မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒီပလိုမာနှင့် မဟာဝိဇ္ဇာသင်တန်းသားခေါ်ယူ

[ Zawgyi ]




-သန္တာ

[ Unicode ]

မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ပထမနှစ်ဒီပလိုမာ (အချိန်ပြည့်/ အချိန်ပိုင်း) သင်တန်းနဲ့ မဟာဝိဇ္ဇာ သင်တန်းသားတွေ ခေါ်ယူနေပါတယ်။

ဒီပလိုမာအချိန်ပိုင်း ၄ နှစ်သင်တန်း (တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား) အတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ Diploma in English အချိန်ပြည့် တစ်နှစ်သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာ အထူးပြုဘွဲ့ရရှိပြီးသူတွေ၊ Diploma in Thai အချိန်ပြည့် နှစ်နှစ် သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။ မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာ) အချိန်ပြည့် နှစ်နှစ် သင်တန်းအတွက် B.A English ရရှိပြီးသူ၊ အချိန်ပြည့်တစ်နှစ် အင်္ဂလိပ်ဘာသာ ဒီပလိုမာ DEF ဘွဲ့ရရှိထားသူ (သို့) မန္တလေးတက္ကသိုလ်မှ ဖွင့်လှစ်တဲ့ အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာ ELT ဘွဲ့ (သို့) မဟာဝိဇ္ဇာ (အင်္ဂလိပ်စာ) သင်တန်းတက်ရောက်ဖို့ အရည်အချင်းမီသူတွေ တက်ရောက်နိုင်ပါတယ်။

ဝင်ခွင့်လျှောက်လွှာတွေကို အောက်တိုဘာလ ၉ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနမှာ ထုတ်ယူနိုင်ပြီး အသေးစိတ် အချက်အလက်တွေကို ဖုန်း – ၀၂ ၄၀၆၁၄၀၂ နဲ့ ၀၉ ၃၃၀၃၉၉၇၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။