ရန္ကုန္တကၠသိုလ္သိပၸံပြဲခင္း ၂၀၁၈ က်င္းပမည္

[Zawgyi]

ရန္ကုန္တကၠသိုလ္ သိပၸံပြဲခင္း ၂၀၁၈ ကုိ ဒီဇင္ဘာလ ၉ ရက္ မွ ၁၁ ရက္အထိ၊ ေန႔စဥ္ နံနက္ ၉ နာရီမွ ညေန ၄ နာရီအထိ အပန္းေျဖရိပ္သာ (Recreation Centre) မွာက်င္းပျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

ျပပြဲမွာ ဆန္းသစ္သိပၸံပေရာဂ်က္ေတြ၊ သုေတသနျပခန္းေတြ၊ နည္းပညာျပခန္းေတြ၊ သိပၸံပေဟဠိဥာဏ္စမ္းၿပိဳင္ပြဲ ေတြ၊ Australian National University မွသိပၸံဆက္ကပ္၊ ေစ်းေရာင္းပြဲ၊ ေပ်ာ္ပြဲရႊင္ပြဲ၊ စာအုပ္ေစ်းပြဲေတာ္ေတြ ပါ၀င္မွာျဖစ္ပါတယ္။

သိပၸံပြဲခင္း ၂၀၁၈ ကို တကၠသိုလ္ေတြရဲ႕ သုေတသနလုပ္ငန္းေတြအတြက္ ႐ႈေထာင့္အသစ္နဲ႔ ပိုမိုက်ယ္ျပန္႔တဲ့ အေတြးအျမင္သစ္ေတြရရွိႏုိင္ျခင္း၊ ဆန္းသစ္တီထြင္လိုမႈကို ႏိႈးဆြေပးျခင္း၊ အဆင့္ျမင့္ပညာႏွင့္ လူမႈအဖြဲ႕ အစည္းမ်ား အၾကား အသိပညာ အေတြးအေခၚ စီးဆင္းဖလွယ္ႏုိင္မႈျမွင့္တင္ႏုိင္ျခင္း၊ ေျပာင္းလဲေနေသာ လူမႈ ပတ္၀န္းက်င္ႏွင့္ လိုက္ေလ်ာညီေထြစြာသင္ၾကားမႈႏွင့္ သုေတသနလုပ္ငန္းမ်ား ပိုမိုတိုးတက္ေအာင္ ျပဳလုပ္ႏုိင္ ျခင္း၊ တကၠသိုလ္ႏွင့္ လူမႈအဖြဲ႕အစည္းမ်ားအၾကား ယံုၾကည္မႈ အျပန္အလွန္နားလည္မႈႏွင့္ ေပါင္းစပ္ေဆာင္ရြက္မႈကို ျမွင့္တင္ေပးႏုိင္ဖို႔ ရည္ရြယ္က်င္းပျခင္းျဖစ္ၿပီး မည္သူမဆုိ ၀င္ေရာက္ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။

[Unicode]

ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ၂၀၁၈ ကို ဒီဇင်ဘာလ ၉ ရက် မှ ၁၁ ရက်အထိ၊ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အပန်းဖြေရိပ်သာ (Recreation Centre) မှာကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြပွဲမှာ ဆန်းသစ်သိပ္ပံပရောဂျက်တွေ၊ သုတေသနပြခန်းတွေ၊ နည်းပညာပြခန်းတွေ၊ သိပ္ပံပဟေဠိဉာဏ်စမ်းပြိုင်ပွဲ တွေ၊ Australian National University မှသိပ္ပံဆက်ကပ်၊ စျေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စာအုပ်စျေးပွဲတော်တွေ ပါ၀င်မှာဖြစ်ပါတယ်။

သိပ္ပံပွဲခင်း ၂၀၁၈ ကို တက္ကသိုလ်တွေရဲ့ သုတေသနလုပ်ငန်းတွေအတွက် ရှုထောင့်အသစ်နဲ့ ပိုမိုကျယ်ပြန့်တဲ့ အတွေးအမြင်သစ်တွေရရှိနိုင်ခြင်း၊ ဆန်းသစ်တီထွင်လိုမှုကို နှိုးဆွပေးခြင်း၊ အဆင့်မြင့်ပညာနှင့် လူမှုအဖွဲ့ အစည်းများ အကြား အသိပညာ အတွေးအခေါ် စီးဆင်းဖလှယ်နိုင်မှုမြှင့်တင်နိုင်ခြင်း၊ ပြောင်းလဲနေသော လူမှု ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာသင်ကြားမှုနှင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ပြုလုပ်နိုင် ခြင်း၊ တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းများအကြား ယုံကြည်မှု အပြန်အလှန်နားလည်မှုနှင့် ပေါင်းစပ်ဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို ၀င်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။