ယခုႏွစ္ေႏြရာသီမွာ ဒ႐ုန္းနဲ႔ McDonald’s အစားအေသာက္ေတြ ေပးပုိ႔သြားမယ့္ Uber

[ Zawgyi ]

Uber ရဲ႕ Uber Elevate အစီအစဥ္အရ ဒီႏွစ္ေႏြရာသီမွာ ဆန္ဒီေယဂိုၿမိဳ႕အတြင္း MacDonald’s နဲ႔ အျခားၿမိဳ႕တြင္း စားေသာက္ဆိုင္က စားေသာက္ဖြယ္ရာေတြကုိ ေနအိမ္ဆီ စတင္ ပုိ႔ေဆာင္သြားမယ္လို႔ သိရပါတယ္။ အစားအေသာက္ပို႔ေဆာင္မႈက ပိုမိုျမန္ဆန္ၿပီး Uber Eats ႏႈန္းထားအတိုင္း က်သင့္မယ္လို႔ Uber က ေျပာထားပါတယ္။

Uber အေနနဲ႔ အဲဒီဝန္ေဆာင္မႈကုိ ျပဳလုပ္ဖုိ႔ ဖက္ဒရယ္ေလေၾကာင္းအုပ္ခ်ဳပ္ေရးဆီက ေထာက္ခံခ်က္ကုိ ေစာင့္ဆိုင္းေနဆဲျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္မွာ ဒ႐ုန္းနဲ႔အစားအေသာက္ပုိ႔ေဆာင္တာကို ႏို္င္ငံေတာ္ေတာ္မ်ားမ်ားမွာ လုပ္ေဆာင္သြားမယ္လို႔ Uber ကေျပာၾကားထားပါတယ္။

အနာဂတ္မွာ လူေတြဆီ ဒ႐ုန္းနဲ႔ အစားအေသာက္ပို႔ေဆာင္႐ုံမကဘဲ ခရီးသြားလာႏိုင္ေအာင္ ျပဳလုပ္ေပးလာႏိုင္ပါတယ္။ Uber ရဲ႕ ကားပ်ံတကၠစီဝန္ေဆာင္မႈ တတိယေျမာက္စမ္းသပ္မႈ နယ္ေျမဟာ ၾသစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းၿမိဳ႕ျဖစ္တယ္လို႔ Reuters ကသတင္းေဖာ္ျပခဲ့ပါတယ္။ အဲဒီဝန္ေဆာင္မႈက ခရီးသည္ေတြကို ၿမိဳ႕ေတာ္တြင္းရွိ ေရွာ႔ပင္းစင္တာ ၇ ခုထဲက တစ္ခုကေန အျပည္ျပည္ဆိုင္ရာ ေလဆိပ္အထိ လိုက္လံပုိ႔ေဆာင္ေပးမယ္လို႔ သိရပါတယ္။ ကားပ်ံတကၠစီအေနနဲ႔ ၁၉ ကီလိုမီတာအကြာအေဝးရွိတဲ့ခရီးကုိ ၁၀ မိနစ္နဲ႔ အေရာက္ ပုိ႔ေပးႏိုင္ပါတယ္။

စိုးထက္
Ref: MITTechnologyReview

[ Unicode ]

Uber ရဲ့ Uber Elevate အစီအစဉ်အရ ဒီနှစ်နွေရာသီမှာ ဆန်ဒီယေဂိုမြို့အတွင်း MacDonald’s နဲ့ အခြားမြို့တွင်း စားသောက်ဆိုင်က စားသောက်ဖွယ်ရာတွေကို နေအိမ်ဆီ စတင် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ အစားအသောက်ပို့ဆောင်မှုက ပိုမိုမြန်ဆန်ပြီး Uber Eats နှုန်းထားအတိုင်း ကျသင့်မယ်လို့ Uber က ပြောထားပါတယ်။

Uber အနေနဲ့ အဲဒီဝန်ဆောင်မှုကို ပြုလုပ်ဖို့ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးဆီက ထောက်ခံချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဒရုန်းနဲ့အစားအသောက်ပို့ဆောင်တာကို နို်င်ငံတော်တော်များများမှာ လုပ်ဆောင်သွားမယ်လို့ Uber ကပြောကြားထားပါတယ်။

အနာဂတ်မှာ လူတွေဆီ ဒရုန်းနဲ့ အစားအသောက်ပို့ဆောင်ရုံမကဘဲ ခရီးသွားလာနိုင်အောင် ပြုလုပ်ပေးလာနိုင်ပါတယ်။ Uber ရဲ့ ကားပျံတက္ကစီဝန်ဆောင်မှု တတိယမြောက်စမ်းသပ်မှု နယ်မြေဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ဖြစ်တယ်လို့ Reuters ကသတင်းဖော်ပြခဲ့ပါတယ်။ အဲဒီဝန်ဆောင်မှုက ခရီးသည်တွေကို မြို့တော်တွင်းရှိ ရှော့ပင်းစင်တာ ရ ခုထဲက တစ်ခုကနေ အပြည်ပြည်ဆိုင်ရာ လေဆိပ်အထိ လိုက်လံပို့ဆောင်ပေးမယ်လို့ သိရပါတယ်။ ကားပျံတက္ကစီအနေနဲ့ ၁၉ ကီလိုမီတာအကွာအဝေးရှိတဲ့ခရီးကို ၁၀ မိနစ်နဲ့ အရောက်ပို့ပေးနိုင်ပါတယ်။

Ref: MITTechnologyReview