ယာဥ္ေမာင္းလုိင္စင္ ေျဖဆုိလုိသူမ်ား ရက္ခ်ိန္းရယူျခင္းကို အြန္းလုိင္းမွ ေလွ်ာက္ထားႏုိင္

[ Zawgyi ]

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ယာဥ္ေမာင္းလိုင္စင္ေျဖဆို လိုသူေတြအေနနဲ႔ ရက္ခ်ိန္းရယူျခင္းကုိ အြန္လုိင္းမွတစ္ဆင့္ ေလွ်ာက္ထားႏိုင္မယ္လုိ႔ သိရပါတယ္။

ယာဥ္ေမာင္းလိုင္စင္ ရယူလိုသူေတြ မ်ားျပားလာတဲ့အတြက္ လိုင္စင္ေျဖဆိုလိုသူေတြအေနနဲ႔ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းရျခင္း၊ အခ်ိန္ကုန္၊ လူပင္ပန္း၊ စိတ္ပင္ပန္းျခင္းစတဲ့ အခက္အခဲေတြ ေလ်ာ့နည္းသြားေစဖို႔ အတြက္ လူကိုယ္တိုင္လာေရာက္ဖို႔ မလိုအပ္တဲ့ (Online Booking System) ကိုေျပာင္းလဲ က်င့္သုံးျခင္းျဖစ္တယ္လုိ႔ သိရပါတယ္။ေလွ်ာက္ထားလိုေတြအေနနဲ႔ လာေရာက္ေျဖဆိုမယ့္ ႐ုံးအမည္၊ ရယူလိုတဲ့ လိုင္စင္အမ်ိဳးအစား၊ လာေရာက္ေျဖဆိုမယ့္ေန႔၊ လာေရာက္ေျဖဆိုမယ့္အခ်ိန္၊ လက္ရွိလိုင္စင္အမွတ္၊ လက္ရွိလိုင္စင္ထုတ္ ေပးထားတဲ့႐ုံး စတဲ့အခ်က္ေတြကို Online Appointment Application Form မွာ ေ႐ြးခ်ယ္ျဖည့္စြက္ၿပီး ေလွ်ာက္ထားရမွာပါ။

ေလွ်ာက္လႊာကို ဒီေနရာမွ တစ္ဆင့္ေလွ်ာက္ထားရမွာျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကုိေတာ့ ဒီေနရာမွာ ဝင္ေရာက္ ၾကည့္႐ႈႏုိင္မွာျဖစ္ပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မောင်းလိုင်စင်ဖြေဆို လိုသူတွေအနေနဲ့ ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။

ယာဉ်မောင်းလိုင်စင် ရယူလိုသူတွေ များပြားလာတဲ့အတွက် လိုင်စင်ဖြေဆိုလိုသူတွေအနေနဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အချိန်ကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခြင်းစတဲ့ အခက်အခဲတွေ လျော့နည်းသွားစေဖို့ အတွက် လူကိုယ်တိုင်လာရောက်ဖို့ မလိုအပ်တဲ့ (Online Booking System) ကိုပြောင်းလဲ ကျင့်သုံးခြင်းဖြစ်တယ်လို့ သိရပါတယ်။လျှောက်ထားလိုတွေအနေနဲ့ လာရောက်ဖြေဆိုမယ့် ရုံးအမည်၊ ရယူလိုတဲ့ လိုင်စင်အမျိုးအစား၊ လာရောက်ဖြေဆိုမယ့်နေ့၊ လာရောက်ဖြေဆိုမယ့်အချိန်၊ လက်ရှိလိုင်စင်အမှတ်၊ လက်ရှိလိုင်စင်ထုတ် ပေးထားတဲ့ရုံး စတဲ့အချက်တွေကို Online Appointment Application Form မှာ ရွေးချယ်ဖြည့်စွက်ပြီး လျှောက်ထားရမှာပါ။

လျှောက်လွှာကို ဒီနေရာမှ တစ်ဆင့်လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဒီနေရာမှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။