ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ တည္းခိုခန္းလုပ္ကိုင္သူမ်ား အြန္လိုင္းမွတစ္ဆင့္ စာရင္းေပးသြင္းႏိုင္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီးအတြင္းက တည္းခိုခန္းလုပ္ငန္း လုပ္ကိုင္သူေတြအေနနဲ႔ အြန္လိုင္းကေနတစ္ဆင့္ စာရင္းေပးသြင္းႏိုင္မွာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲရဲ႕ ပင္မစာမ်က္ႏွာမွာ ေဖာ္ျပထားၿပီး မလိုလားအပ္တဲ့ လူေနမႈျပႆနာေတြကို သက္ဆိုင္ရာကေန ေျဖရွင္းေပးႏိုင္ဖို႔နဲ႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရရဲ႕ အြန္လိုင္း ဝန္ေဆာင္မႈေတြကို အနာဂတ္မွာ အသံုးျပဳႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ သိရပါတယ္။ တည္းခိုခန္းအခ်က္အလက္ေတြနဲ႔ လုပ္ငန္းရွင္ အခ်က္အလက္ေတြကိုပါ ထည့္သြင္းရမွာျဖစ္ၿပီး မိုဘိုင္းဖုန္းနံပါတ္နဲ႔ အတည္ျပဳလွ်ိဳ႕ဝွက္နံပါတ္ ရရွိမွာျဖစ္ပါတယ္။

၂၀၁၉ မတ္လ ၃၀ ရက္ ေနာက္ဆံုးထား စာရင္းေပးသြင္းဖို႔လိုအပ္ၿပီး လုပ္ငန္းရွင္ရဲ႕ ဖုန္းနံပါတ္နဲ႔သာ စာရင္းေပးသြင္းရမွာ ျဖစ္ပါတယ္။

ဒီေနရာကေန တစ္ဆင့္ စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွင်းက တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ အွန်လိုင်းကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရဲ့ ပင်မစာမျက်နှာမှာ ဖော်ပြထားပြီး မလိုလားအပ်တဲ့ လူနေမှုပြဿနာတွေကို သက်ဆိုင်ရာကနေ ဖြေရှင်းပေးနိုင်ဖို့နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေကို အနာဂတ်မှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ တည်းခိုခန်းအချက်အလက်တွေနဲ့ လုပ်ငန်းရှင် အချက်အလက်တွေကိုပါ ထည့်သွင်းရမှာဖြစ်ပြီး မိုဘိုင်းဖုန်းနံပါတ်နဲ့ အတည်ပြုလျှို့ဝှက်နံပါတ် ရရှိမှာဖြစ်ပါတယ်။

၂၀၁၉ မတ်လ ၃၀ ရက် နောက်ဆုံးထား စာရင်းပေးသွင်းဖို့လိုအပ်ပြီး လုပ်ငန်းရှင်ရဲ့ ဖုန်းနံပါတ်နဲ့သာ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။

ဒီနေရာကနေ တစ်ဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။