August 20, 2018

ယခုႏွစ္ Seeds for the Future အစီအစဥ္တြင္ ျမန္မာေက်ာင္းသာ ၁၀ ဦးပါဝင္ခဲ့

[ Zawgyi ]

Huawei ရဲ႕လူမႈအက်ိဳးျပဳ လုပ္ငန္းတစ္ခုျဖစ္တဲ့ Seeds for the Future အစီအစဥ္မွာ ျမန္မာေက်ာင္းသား ၁၀ ဦးပါဝင္ခဲ့ပါတယ္။

အဲဒီအခမ္းအနား ပိတ္ပြဲကို တ႐ုတ္ႏိုင္ငံ ရွန္႔က်န္႔ၿမိဳ႕က Huawei University မွာ ဧၿပီ ၂၀ ရက္ေန႔က က်င္းပခဲ့ပါတယ္။ ျမန္မာက ထူးခၽြန္ေက်ာင္းသား ၁၀ ဦးနဲ႔ ယူဂန္ဒါက ထူးခၽြန္ေက်ာင္းသား ၁၀ ဦးတို႔ကို Huawei University မွာ အိုင္စီတီနည္းပညာေတြကို တစ္ပတ္၊ ေပက်င္းမွာ တရုတ္ဘာသာစကား နဲ႔ယဥ္ေက်းမႈေတြကိုတစ္ပတ္ စုစုေပါင္း ႏွစ္ပတ္ၾကာ သင္ၾကားေစခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

“ညီမတို႔ေက်ာင္းေတြမွာ မသင္ရတဲ့ နည္းပညာေတြကို Huawei မွာသင္ရတယ္၊ ေနာက္ေတာ့ လက္ေတြ႔ေတြေလ့လာရတယ္၊ 3G, 4G နည္းပညာေတြနဲ႔ Cloud နည္းပညာေတြကို သင္ၾကားရတယ္၊ အထူးသျဖင့္ 5G နည္းပညာေတြကိုလည္း ေလ့လာခြင့္ရခဲ့ပါတယ္၊ ျမန္မာႏိုင္ငံမွာေတာ့ မစေသးေပမယ့္ တ႐ုတ္မွာေတာ့ 5G နည္းပညာေတြ တပ္ဆင္ၿပီးလို႔ စမ္းသပ္အဆင့္မွာရွိေနပါၿပီ၊ ျပည္တြင္းမွာ ေတာင္မစရေသးတဲ့ နည္းပညာကို ေလ့လာခြင့္ရတဲ့အတြက္ေၾကာင့္ ညီမတို႔အေနနဲ႔ အက်ိဳးေက်းဇူး အမ်ားႀကီးရခဲ့ပါတယ္” လို႔ သန္လ်င္နည္းပညာတကၠသိုလ္၊ သုတနည္းပညာ အင္ဂ်င္နီယာဌာနက ေက်ာင္းသူျဖစ္တဲ့ မေအးေအးမို႔ကေျပာပါတယ္။

“Seeds for the Future အစီအစဥ္မွာ ညီမတုိ႔သင္ရတာက 5G နည္းပညာေတြ၊ အိုင္စီ တီအေၾကာင္းေတြ၊ တ႐ုတ္စာေပနဲ႔ ယဥ္ေက်းမႈေတြကို သင္ရပါတယ္၊ တ႐ုတ္မွာက ေငြေၾကးကိုင္စရာ ဘဲနဲ႔ QR Code နဲ႔ဖတ္ၿပီး ေငြေပးေခ်နည္းပညာကို အရမ္းႀကိဳက္ပါတယ္၊ ျမန္မာျပည္ေရာက္လည္း သူငယ္ခ်င္းေတြကို အေတြ႔အၾကံဳေတြ ေဝမွ်ၿပီးေတာ့ ဒီနည္းပညာသာ ျမန္မာႏိုင္ငံမွာလည္း အသံုးခ်ႏိုင္ခဲ့မယ္ဆိုရင္ေကာင္းတဲ့ ေငြေပးေခ်မႈျဖစ္လာမွာပါ” လို႔ WYTU နည္းပညာတကၠသိုလ္မွ ပညာသင္ခြင့္ရရွိခဲ့သူ မဝင္းၿဖိဳးအိက ေျပာပါတယ္။ အဲဒီအစီအစဥ္ကို Huawei အေနနဲ႔ ျပည္တြင္းက နည္းပညာတကၠသိုလ္ ေက်ာင္းတစ္ေက်ာင္းမွ ႏွစ္ဦးစီေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ကာ သန္လ်င္နည္းပညာတကၠသိုလ္မွ ေက်ာင္းသူႏွစ္ဦး၊ UCSY နည္း ပညာတကၠသိုလ္က ေက်ာင္းသား၊ ေက်ာင္းသူႏွစ္ဦး၊ WYTU နည္းပညာတကၠသိုလ္က ေက်ာင္းသူႏွစ္ဦး၊ UCS (မံု႐ြာ) နည္းပညာတကၠသိုလ္က ေက်ာင္းသူႏွစ္ဦး၊ UIT နည္းပညာတကၠသိုလ္က ေက်ာင္းသား၊ ေက်ာင္းသူႏွစ္ဦး စုစုေပါင္း ေက်ာင္းသား ၁၀ ဦးကိုေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။

Huawei အေနနဲ႔ ယခုအစီအစဥ္ကို ၂၀၀၈ ခုႏွစ္မွာ စတင္လုပ္ေဆာင္ခဲ့ၿပီး ေဒသတြင္း အိုင္စီတီထူးခၽြန္သူေတြ ပိုမ်ားလားေစဖို႔နဲ႔ ဗဟုသုတ လက္ဆင့္ကမ္း မွ်ေဝပးရန္ျဖစ္ေၾကာင္း၊ ဆက္သြယ္ေရး လုပ္ငန္းအေပၚမွာ ပိုမိုနားလည္ကာ စိတ္ဝင္စားေစဖို႔နဲ႔ ေဒသတိုးတက္ေရးကို အားေပးၿပီး ဒစ္ဂ်စ္တယ္အဖြဲ႔အစည္းမွာ ဖြ႔ံၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေစဖို႔အတြက္ ရည္႐ြယ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

=============

[ Unicode ]

ယခုနှစ် Seeds for the Future အစီအစဉ်တွင် မြန်မာကျောင်းသာ ၁၀ ဦးပါဝင်ခဲ့

=============

Huawei ရဲ့လူမှုအကျိုးပြု လုပ်ငန်းတစ်ခုဖြစ်တဲ့ Seeds for the Future အစီအစဉ်မှာ မြန်မာကျောင်းသား ၁၀ ဦးပါဝင်ခဲ့ပါတယ်။

အဲဒီအခမ်းအနား ပိတ်ပွဲကို တရုတ်နိုင်ငံ ရှန့်ကျန့်မြို့က Huawei University မှာ ဧပြီ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြန်မာက ထူးချွန်ကျောင်းသား ၁၀ ဦးနဲ့ ယူဂန်ဒါက ထူးချွန်ကျောင်းသား ၁၀ ဦးတို့ကို Huawei University မှာ အိုင်စီတီနည်းပညာတွေကို တစ်ပတ်၊ ပေကျင်းမှာ တရုတ်ဘာသာစကား နဲ့ယဉ်ကျေးမှုတွေကိုတစ်ပတ် စုစုပေါင်း နှစ်ပတ်ကြာ သင်ကြားစေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ညီမတို့ကျောင်းတွေမှာ မသင်ရတဲ့ နည်းပညာတွေကို Huawei မှာသင်ရတယ်၊ နောက်တော့ လက်တွေ့တွေလေ့လာရတယ်၊ 3G, 4G နည်းပညာတွေနဲ့ Cloud နည်းပညာတွေကို သင်ကြားရတယ်၊ အထူးသဖြင့် 5G နည်းပညာတွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာတော့ မစသေးပေမယ့် တရုတ်မှာတော့ 5G နည်းပညာတွေ တပ်ဆင်ပြီးလို့ စမ်းသပ်အဆင့်မှာရှိနေပါပြီ၊ ပြည်တွင်းမှာ တောင်မစရသေးတဲ့ နည်းပညာကို လေ့လာခွင့်ရတဲ့အတွက်ကြောင့် ညီမတို့အနေနဲ့ အကျိုးကျေးဇူး အများကြီးရခဲ့ပါတယ်” လို့ သန်လျင်နည်းပညာတက္ကသိုလ်၊ သုတနည်းပညာ အင်ဂျင်နီယာဌာနက ကျောင်းသူဖြစ်တဲ့ မအေးအေးမို့ကပြောပါတယ်။

“Seeds for the Future အစီအစဉ်မှာ ညီမတို့သင်ရတာက 5G နည်းပညာတွေ၊ အိုင်စီ တီအကြောင်းတွေ၊ တရုတ်စာပေနဲ့ ယဉ်ကျေးမှုတွေကို သင်ရပါတယ်၊ တရုတ်မှာက ငွေကြေးကိုင်စရာ ဘဲနဲ့ QR Code နဲ့ဖတ်ပြီး ငွေပေးချေနည်းပညာကို အရမ်းကြိုက်ပါတယ်၊ မြန်မာပြည်ရောက်လည်း သူငယ်ချင်းတွေကို အတွေ့အကြုံတွေ ဝေမျှပြီးတော့ ဒီနည်းပညာသာ မြန်မာနိုင်ငံမှာလည်း အသုံးချနိုင်ခဲ့မယ်ဆိုရင်ကောင်းတဲ့ ငွေပေးချေမှုဖြစ်လာမှာပါ” လို့ WYTU နည်းပညာတက္ကသိုလ်မှ ပညာသင်ခွင့်ရရှိခဲ့သူ မဝင်းဖြိုးအိက ပြောပါတယ်။ အဲဒီအစီအစဉ်ကို Huawei အနေနဲ့ ပြည်တွင်းက နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှ နှစ်ဦးစီရွေးချယ်ခဲ့ခြင်းဖြစ်ကာ သန်လျင်နည်းပညာတက္ကသိုလ်မှ ကျောင်းသူနှစ်ဦး၊ UCSY နည်း ပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူနှစ်ဦး၊ WYTU နည်းပညာတက္ကသိုလ်က ကျောင်းသူနှစ်ဦး၊ UCS (မုံရွာ) နည်းပညာတက္ကသိုလ်က ကျောင်းသူနှစ်ဦး၊ UIT နည်းပညာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူနှစ်ဦး စုစုပေါင်း ကျောင်းသား ၁၀ ဦးကိုရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

Huawei အနေနဲ့ ယခုအစီအစဉ်ကို ၂၀၀၈ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပြီး ဒေသတွင်း အိုင်စီတီထူးချွန်သူတွေ ပိုများလားစေဖို့နဲ့ ဗဟုသုတ လက်ဆင့်ကမ်း မျှဝေပးရန်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး လုပ်ငန်းအပေါ်မှာ ပိုမိုနားလည်ကာ စိတ်ဝင်စားစေဖို့နဲ့ ဒေသတိုးတက်ရေးကို အားပေးပြီး ဒစ်ဂျစ်တယ်အဖွဲ့အစည်းမှာ ဖွ့ံဖြိုးတိုးတက်အောင် လုပ်ဆောင်စေဖို့အတွက် ရည်ရွယ်ကြောင်း သိရပါတယ်။

-အောင်သက်ကို