ရန္ကုန္စီးပြားေရးတကၠသိုလ္မွ သင္တန္းမ်ားဖြင့္လွစ္မည္

[ Zawgyi ]

ရန္ကုန္စီးပြားေရးတကၠသိုလ္မွ Certificate in Business Studies (CBS) နဲ႔ Certificate in Advanced Business Studies (CABS) သင္တန္းေတြကုိ ဇန္နဝါရီလ ၁၅ ရက္မွ စတင္ကာ ဖြင့္လွစ္သင္ၾကားေပးသြားမယ္လုိ႔ သိရပါတယ္။

သင္တန္းကာလ ၃ လ သင္တန္းေတြျဖစ္ၿပီး Certificate in Business Studies (CBS) သင္တန္းအတြက္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ၿပီးသူေတြ၊ Certificate in Advanced Business Studies (CABS) သင္တန္းအတြက္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူ သို႔မဟုတ္ CBS သင္တန္းေအာင္ျမင္ၿပီးသူေတြ တက္ေရာက္ႏုိင္ပါတယ္။ ေလွ်ာက္လႊာေတြကုိ ဇန္နဝါရီလ ၂ ရက္မွ စတင္လက္ခံမွာျဖစ္ၿပီး ဇန္နဝါရီလ ၂၃ ရက္ ေနာက္ဆံုးထား ျပန္လည္တင္သြင္းရမွာ ျဖစ္ပါတယ္။

ေလွ်ာက္ထားသူေတြအေနနဲ႔ ဓာတ္ပံု ၃ ပံု၊ ဘြဲ႕လက္မွတ္ (သို႔) ေအာင္လက္မွတ္ (မူရင္း/မိတၱဴ)၊ တကၠသိုလ္ဝင္တန္း ေအာင္လက္မွတ္ (မူရင္း/မိတၱဴ)၊ ႏုိင္ငံသားစိစစ္ေရးကတ္ (မူရင္း/မိတၱဴ)၊ လုပ္ငန္းဆုိင္ရာ ေထာက္ခံခ်က္ (မူရင္း) ေတြနဲ႔အတူ ရန္ကုန္စီးပြားေရးတကၠသိုလ္ (ကမာရြတ္နယ္ေျမ) သင္တန္းေရးရာဌာနမွာ ေလွ်ာက္ထားႏုိင္မွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ Certificate in Business Studies (CBS) နဲ့ Certificate in Advanced Business Studies (CABS) သင်တန်းတွေကို ဇန်နဝါရီလ ၁၅ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကာလ ၃ လ သင်တန်းတွေဖြစ်ပြီး Certificate in Business Studies (CBS) သင်တန်းအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ၊ Certificate in Advanced Business Studies (CABS) သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် CBS သင်တန်းအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို ဇန်နဝါရီလ ၂ ရက်မှ စတင်လက်ခံမှာဖြစ်ပြီး ဇန်နဝါရီလ ၂၃ ရက် နောက်ဆုံးထား ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။

လျှောက်ထားသူတွေအနေနဲ့ ဓာတ်ပုံ ၃ ပုံ၊ ဘွဲ့လက်မှတ် (သို့) အောင်လက်မှတ် (မူရင်း/မိတ္တူ)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)၊ လုပ်ငန်းဆိုင်ရာ ထောက်ခံချက် (မူရင်း) တွေနဲ့အတူ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) သင်တန်းရေးရာဌာနမှာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။