မွန္ဘီလူး ၁၆ ခု ပါဝင္တဲ့ စမတ္ဖုန္းကင္မရာကို LG လုပ္ကုိင္ေနဖြယ္ရွိ

[ Zawgyi ]

LG ဟာ မွန္ဘီလူး ၁၆ ခုပါဝင္တဲ့ စမတ္ဖုန္းကင္မရာတစ္မ်ိဳးကုိ လုပ္ကုိင္ေနဖြယ္ရွိတယ္လို႔ LetsGoDigital က ေတြ႕ရွိခဲ့တဲ့ မူပုိင္ခြင့္တစ္ခုအရ သိရပါတယ္။

LG ဟာ LG V40 ThinQ မွာပါဝင္တဲ့ ကင္မရာ ၅ လုံးစနစ္နဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္မႈ မရွိေသးပါဘူး။ LG V40 ThinQ မွာ ေက်ာဘက္ကင္မရာ ၃ လုံးနဲ႔ ေရွ႕ကင္မရာ ၂ လုံးတို႔ပါဝင္တဲ့အတြက္ LG ဖန္တီးသမွ် စမတ္ဖုန္းေတြထဲမွာ ဘက္စုံသုံးႏိုင္တဲ့ ကင္မရာ ပါဝင္လာပါတယ္။

Samsung ကလည္း LG V40 ThinQ လိုမ်ိဳး ၂၀၁၈ ခုႏွစ္ထုတ္ Galaxy A9 မွာ ေက်ာဘက္ကင္မရာ ၄ ခုကုိ ေဒါင္လုိက္ ထည့္သြင္းထားပါတယ္။ ဒီဂ်စ္တယ္ဓာတ္ပုံ ကုမၸဏီျဖစ္တဲ့ Light ဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း မွန္ဘီလူး ၁၆ ခု ပါဝင္တဲ့ ကင္မရာကို ဖန္တီးခဲ့ပါတယ္။ အခုအခါမွာ Light က အလင္းအားနည္းတဲ့ ေနရာမွာ ဓာတ္ပုံ႐ိုက္ကူးမႈနဲ႔ depth effect ေတြအမ်ိဳးမ်ိဳးကုိ တုိးတက္ေစမယ့္ မွန္ဘီလူး ၉ ခုအထိ ပါဝင္တဲ့ စမတ္ဖုန္းကို လုပ္ကုိင္ေနပါတယ္။

LG ဟာ အရင္ထြက္ရွိၿပီးသား ထုတ္ကုန္ေတြအားလုံးထက္ သာလြန္ေစမယ့္ မွန္ဘီလူး ၁၆ ခု ပါဝင္တဲ့ စမတ္ဖုန္းကင္မရာကို လုပ္ကုိင္ေနပါတယ္။
မွန္ဘီလူး ၁၆ ခုကုိ ၄ ခု၊ ၄ တန္းပုံစံနဲ႔ စမတ္ဖုန္း ေက်ာဘက္မွာ စီထားတာကို ပုံမွာ ျမင္ေတြ႕ရပါတယ္။ အဲဒီကင္မရာကုိ အသုံးခ်ၿပီး ႐ိုက္ခ်က္တစ္ခုတည္းအတြင္းမွာ ႐ႈေထာင့္အမ်ိဳးမ်ိဳး ပါဝင္ေအာင္ ႐ိုက္ကူးလာႏိုင္ပါတယ္။ LG ရဲ႕ကင္မရာ နညး္ပညာဟာ လႈပ္ရွားေနတဲ့ 3D ႐ုပ္ပုံေတြကုိလည္း ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႐ိုက္ခ်က္တစ္ခုစီနဲ႔ ႐ိုက္ကူးထားတဲ့ အရာေတြကုိ ဓာတ္ပုံေတြထဲက အရာဝတၳဳေတြမွာ အလြယ္တကူလည္း အစားထိုးႏိုင္ဖြယ္ရွိပါတယ္။

ဓာတ္ပုံအတြင္းက ေဖာ္ျပခ်က္အရ LG ဟာ မွန္ဘီလူး ၁၆ ခုေအာက္မွာ selfie ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္တဲ့ mirror တစ္ခုကုိ ထည့္သြင္းထားပါတယ္။ ဒါေၾကာင့္ LG ဟာ ေရွ႕ကင္မရာ ထည့္သြင္းစရာမလိုတဲ့ နည္းပညာသစ္ကုိ အသုံးျပဳလာဖြယ္ရွိပါတယ္။ အဲဒီ ကင္မရာနည္းပညာသစ္ အသုံးျပဳထားတဲ့ စမတ္ဖုန္းမွာ notch မလိုတဲ့ edge-to-edge ဒီဇိုင္း ပါဝင္လာဖြယ္ရွိပါတယ္။

LG အေနနဲ႔ မွန္ဘီလူး ၁၆ ခုပါဝင္တဲ့ စမတ္ဖုန္းကင္မရာကို မူပုိင္ခြင့္တင္သြင္းထားေပမယ့္ အဲဒီ အစီအစဥ္ကုိ အေကာင္ထည္ေဖာ္၊ မေဖာ္ဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: DigitalTrends

[ Unicode ]

LG ဟာ မှန်ဘီလူး ၁၆ ခုပါဝင်တဲ့ စမတ်ဖုန်းကင်မရာတစ်မျိုးကို လုပ်ကိုင်နေဖွယ်ရှိတယ်လို့ LetsGoDigital က တွေ့ရှိခဲ့တဲ့ မူပိုင်ခွင့်တစ်ခုအရ သိရပါတယ်။

LG ဟာ LG V40 ThinQ မှာပါဝင်တဲ့ ကင်မရာ ၅ လုံးစနစ်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှု မရှိသေးပါဘူး။ LG V40 ThinQ မှာ ကျောဘက်ကင်မရာ ၃ လုံးနဲ့ ရှေ့ကင်မရာ ၂ လုံးတို့ပါဝင်တဲ့အတွက် LG ဖန်တီးသမျှ စမတ်ဖုန်းတွေထဲမှာ ဘက်စုံသုံးနိုင်တဲ့ ကင်မရာ ပါဝင်လာပါတယ်။

Samsung ကလည်း LG V40 ThinQ လိုမျိုး ၂၀၁၈ ခုနှစ်ထုတ် Galaxy A9 မှာ ကျောဘက်ကင်မရာ ၄ ခုကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ဒီဂျစ်တယ်ဓာတ်ပုံ ကုမ္ပဏီဖြစ်တဲ့ Light ဟာ ပြီးခဲ့တဲ့နှစ်ကလည်း မှန်ဘီလူး ၁၆ ခု ပါဝင်တဲ့ ကင်မရာကို ဖန်တီးခဲ့ပါတယ်။ အခုအခါမှာ Light က အလင်းအားနည်းတဲ့ နေရာမှာ ဓာတ်ပုံရိုက်ကူးမှုနဲ့ depth effect တွေအမျိုးမျိုးကို တိုးတက်စေမယ့် မှန်ဘီလူး ၉ ခုအထိ ပါဝင်တဲ့ စမတ်ဖုန်းကို လုပ်ကိုင်နေပါတယ်။

LG ဟာ အရင်ထွက်ရှိပြီးသား ထုတ်ကုန်တွေအားလုံးထက် သာလွန်စေမယ့် မှန်ဘီလူး ၁၆ ခု ပါဝင်တဲ့ စမတ်ဖုန်းကင်မရာကို လုပ်ကိုင်နေပါတယ်။
မှန်ဘီလူး ၁၆ ခုကို ၄ ခု၊ ၄ တန်းပုံစံနဲ့ စမတ်ဖုန်း ကျောဘက်မှာ စီထားတာကို ပုံမှာ မြင်တွေ့ရပါတယ်။ အဲဒီကင်မရာကို အသုံးချပြီး ရိုက်ချက်တစ်ခုတည်းအတွင်းမှာ ရှုထောင့်အမျိုးမျိုး ပါဝင်အောင် ရိုက်ကူးလာနိုင်ပါတယ်။ LG ရဲ့ကင်မရာ နညး်ပညာဟာ လှုပ်ရှားနေတဲ့ 3D ရုပ်ပုံတွေကိုလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရိုက်ချက်တစ်ခုစီနဲ့ ရိုက်ကူးထားတဲ့ အရာတွေကို ဓာတ်ပုံတွေထဲက အရာဝတ္ထုတွေမှာ အလွယ်တကူလည်း အစားထိုးနိုင်ဖွယ်ရှိပါတယ်။

ဓာတ်ပုံအတွင်းက ဖော်ပြချက်အရ LG ဟာ မှန်ဘီလူး ၁၆ ခုအောက်မှာ selfie ဓာတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ mirror တစ်ခုကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် LG ဟာ ရှေ့ကင်မရာ ထည့်သွင်းစရာမလိုတဲ့ နည်းပညာသစ်ကို အသုံးပြုလာဖွယ်ရှိပါတယ်။ အဲဒီ ကင်မရာနည်းပညာသစ် အသုံးပြုထားတဲ့ စမတ်ဖုန်းမှာ notch မလိုတဲ့ edge-to-edge ဒီဇိုင်း ပါဝင်လာဖွယ်ရှိပါတယ်။

LG အနေနဲ့ မှန်ဘီလူး ၁၆ ခုပါဝင်တဲ့ စမတ်ဖုန်းကင်မရာကို မူပိုင်ခွင့်တင်သွင်းထားပေမယ့် အဲဒီ အစီအစဉ်ကို အကောင်ထည်ဖော်၊ မဖော်ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: DigitalTrends