ရန္ကုန္တကၠသုိလ္တြင္ သုိင္းေျပာင္းျပန္သင္တန္း စတင္ဖြင့္လွစ္

[ Zawgyi ]

၂၀၁၈ – ၂၀၁၉ ပညာသင္ႏွစ္မွစတင္ၿပီး ရန္ကုန္တကၠသုိလ္မွာ သုိင္းေျပာင္းျပန္သင္တန္း စတင္ဖြင့္လွစ္သြားမယ္လို႔ သိရပါတယ္။

ရန္ကုန္တကၠသုိလ္မွာ ဘာသာရပ္အသီးသီး ေလ့လာသင္ယူေနၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ဗလငါးတန္ဖံြ႔ၿဖဳိးေစဖို႔နဲ႔ ျမန္မာ့႐ုိးရာအေမြအႏွစ္ သုိင္းပညာရပ္ေတြကုိ လက္ဆင့္ကမ္း ထိန္းသိမ္းတန္ဖုိးထား တတ္ေစဖို႔ ဖြင့္လွစ္တာျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာႏုိင္ငံသုိင္းအဖဲြ႔ခ်ဳပ္ အသိအမွတ္ျပဳ နာယကဆရာႀကီး ဦးေမာင္ေလးတည္ေထာင္ခဲ့တဲ့ ကေမၻာဇနန္းတြင္း လုိင္းခူးကာခ်န္႔ သုိင္းေျပာင္းျပန္သင္တန္းကုိ ဆရာႀကီး ဦးသိန္းေအးက ဦးစီးသင္ၾကားေပးသြားျဖစ္တယ္လို႔ သိရပါတယ္။ သင္ၾကားေပးမယ့္ဘာသာရပ္ အေနနဲ႔ လက္သုိင္း၊ တုတ္သုိင္း၊ ဓားသုိင္း၊ လွံသုိင္း တို႔ျဖစ္ပါတယ္။ သင္တန္းခ်ိန္ ျပည့္မီတဲ့ ေက်ာင္းသား၊ ေက်ာင္းသူ ေတြကို အရည္အခ်င္း စစ္ေဆးကာ ဆရာႀကီးဦးသိန္းေအးမွ အသိအမွတ္ျပဳလက္မွတ္ ထုတ္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းတက္ေရာက္လိုသူေတြ အေနနဲ႔ ဒီဇင္ဘာလ ၃၁ ရက္အထိ စာရင္းေပးသြင္းရမွာျဖစ္ၿပီး ပတ္စ္ပုိ႔ဆုိဒ္ ဓာတ္ပုံ ၃ ပုံ၊ ယူနီေဖာင္းေၾကး+ သင္႐ုိးစာအုပ္ + သင္တန္းသား အသိအမွတ္ျပဳကတ္တုိ႔အတြက္ စုစုေပါင္း ၉,၅၀၀ က်ပ္ ေပးသြင္းရမွာ ျဖစ္ပါတယ္။ အေသးစိတ္ကို ဖုန္း ၀၉- ၄၃၀၅၄၉၂၂ နဲ႔ ၀၉- ၇၉၅၈၁၁၅၆၈ ကို ဆက္သြယ္စုံစမ္းႏိုင္မွာ ျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှစတင်ပြီး ရန်ကုန်တက္ကသိုလ်မှာ သိုင်းပြောင်းပြန်သင်တန်း စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ်အသီးသီး လေ့လာသင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဗလငါးတန်ဖွံ့ဖြိုးစေဖို့နဲ့ မြန်မာ့ရိုးရာအမွေအနှစ် သိုင်းပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းတန်ဖိုးထား တတ်စေဖို့ ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အသိအမှတ်ပြု နာယကဆရာကြီး ဦးမောင်လေးတည်ထောင်ခဲ့တဲ့ ကမ္ဘောဇနန်းတွင်း လိုင်းခူးကာချန့် သိုင်းပြောင်းပြန်သင်တန်းကို ဆရာကြီး ဦးသိန်းအေးက ဦးစီးသင်ကြားပေးသွားဖြစ်တယ်လို့ သိရပါတယ်။ သင်ကြားပေးမယ့်ဘာသာရပ် အနေနဲ့ လက်သိုင်း၊ တုတ်သိုင်း၊ ဓားသိုင်း၊ လှံသိုင်း တို့ဖြစ်ပါတယ်။ သင်တန်းချိန် ပြည့်မီတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို အရည်အချင်း စစ်ဆေးကာ ဆရာကြီးဦးသိန်းအေးမှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်အထိ စာရင်းပေးသွင်းရမှာဖြစ်ပြီး ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ၃ ပုံ၊ ယူနီဖောင်းကြေး+ သင်ရိုးစာအုပ် + သင်တန်းသား အသိအမှတ်ပြုကတ်တို့အတွက် စုစုပေါင်း ၉,၅၀၀ ကျပ် ပေးသွင်းရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်း ၀၉- ၄၃၀၅၄၉၂၂ နဲ့ ၀၉- ရ၉၅၈၁၁၅၆၈ ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။