ရန္ကုန္ ႏိုင္ငံျခားဘာသာတကၠသိုလ္ ပါေမာကၡခ်ဳပ္ေဒါက္တာၾကည္ရႊင္ႏွင့္ ေတြ႕ဆံုျခင္း

[ Zawgyi ]

ႏိုင္ငံျခားဘာသာတကၠသိုလ္ (ရန္ကုန္) ရဲ႕လက္ရွိေဆာင္ရြက္ခ်က္ေတြ အေကာင္အထည္ေဖာ္ ဖို႔ စီစဥ္ေနတာေတြနဲ႔ ပတ္သက္ၿပီး ပါေမာကၡခ်ဳပ္ေဒါက္တာ ၾကည္ရႊင္ကို အင္တာနက္ဂ်ာနယ္ သတင္းေထာက္ မေဝေဝက ေတြ႕ဆံုေမးျမန္းထားတာ ျဖစ္ပါတယ္။

ဒီႏွစ္ ပညာသင္ႏွစ္မွာ ဝင္ခြင့္၊ သင္႐ိုးၫႊန္းတမ္းေတြနဲ႔ ပတ္သက္ၿပီး UFL အေနနဲ႔ဘယ္လို စိန္ေခၚမႈေတြ ႀကံဳခဲ့ပါသလဲ။ ဘာေတြ ေျပာင္းလဲခဲ့ပါသလဲ။

သင္႐ိုးၫႊန္းတမ္းကေတာ့ စိန္ေခၚမႈ အႀကီးဆုံးေနရာပါ။ အထူးသျဖင့္ သင္႐ိုးၫႊန္းတမ္းဟာ ႏိုင္ငံတကာနဲ႔ တန္းတူရွိဖို႔နဲ႔ ေက်ာင္း
သူ၊ ေက်ာင္းသားရဲ႕ တတ္ေျမာက္မႈကို အမွန္တကယ္ ေဖာ္ေဆာင္ေပးဖို႔ဆိုတာ အဲအခ်က္ႏွစ္ခ်က္နဲ႔ စိန္ေခၚမႈအရွိဆုံး ေနရာပါ။
ေက်ာင္းရဲ႕ ျပဳျပင္ေျပာင္းလဲမႈက ေတာ္ေတာ္ေလး လိုေသးပါတယ္။ တစ္ေက်ာင္းလုံးရဲ႕ အလုပ္တစ္ဝက္ ေက်ာ္ေက်ာ္ေလာက္ ဟာ သင္႐ိုးၫႊန္းတမ္းျပဳျပင္ ေျပာင္းလဲတာနဲ႔ သူ႔ရဲ႕ေနာက္ ဆက္တြဲအလုပ္ေတြျဖစ္ပါတယ္။ ေျပာင္းလဲခဲ့တာကေတာ့ သင္တဲ့သင္႐ိုးေတြကို ေျပာင္းတာထက္ စာရင္ သင္ၾကားပုံသင္ၾကား နည္းစနစ္ေတြ ေျပာင္းလဲခဲ့တာေပါ့။

သင္႐ိုးၫႊန္းတမ္း ေျပာင္းလဲတယ္ဆိုတာကေတာ့ တစ္ႏွစ္တည္းနဲ႔ ၿပီးတဲ့အလုပ္မဟုတ္ဘူး။ ဒီပလိုမာသင္တန္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ေရာ ေျပာင္းလဲမႈ တစ္စံုတစ္ရာရွိပါသလား။

ဒီပလိုမာ သင္တန္းေတြက မၾကာခင္မွာ ဖြင့္ေတာ့မယ္။ ေအာက္တိုဘာ ၁၅ ေလာက္မွာ ဝင္ခြင့္ေတြေခၚမယ္။ ႏို၀င္ဘာ ၁၇ ေနာက္ပိုင္းမွာ ဝင္ခြင့္စာေမးပြဲေတြ ေျဖဆိုဖို႔ေတြ ရွိပါတယ္။ သင္႐ိုးၫႊန္းတမ္းေတြနဲ႔ေတာ့ အေျပာင္းအလဲ မရွိပါဘူး။ အဂၤလိပ္စာ ေမးခြန္းေတြက ဝင္ခြင့္ စာေမးပြဲေမးတဲ့အခါမွာ အဂၤလိပ္စာေမးခြန္းဟာ ေမးခြန္းပုံစံ သတ္မွတ္ခ်က္ နဂိုထဲကမရွိပါဘူး။ ဒါေပမဲ့
အသစ္ေခၚယူမယ့္ ဘာသာရပ္ေတာ့ ရွိပါတယ္။ စပိန္ဘာသာကုိေတာ့ အသစ္ေခၚယူမွာပါ။ စပိန္ဘာသာကိုေတာ့ ဒီပလိုမာ
ေပးဖို႔ ရွိပါတယ္။

စပိန္ဘာသာ ဒီပလိုမာအေၾကာင္းကိုလည္း ရွင္းျပေပး ေစလိုပါတယ္။

အရင္အစိုးရလက္ထက္က စပိန္ဘာသာကို သင္ၾကားေစခ်င္ခဲ့တယ္။ စပိန္သံအမတ္ႀကီးနဲ႔ ေတြ႕တဲ့အခါမွာ စပိန္ဘာသာကို အထူးျပဳ တဲ့ဒီပလိုမာ သင္တန္းေတြနဲ႔ ပထမႏွစ္သင္တန္းေတြကို အျမန္ဆုံးဖြင့္ဖို႔ကို အႀကံျပဳခဲ့တယ္။ စပိန္အစိုးရနဲ႔ ကၽြန္ေတာ္တို႔နဲ႔ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ၿပီးမွ အခုေလာေလာဆယ္ေတာ့ ဒီပလိုမာ သင္တန္းကို အရင္စျဖစ္ခဲ့တယ္။ ၿပီးရင္ေတာ့ မာစတာ သင္တန္းဆက္ မယ္။ ၿပီးရင္ ဘြဲ႕ႀကိဳပထမႏွစ္သင္ တန္းကိုေတာ့ ၂၀၂၀ မွာ ဖြင့္ႏိုင္ေအာင္ ႀကိဳးစားမယ္။ သာမန္အားျဖင့္ေတာ့ ဒီပလိုမာ သင္တန္း
ဦးေရက နည္းပါးပါတယ္။ စပိန္ဘာသာသင္တန္းကေတာ့ Full Time Diploma ျဖစ္တဲ့အတြက္ ေက်ာင္းသူ၊ ေက်ာင္းသားေတြက ဒီေက်ာင္းဝန္းထဲမွာ ဒီပလိုမာလို႔ေျပာလည္း Morning Diploma လို Part time လည္း လာတာမဟုတ္ဘူး။ အခ်ိန္နည္းနည္း ပိုေပးရေတာ့ မ်ားေသာအားျဖင့္ လူ  ၂၀၊ ၃၀ ထက္ ပိုမ်ားေလ့မရွိဘူး။ ကြၽန္ေတာ္တို႔ကေတာ့ လာသမွ်ေက်ာင္းသားအကုန္ လက္ခံ မယ္လို႔ ရည္ရြယ္ထားတယ္။ စပိန္ဘာသာဌာန ဖြံ႕ၿဖိဳးဖို႔အတြက္ အျမန္ဆုံးလုပ္ရမွာပါ။ ဒီပလိုမာမွာ ဘြဲ႕ရသြားတဲ့အသက္ ၂၇ ႏွစ္
ေအာက္ အဲဒီလို ေက်ာင္းသူေလးေတြကို Training လုပ္ေပးဖို႔ ဒီတကၠသိုလ္မွာပဲ ဆရာ၊ ဆရာမအျဖစ္ အလုပ္ျပန္ ခန္႔ၿပီးမွ
ဒီဌာနကို တိုးခ်ဲ႕ရမယ့္ အေျခအေနရွိပါတယ္။ ဒီစပိန္ဘာသာကို စပိန္ဆရာမက တိုက္႐ိုက္လာပို႔ခ်မွာ ျဖစ္ပါတယ္။

ညေနပိုင္းသင္တန္းေတြမွာ ဘာသာရပ္ဘယ္ႏွစ္ခု သင္ေပးေနပါသလဲ။

ညေနပိုင္း သင္တန္းေတြက ဘာသာရပ္ ၁၁ ခုသင္ၾကားေနပါတယ္။ အသစ္ပါ၀င္လာတဲ့ ဘာသာရပ္ပါအပါအ၀င္ စပိန္၊ အီတာလ်ံတို႔ ပါ၀င္ပါတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ အိႏိၵယမွာရွိတဲ့ ဟိႏၵဴဘာသာစကားလည္း ပါလာမွာ ျဖစ္ပါတယ္။ ႏိုင္ငံျခား ဘာသာတကၠသိုလ္
အေနနဲ႔ သင္တန္းေတြမွာ စုစုေပါင္းလူဦးေရ ဘယ္ေလာက္ လက္ခံေနပါသလဲ၊ လူဦးေရထပ္တိုးဖို႔ေရာ အစီအစဥ္ရွိပါသလား။
ေက်ာင္းသူ၊ ေက်ာင္းသား အသစ္စုစုေပါင္း ၁၀၀၀ ေက်ာ္ကို လက္ခံသြားဖုိ႔ရွိတယ္။ အဂၤလိပ္စာကေတာ့ ၇၀၀ ေက်ာ္၊ ၈၀၀ ေလာက္ရွိမယ္။ က်န္တဲ့ဘာသာကေတာ့ ၂၅၀၊ ၃၀၀ ဆိုေတာ့ စုစုေပါင္း ၁၅၀၀ နီးပါးေလာက္ျဖစ္ မယ္ထင္တယ္။  ေက်ာင္းသားေဟာင္းေတြ အားလုံးေပါင္းဆိုေတာ့ အေဟာင္း၊ အသစ္ဆို ၃၅၀၀ ေလာက္ရွိမယ္။

UFL ရဲ႕ သင္ၾကားေရးမွာ Blockchain နည္းပညာ ပါ၀င္ လာမယ္လို႔ သိရပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့လည္း သိပါရေစ။

Blockchain နည္းပညာ သင္ၾကားေရး နည္းစနစ္ထဲမွာ ICT လုပ္ငန္းပါလာတဲ့ သေဘာ ျဖစ္ပါတယ္။ BlueOcean ကုမၸဏီနဲ႔ ပူးေပါင္းေဆာင္ရြက္ ေနပါတယ္။ အဲလိုေဆာင္ရြက္တဲ့ အခါမွာ ေက်ာင္းသူ၊ ေက်ာင္းသားေတြဟာ စာသင္ခန္းထဲမွာ Attendance ယူတာတို႔ သင္ခန္းစာေတြကို အိမ္စာေပးတာတို႔၊ သင္ခန္းစာေတြအေပၚမွာ ဆရာ၊ ဆရာမနဲ႔ ေဆြးေႏြးတာ၊ ေက်ာင္းသူ၊ ေက်ာင္းသားေတြရဲ႕ ရလဒ္ကို ထုတ္ျပန္ေၾကညာတာ၊ Tutorial လုပ္တာ၊ Assigment လုပ္တာ၊ စာၾကည့္တိုက္မွာ စာဖတ္တာ
တို႔၊ အားလုံးဟာ မိုဘုိင္း ဖုန္းေပၚက ေလွ်ာက္သြားမွာ ျဖစ္ပါတယ္။ လာမယ့္ ဒီဇင္ဘာလကစၿပီး ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။

UFL အေနနဲ႔ အျခားျပည္ တြင္း၊ ျပည္ပတကၠသိုလ္ေတြနဲ႔ Exchange Program ေတြ လုပ္ေနတာမ်ိဳး ရွိပါသလား၊ လုပ္သြားမယ့္ အစီအစဥ္ေရာရွိပါသလား။

Program Exchange ေတာ့မရွိပါဘူး။ Student Exchange ေတာ့ရွိပါတယ္။ ဒီက ေက်ာင္းသားေတြသြားတယ္။ ဟုိက ေက်ာင္းသားေတြ လက္ခံတယ္။ ႏိုင္ငံတကာ တကၠသိုလ္ ၄၀ နီးပါးနဲ႔ MOU ထိုးထားပါတယ္။ ဒီႏိုင္ငံမွာ ပုံမွန္ပညာလာသင္ေနတဲ့ ႏိုင္ငံ ၃၇ ႏိုင္ငံရွိပါတယ္။ တစ္ႏွစ္တစ္ႏွစ္ကို ႏိုင္ငံ ၁၁ ႏိုင္ငံ ၁၂ ႏိုင္ငံကေက်ာင္းသူ၊ ေက်ာင္းသား ၃၅၀ လာပါတယ္။ Ex-change Program ဆိုတာ Student Exchange ကေတာ့ ရွိပါတယ္။ Program level Exchange ကေတာ့ ႏိုင္ငံတကာ တကၠသုိလ္က Program ေတြဒီမွာ
လာဖြင့္တာတို႔ ဒီက Program ေတြ ဟိုမွာသြားဖြင့္တို႔ ကလည္း စီစဥ္ထားတဲ့အဆင့္ပဲ ရွိပါတယ္ မစႏိုင္ေသးပါဘူး။

ေက်ာင္းသားေဟာင္းေတြနဲ႔ ေပါင္းၿပီး e-Government ပုံစံမ်ိဳး လုပ္မယ္ဆိုတာလည္း သိခ်င္ပါတယ္။

ေက်ာင္းရဲ႕ အင္တာနက္ ကြန္ပ်ဴတာ ICT စနစ္ႀကီးတစ္ခုလုံးကို ေျပာင္းလိုက္မွာ ျဖစ္ပါတယ္။ ႐ံုးေတြ ဌာနေတြ အားလုံးဟာ Cloud တစ္ခု ေပၚမွာလည္းအလုပ္လုပ္မယ္။ အြန္လုိင္းေပၚမွာ Cloud တစ္ခုေပၚမွာ အလုပ္လုပ္မယ္။ အခ်က္အလက္ေတြ အားလုံးကလည္း စနစ္က်တဲ့ Database System ကလည္း တစ္ေနရာထဲမွာ ရွိပါတယ္။ ေက်ာင္းသူ၊ ေက်ာင္းသားေတြကိုလည္း ဝန္ေဆာင္မႈက ေက်ာင္း
သားကတ္နဲ႔ စေပးေတာ့မွာပါ။ ေစ်းဝယ္တာ၊ ေက်ာင္းလခသြင္းတာ၊ ကန္တင္းမွာ ထမင္းစားတာ၊ ဘာမဆို အားလုံးျပင္ပေလာ
ကထဲ ထြက္သြားတဲ့အထိ အားလုံးက အြန္လုိင္းေပၚမွာပဲ ရွိႏိုင္တဲ့ စနစ္တစ္ခု MIH (Myanmar Information Highway) လို႔ေခၚ
တဲ့ ထုိင္းကုမၸဏီက အစအဆုံး နည္းပညာအခမဲ့ အကူအညီေပးေနတာပါ။ ပစၥည္းေတြ ဝယ္ၾကမယ္ အဲဒီအခါမွာ ႏိုင္ငံေတာ္ ဘတ္ဂ်က္နဲ႔လည္းသုံးမယ္ ေက်ာင္းဘတ္ဂ်က္နဲ႔လည္း သုံးမယ္၊ အလွဴရွင္နဲ႔လည္း သုံးဖို႔ရွိပါတယ္။ အဲဒါကေတာ့ လာမယ့္ ေအာက္
တိုဘာလ ၃ ရက္ဆို အစည္းအေဝးစပါၿပီ။ အျမန္ဆုံးအေကာင္ အထည္ေဖာ္သြားမွာပါ။ Full ျဖစ္ဖို႔ကေတာ့ ၂ ႏွစ္ေလာက္ေတာ့
အခ်ိန္လိုမွာပါ။

UFL ဝင္ခြင့္ေလွ်ာက္ထား သူေတြဟာ လက္ခံမႈထက္မ်ား ျပားတတ္တယ္လို႔ သိရပါတယ္။ ဒီႏွစ္မွာေရာ ေက်ာင္းသား ဘယ္ေလာက္ကို လက္ခံခဲ့ပါသလဲ။

ပထမႏွစ္ဝင္ခြင့္ စာရင္းကေတာ့ ထြက္သြားပါၿပီ။ ၁၀၅၂ ဦး လက္ခံခဲ့ပါတယ္။ ေၾကညာခဲ့ တာကေတာ့ ၈၀၀ ေပါ့။

ဘြဲ႕ႀကိဳဘာသာရပ္အေနနဲ႔ အသစ္ေတြထပ္ၿပီး သင္ၾကားဖုိ႔ ရွိပါသလား။

၂၀၂၀ ခုနစ္မွာ ဘြဲ႕ႀကိဳ ဘာသာရပ္အသစ္ျဖစ္တဲ့ ပထမဦးစားေပး စပိန္၊ အီတာလ်ံကို ဖြင့္ဖို႔ ႀကိဳးစားေနပါတယ္။ ေနာက္အစိုးရ အခ်င္းခ်င္းေဆြးေႏြး ေနတာကေတာ့ အိႏိၵယမွာရွိတဲ့ ဟိႏၵဴဘာသာစကား ျဖစ္ပါတယ္။

ျဖည့္စြက္ေျပာလိုတာရွိရင္လည္း သိလိုပါတယ္။

ေက်ာင္းရဲ႕ အဓိကပုဂၢိဳလ္ေတြျဖစ္တဲ့ ေက်ာင္းသားေဟာင္း မ်ားနဲ႔ ေတာ္ေတာ္ေလး ခ်ိတ္ဆက္မိေနပါၿပီ။ ေက်ာင္းသား ေဟာင္းေတြက တကၠသိုလ္ရဲ႕ လုပ္ငန္းေတြကို ထိထိေရာက္ေရာက္ ဝင္ကူညီႏိုင္တ့ဲ အေျခအေနေရာက္သြားပါၿပီ။ ဒုတိယကေတာ့ လုပ္ငန္းရွင္မ်ားပါ၊ ကၽြန္ေတာ္တို႔ရဲ႕ ဘြဲ႕ရေက်ာင္းသားေတြကို အလုပ္ေပးမယ့္ လုပ္ငန္းရွင္မ်ားကေတာ့ ဒုတိယ ေျခလွမ္းပါ။ လုပ္ငန္းရွင္ေတြနဲ႔ အလုပ္႐ံု
ေဆြးေႏြးပြဲေတြ ျပဳလုပ္ ၿပီး YUFL ရဲ႕ ေက်ာင္းသားဘြဲ႕ရေတြကို ဘယ္လိုေတြ ႀကိဳက္တယ္ မႀကိဳက္ဘူးဆိုတာ ေဆြးေႏြးၿပီး Internship ေတြ လႊတ္ဖို႔ရွိပါတယ္။ ဒါေတြကေတာ့ ေနာက္ေျခလွမ္းေတြပါ။

ေက်းဇူးတင္ပါတယ္။

-ေဝေဝ

[ Unicode ]

နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်) ရဲ့လက်ရှိဆောင်ရွက်ချက်တွေ အကောင်အထည်ဖော် ဖို့ စီစဉ်နေတာတွေနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဒေါက်တာ ကြည်ရွှင်ကို အင်တာနက်ဂျာနယ် သတင်းထောက် မဝေဝေက တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ဒီနှစ် ပညာသင်နှစ်မှာ ဝင်ခွင့်၊ သင်ရိုးညွှန်းတမ်းတွေနဲ့ ပတ်သက်ပြီး UFL အနေနဲ့ဘယ်လို စိန်ခေါ်မှုတွေ ကြုံခဲ့ပါသလဲ။ ဘာတွေ ပြောင်းလဲခဲ့ပါသလဲ။

သင်ရိုးညွှန်းတမ်းကတော့ စိန်ခေါ်မှု အကြီးဆုံးနေရာပါ။ အထူးသဖြင့် သင်ရိုးညွှန်းတမ်းဟာ နိုင်ငံတကာနဲ့ တန်းတူရှိဖို့နဲ့ ကျောင်း
သူ၊ ကျောင်းသားရဲ့ တတ်မြောက်မှုကို အမှန်တကယ် ဖော်ဆောင်ပေးဖို့ဆိုတာ အဲအချက်နှစ်ချက်နဲ့ စိန်ခေါ်မှုအရှိဆုံး နေရာပါ။
ကျောင်းရဲ့ ပြုပြင်ပြောင်းလဲမှုက တော်တော်လေး လိုသေးပါတယ်။ တစ်ကျောင်းလုံးရဲ့ အလုပ်တစ်ဝက် ကျော်ကျော်လောက် ဟာ သင်ရိုးညွှန်းတမ်းပြုပြင် ပြောင်းလဲတာနဲ့ သူ့ရဲ့နောက် ဆက်တွဲအလုပ်တွေဖြစ်ပါတယ်။ ပြောင်းလဲခဲ့တာကတော့ သင်တဲ့သင်ရိုးတွေကို ပြောင်းတာထက် စာရင် သင်ကြားပုံသင်ကြား နည်းစနစ်တွေ ပြောင်းလဲခဲ့တာပေါ့။

သင်ရိုးညွှန်းတမ်း ပြောင်းလဲတယ်ဆိုတာကတော့ တစ်နှစ်တည်းနဲ့ ပြီးတဲ့အလုပ်မဟုတ်ဘူး။ ဒီပလိုမာသင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ရော ပြောင်းလဲမှု တစ်စုံတစ်ရာရှိပါသလား။

ဒီပလိုမာ သင်တန်းတွေက မကြာခင်မှာ ဖွင့်တော့မယ်။ အောက်တိုဘာ ၁၅ လောက်မှာ ဝင်ခွင့်တွေခေါ်မယ်။ နိုဝင်ဘာ ၁၇ နောက်ပိုင်းမှာ ဝင်ခွင့်စာမေးပွဲတွေ ဖြေဆိုဖို့တွေ ရှိပါတယ်။ သင်ရိုးညွှန်းတမ်းတွေနဲ့တော့ အပြောင်းအလဲ မရှိပါဘူး။ အင်္ဂလိပ်စာ မေးခွန်းတွေက ဝင်ခွင့် စာမေးပွဲမေးတဲ့အခါမှာ အင်္ဂလိပ်စာမေးခွန်းဟာ မေးခွန်းပုံစံ သတ်မှတ်ချက် နဂိုထဲကမရှိပါဘူး။ ဒါပေမဲ့
အသစ်ခေါ်ယူမယ့် ဘာသာရပ်တော့ ရှိပါတယ်။ စပိန်ဘာသာကိုတော့ အသစ်ခေါ်ယူမှာပါ။ စပိန်ဘာသာကိုတော့ ဒီပလိုမာ
ပေးဖို့ ရှိပါတယ်။

စပိန်ဘာသာ ဒီပလိုမာအကြောင်းကိုလည်း ရှင်းပြပေး စေလိုပါတယ်။

အရင်အစိုးရလက်ထက်က စပိန်ဘာသာကို သင်ကြားစေချင်ခဲ့တယ်။ စပိန်သံအမတ်ကြီးနဲ့ တွေ့တဲ့အခါမှာ စပိန်ဘာသာကို အထူးပြု တဲ့ဒီပလိုမာ သင်တန်းတွေနဲ့ ပထမနှစ်သင်တန်းတွေကို အမြန်ဆုံးဖွင့်ဖို့ကို အကြံပြုခဲ့တယ်။ စပိန်အစိုးရနဲ့ ကျွန်တော်တို့နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီးမှ အခုလောလောဆယ်တော့ ဒီပလိုမာ သင်တန်းကို အရင်စဖြစ်ခဲ့တယ်။ ပြီးရင်တော့ မာစတာ သင်တန်းဆက် မယ်။ ပြီးရင် ဘွဲ့ကြိုပထမနှစ်သင် တန်းကိုတော့ ၂၀၂၀ မှာ ဖွင့်နိုင်အောင် ကြိုးစားမယ်။ သာမန်အားဖြင့်တော့ ဒီပလိုမာ သင်တန်း
ဦးရေက နည်းပါးပါတယ်။ စပိန်ဘာသာသင်တန်းကတော့ Full Time Diploma ဖြစ်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေက ဒီကျောင်းဝန်းထဲမှာ ဒီပလိုမာလို့ပြောလည်း Morning Diploma လို Part time လည်း လာတာမဟုတ်ဘူး။ အချိန်နည်းနည်း ပိုပေးရတော့ များသောအားဖြင့် လူ ၂၀၊ ၃၀ ထက် ပိုများလေ့မရှိဘူး။ ကျွန်တော်တို့ကတော့ လာသမျှကျောင်းသားအကုန် လက်ခံ မယ်လို့ ရည်ရွယ်ထားတယ်။ စပိန်ဘာသာဌာန ဖွံ့ဖြိုးဖို့အတွက် အမြန်ဆုံးလုပ်ရမှာပါ။ ဒီပလိုမာမှာ ဘွဲ့ရသွားတဲ့အသက် ၂၇ နှစ်
အောက် အဲဒီလို ကျောင်းသူလေးတွေကို Training လုပ်ပေးဖို့ ဒီတက္ကသိုလ်မှာပဲ ဆရာ၊ ဆရာမအဖြစ် အလုပ်ပြန် ခန့်ပြီးမှ
ဒီဌာနကို တိုးချဲ့ရမယ့် အခြေအနေရှိပါတယ်။ ဒီစပိန်ဘာသာကို စပိန်ဆရာမက တိုက်ရိုက်လာပို့ချမှာ ဖြစ်ပါတယ်။

ညနေပိုင်းသင်တန်းတွေမှာ ဘာသာရပ်ဘယ်နှစ်ခု သင်ပေးနေပါသလဲ။

ညနေပိုင်း သင်တန်းတွေက ဘာသာရပ် ၁၁ ခုသင်ကြားနေပါတယ်။ အသစ်ပါ၀င်လာတဲ့ ဘာသာရပ်ပါအပါအဝင် စပိန်၊ အီတာလျံတို့ ပါ၀င်ပါတယ်။ နောက်ပိုင်းကျရင်တော့ အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘာသာစကားလည်း ပါလာမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ဘာသာတက္ကသိုလ်
အနေနဲ့ သင်တန်းတွေမှာ စုစုပေါင်းလူဦးရေ ဘယ်လောက် လက်ခံနေပါသလဲ၊ လူဦးရေထပ်တိုးဖို့ရော အစီအစဉ်ရှိပါသလား။
ကျောင်းသူ၊ ကျောင်းသား အသစ်စုစုပေါင်း ၁၀၀၀ ကျော်ကို လက်ခံသွားဖို့ရှိတယ်။ အင်္ဂလိပ်စာကတော့ ရ၀၀ ကျော်၊ ၈၀၀ လောက်ရှိမယ်။ ကျန်တဲ့ဘာသာကတော့ ၂၅၀၊ ၃၀၀ ဆိုတော့ စုစုပေါင်း ၁၅၀၀ နီးပါးလောက်ဖြစ် မယ်ထင်တယ်။ ကျောင်းသားဟောင်းတွေ အားလုံးပေါင်းဆိုတော့ အဟောင်း၊ အသစ်ဆို ၃၅၀၀ လောက်ရှိမယ်။

UFL ရဲ့ သင်ကြားရေးမှာ Blockchain နည်းပညာ ပါ၀င် လာမယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း သိပါရစေ။

Blockchain နည်းပညာ သင်ကြားရေး နည်းစနစ်ထဲမှာ ICT လုပ်ငန်းပါလာတဲ့ သဘော ဖြစ်ပါတယ်။ BlueOcean ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်။ အဲလိုဆောင်ရွက်တဲ့ အခါမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ စာသင်ခန်းထဲမှာ Attendance ယူတာတို့ သင်ခန်းစာတွေကို အိမ်စာပေးတာတို့၊ သင်ခန်းစာတွေအပေါ်မှာ ဆရာ၊ ဆရာမနဲ့ ဆွေးနွေးတာ၊ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရလဒ်ကို ထုတ်ပြန်ကြေညာတာ၊ Tutorial လုပ်တာ၊ Assigment လုပ်တာ၊ စာကြည့်တိုက်မှာ စာဖတ်တာ
တို့၊ အားလုံးဟာ မိုဘိုင်း ဖုန်းပေါ်က လျှောက်သွားမှာ ဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလကစပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

UFL အနေနဲ့ အခြားပြည် တွင်း၊ ပြည်ပတက္ကသိုလ်တွေနဲ့ Exchange Program တွေ လုပ်နေတာမျိုး ရှိပါသလား၊ လုပ်သွားမယ့် အစီအစဉ်ရောရှိပါသလား။

Program Exchange တော့မရှိပါဘူး။ Student Exchange တော့ရှိပါတယ်။ ဒီက ကျောင်းသားတွေသွားတယ်။ ဟိုက ကျောင်းသားတွေ လက်ခံတယ်။ နိုင်ငံတကာ တက္ကသိုလ် ၄၀ နီးပါးနဲ့ MOU ထိုးထားပါတယ်။ ဒီနိုင်ငံမှာ ပုံမှန်ပညာလာသင်နေတဲ့ နိုင်ငံ ၃၇ နိုင်ငံရှိပါတယ်။ တစ်နှစ်တစ်နှစ်ကို နိုင်ငံ ၁၁ နိုင်ငံ ၁၂ နိုင်ငံကကျောင်းသူ၊ ကျောင်းသား ၃၅၀ လာပါတယ်။ Ex-change Program ဆိုတာ Student Exchange ကတော့ ရှိပါတယ်။ Program level Exchange ကတော့ နိုင်ငံတကာ တက္ကသိုလ်က Program တွေဒီမှာ
လာဖွင့်တာတို့ ဒီက Program တွေ ဟိုမှာသွားဖွင့်တို့ ကလည်း စီစဉ်ထားတဲ့အဆင့်ပဲ ရှိပါတယ် မစနိုင်သေးပါဘူး။

ကျောင်းသားဟောင်းတွေနဲ့ ပေါင်းပြီး e-Government ပုံစံမျိုး လုပ်မယ်ဆိုတာလည်း သိချင်ပါတယ်။

ကျောင်းရဲ့ အင်တာနက် ကွန်ပျူတာ ICT စနစ်ကြီးတစ်ခုလုံးကို ပြောင်းလိုက်မှာ ဖြစ်ပါတယ်။ ရုံးတွေ ဌာနတွေ အားလုံးဟာ Cloud တစ်ခု ပေါ်မှာလည်းအလုပ်လုပ်မယ်။ အွန်လိုင်းပေါ်မှာ Cloud တစ်ခုပေါ်မှာ အလုပ်လုပ်မယ်။ အချက်အလက်တွေ အားလုံးကလည်း စနစ်ကျတဲ့ Database System ကလည်း တစ်နေရာထဲမှာ ရှိပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေကိုလည်း ဝန်ဆောင်မှုက ကျောင်း
သားကတ်နဲ့ စပေးတော့မှာပါ။ စျေးဝယ်တာ၊ ကျောင်းလခသွင်းတာ၊ ကန်တင်းမှာ ထမင်းစားတာ၊ ဘာမဆို အားလုံးပြင်ပလော
ကထဲ ထွက်သွားတဲ့အထိ အားလုံးက အွန်လိုင်းပေါ်မှာပဲ ရှိနိုင်တဲ့ စနစ်တစ်ခု MIH (Myanmar Information Highway) လို့ခေါ်
တဲ့ ထိုင်းကုမ္ပဏီက အစအဆုံး နည်းပညာအခမဲ့ အကူအညီပေးနေတာပါ။ ပစ္စည်းတွေ ဝယ်ကြမယ် အဲဒီအခါမှာ နိုင်ငံတော် ဘတ်ဂျက်နဲ့လည်းသုံးမယ် ကျောင်းဘတ်ဂျက်နဲ့လည်း သုံးမယ်၊ အလှူရှင်နဲ့လည်း သုံးဖို့ရှိပါတယ်။ အဲဒါကတော့ လာမယ့် အောက်
တိုဘာလ ၃ ရက်ဆို အစည်းအဝေးစပါပြီ။ အမြန်ဆုံးအကောင် အထည်ဖော်သွားမှာပါ။ Full ဖြစ်ဖို့ကတော့ ၂ နှစ်လောက်တော့
အချိန်လိုမှာပါ။

UFL ဝင်ခွင့်လျှောက်ထား သူတွေဟာ လက်ခံမှုထက်များ ပြားတတ်တယ်လို့ သိရပါတယ်။ ဒီနှစ်မှာရော ကျောင်းသား ဘယ်လောက်ကို လက်ခံခဲ့ပါသလဲ။

ပထမနှစ်ဝင်ခွင့် စာရင်းကတော့ ထွက်သွားပါပြီ။ ၁၀၅၂ ဦး လက်ခံခဲ့ပါတယ်။ ကြေညာခဲ့ တာကတော့ ၈၀၀ ပေါ့။

ဘွဲ့ကြိုဘာသာရပ်အနေနဲ့ အသစ်တွေထပ်ပြီး သင်ကြားဖို့ ရှိပါသလား။

၂၀၂၀ ခုနစ်မှာ ဘွဲ့ကြို ဘာသာရပ်အသစ်ဖြစ်တဲ့ ပထမဦးစားပေး စပိန်၊ အီတာလျံကို ဖွင့်ဖို့ ကြိုးစားနေပါတယ်။ နောက်အစိုးရ အချင်းချင်းဆွေးနွေး နေတာကတော့ အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘာသာစကား ဖြစ်ပါတယ်။

ဖြည့်စွက်ပြောလိုတာရှိရင်လည်း သိလိုပါတယ်။

ကျောင်းရဲ့ အဓိကပုဂ္ဂိုလ်တွေဖြစ်တဲ့ ကျောင်းသားဟောင်း များနဲ့ တော်တော်လေး ချိတ်ဆက်မိနေပါပြီ။ ကျောင်းသား ဟောင်းတွေက တက္ကသိုလ်ရဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဝင်ကူညီနိုင်တဲ့ အခြေအနေရောက်သွားပါပြီ။ ဒုတိယကတော့ လုပ်ငန်းရှင်များပါ၊ ကျွန်တော်တို့ရဲ့ ဘွဲ့ရကျောင်းသားတွေကို အလုပ်ပေးမယ့် လုပ်ငန်းရှင်များကတော့ ဒုတိယ ခြေလှမ်းပါ။ လုပ်ငန်းရှင်တွေနဲ့ အလုပ်ရုံ
ဆွေးနွေးပွဲတွေ ပြုလုပ် ပြီး YUFL ရဲ့ ကျောင်းသားဘွဲ့ရတွေကို ဘယ်လိုတွေ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဆွေးနွေးပြီး Internship တွေ လွှတ်ဖို့ရှိပါတယ်။ ဒါတွေကတော့ နောက်ခြေလှမ်းတွေပါ။

ကျေးဇူးတင်ပါတယ်။