပင္လုိက္တဲ့ အဖြဲ႕အစည္းေတြကေတာ့ ရကၡိဳင့္တပ္မေတာ္၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္၊ ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ႏွင့္ တေအာင္းအမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ အဖြဲ႕အစည္း ေတြပဲျဖစ္ပါတယ္။

ယခင္က လည္း ျမန္မာ့စစ္တပ္အရာရွိမ်ားကို Facebook ကပိတ္ပင္ခဲ့ၿပီး ယခုအခါ လက္နက္ကိုင္အဖြဲ႕အစည္းေတြကို ထပ္မံ ပိတ္ပင္လုိက္ျခင္းပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံတြင္ ျဖစ္ပ်က္ေနေသာ တိုင္းရင္းသားအၾကမ္းဖက္မႈမ်ားဟာ ေၾကာက္မက္ဖြယ္ျဖစ္ၿပီး Facebook က ၎တို႔ရဲ႕ဝန္ေဆာင္မႈေတြကို မုန္းတီးမႈျဖန႔္ႏွံ႔ျခင္း၊ အၾကမ္းဖက္မႈမ်ားလႈံ႕ေဆာ္ျခင္း၊ သို႔မဟုတ္ နယ္ပယ္ အသီးသီးတြင္ အေျခအေနမ်ားတင္းမာလာေအာင္ ေဆာင္႐ြက္ျခင္းမ်ားအတြက္ အသုံးမျပဳေစလိုေသာေၾကာင့္ ျမန္မာႏိုင္ငံရွိ အႏၲရာယ္ရွိ ေသာအဖြဲ႕အစည္းမ်ားကို Facebook ေပၚမွပိတ္ပင္တားျမစ္ျခင္းကို တိုးျမႇင့္ေဆာင္႐ြက္တာ  ျဖစ္တယ္လုိ႔ သိရပါတယ္။

[Unicode]

Facebook မှ ၎င်းတို့ရဲ့ မူဝါဒနှင့်ငြိစွန်းနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ထပ်မံပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပိတ်ပင်လိုက်တဲ့ အဖွဲ့အစည်းတွေကတော့ ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် အဖွဲ့အစည်း တွေပဲဖြစ်ပါတယ်။

ယခင်က လည်း မြန်မာ့စစ်တပ်အရာရှိများကို Facebook ကပိတ်ပင်ခဲ့ပြီး ယခုအခါ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ထပ်မံ ပိတ်ပင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တိုင်းရင်းသားအကြမ်းဖက်မှုများဟာ ကြောက်မက်ဖွယ်ဖြစ်ပြီး Facebook က ၎င်းတို့ရဲ့ဝန်ဆောင်မှုတွေကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများတင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုသောကြောင့် မြန်မာနိုင်ငံရှိ အန္တရာယ်ရှိ သောအဖွဲ့အစည်းများကို Facebook ပေါ်မှပိတ်ပင်တားမြစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။