မ်ိဳးဆက္သစ္ Wi-Fi နည္း ပညာ Wi-Fi 6

[ Zawgyi ]

Wi-Fi ေတြ ပိုျမန္လာေတာ့မယ္။ ဟုတ္ကဲ့၊ တကယ္ျမန္လာေတာ့မွာပါ။ ဒါကၽြန္ေတာ္တို႔ အားလုံးအတြက္ သတင္းေကာင္းပါပဲ။ အင္တာနက္သုံးရာမွာ ပိုျမန္ေလ ပိုေကာင္းေလပဲ မဟုတ္ပါလား။ ျမန္လြန္းလို႔ လိုက္မမွီေတာ့ဘူးဆိုတာေတာ့ အခုထိမၾကားမိေသးပါဘူး။

ေနာက္ဆုံးေပၚ မ်ိဳးဆက္ျဖစ္တဲ့ Wi-Fi 6 က ေျပာရရင္ အျမန္ႏႈန္းတစ္ခုထဲပဲ ပိုေကာင္းလာတာေတာ့ မဟုတ္ပါဘူး။ တစ္ျခား တိုးတက္လာတဲ့ အပိုင္းေတြအမ်ားႀကီးပါပဲ။ ဒါေၾကာင့္ Wi-Fi 6 ဟာ Future-proof နည္းပညာသစ္လို႔ ေျပာလို႔ရပါတယ္။ ဆိုလိုတာက Wi-Fi 6 သာ သုံးမယ္ဆို ေနာက္ႏွစ္ေတြ အမ်ားႀကီးအထိ ေခတ္မီေနမွာပါ။ ကဲ Wi-Fi 6 ကေတာ့ ဒီႏွစ္ထဲမွာပဲ နည္းပညာထုတ္ကုန္သစ္ေတြမွာ ပါဝင္လာေနပါၿပီ။ လာမယ့္ႏွစ္အတြင္းမွာ ဖုန္းအသစ္ဝယ္မယ္ဆိုရင္ Wi-Fi 6 Certified ဆိုတဲ့ စာတန္းေလးကို ေတြ႕လာရေတာ့မွာပါ။ ကဲ ဒီ Wi-Fi 6 မွာ ဘာေတြထူးလာသလဲ ေလ့လာၾကည့္ၾကရေအာင္ပါ။

Wi-Fi 6 ဆိုတာ

Wi-Fi 6 ဟာ ေနာက္ဆုံးေပၚ Wi-Fi မ်ိဳးဆက္နည္း ပညာတစ္ခုပါပဲ။ ဒါဆိုအရင္မ်ိဳး ဆက္ေတြကေရာ။ ဒီ့မတိုင္ခင္ ေနာက္ဆုံးထြက္ခဲ့တာကေတာ့ Wi-Fi 5 ပါ။ ၂၀၁၄ ခုႏွစ္ကထြက္ ေပၚခဲ့တာပါ။ အဲ့အရင္ Wi-Fi 4 ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ခဲ့တာပါ။ တစ္ခုရွိတာက လက္ရွိ Router ေတြနဲ႔ ဖုန္းေတြမွာ သြား ၾကည့္ရင္ Wi-Fi 4, Wi-Fi 5 ရယ္လို႔ ေတြ႕ရမွာ မဟုတ္ပါဘူး။ အဲ့အစား ဘာေတြမွန္းမသိတဲ့ ဂ ဏန္းေတြနဲ႔ အကၡရာအတြဲေတြပဲ ျမင္ရမွာပါ။ ဥပမာ 802.11n ဆိုရင္ ဒါ Wi-Fi 4 ကို ေျပာတာပါ။ 802.11ac ဆိုရင္ေတာ့ Wi-Fi 5 ကို ဆိုလိုတာပါ။ အဲ့လိုသာ ေရးမယ္ဆို အခု Wi-Fi 6 ဟာ 802.11ax ျဖစ္ပါတယ္။

စာဖတ္သူတို႔ ေတြ႕တဲ့အတိုင္းပဲ ဒီအမည္ေပးစနစ္ဟာ ႐ႈပ္ေထြးၿပီးေတာ့ သာမန္သုံးစြဲသူေတြ နားလည္ႏိုင္ဖို႔၊ ႏႈိင္းယွဥ္ႏိုင္ဖို႔ရာ မလြယ္ကူပါဘူး။ ဒါေၾကာင့္ပဲ Wi-Fi Alliance အဖြဲ႕ႀကီးက ဒီႏွစ္မွာ Wi-Fi အမည္ေပးစနစ္ကို ေျပာင္းလဲမယ္လို႔ ေၾကညာခဲ့တာပါ။ ေနာက္ပိုင္းထုတ္ကုန္ေတြမွာ Wi-Fi ကို နံပါတ္နဲ႔ ႐ိုး႐ိုးရွင္းရွင္း ျမင္လာရေတာ့မွာပါ။

ဘယ္ေလာက္ေတာင္ ျမန္သလဲ

ဒါကေတာ့ မ်ိဳးဆက္သစ္တစ္ခုထြက္တိုင္း လူေတြ အရင္ေမးၾကတဲ့ ေမးခြန္းပါပဲ။ အတိုဆုံးေျဖရရင္ေတာ့ Max. speed က 9.6 Gbps ပါ။ ဒါ Wi-Fi 5 ရဲ႕ 3.5 Gbps ကေန တိုးတက္လာတာပါ။

အျပည့္အစုံေျဖရမယ္ ဆိုရင္ေတာ့ ဒါက သီအိုရီအရ ရႏိုင္မယ့္ အျမင့္ဆုံး Speed လို႔ေျဖရမွာပါ။ လက္ေတြ႕မွာေတာ့ ဒီေလာက္ထိ မရႏိုင္ပါဘူး။ အဲ့ေလာက္ ရရင္ေတာင္မွ အဲ့ေလာက္ျမန္ဖို႔ လိုလို႔လားလို႔ ေမးရမွာပါ။ US မွာ ေတာင္မွ Typical Download Speed က 72 Mbps ေလာက္ပဲ ရွိပါတယ္။ ဒါဟာ Theoretical Maximum Speed ရဲ့ (၁) ရာခိုင္ႏႈန္းပဲ ရွိပါတယ္။
ဒါေပမဲ့ အရင္မ်ိဳးဆက္ေတြ ထက္ Theoretical Speed အမ်ားႀကီး တိုးလာတယ္ဆိုတာကိုက အေရးႀကီးပါတယ္။ ဒီ 9.6 Gbps အားလုံးက Device တစ္ခုတည္းကို သြားမွာမဟုတ္ပါဘူး။ Network နဲ႔ ခ်ိတ္ဆက္ထားတဲ့ Device ေတြ အကုန္ခြဲေပးရမွာပါ။ ေျပာရရင္ Device တစ္ခုခ်င္းစီအတြက္ Speed ကလည္း အရင္မ်ိဳးဆက္ေတြထက္ ပိုျမန္လာမွာပါ။

တစ္ျခားေကာင္းကြက္ေတြကေရာ

Wi-Fi 6 ရဲ့ အႀကီးမားဆုံး အားသာခ်က္ကို ျမင္ေတြ႕ရမယ့္ အခ်ိန္ကေတာ့ ကြန္ရက္တစ္ခုတည္းကို Device ေတြအမ်ားႀကီး ခ်ိတ္ဆက္ထားတဲ့ အခ်ိန္ပါပဲ။ ဒါမ်ိဳးကို Wi-Fi Free ေပးတဲ့ စားေသာက္ဆိုင္ေတြ၊ ဟိုတယ္ေတြနဲ႔ ေလဆိပ္တို႔လို ေနရာေတြမွာ ႀကဳံေနၾကပါပဲ။ ဒီလိုအေျခအေနမ်ိဳးမွာ Wi-Fi 6 ဟာ Device တစ္ခုခ်င္းစီအတြက္ Speed က်သြားတာမ်ိဳးမရွိဘဲ ကြန္ရက္ကို အေကာင္းဆုံး ကိုင္တြယ္ႏိုင္ပါလိမ့္မယ္။ Network Congestion ကို အရင္မ်ိဳးဆက္ေတြထက္ပိုၿပီး အဆင္ေျပေျပနဲ႔ ကိုင္တြယ္ေျဖရွင္းႏိုင္ပါတယ္။

ဒီအခ်က္က ေတာ္ေတာ္ေလး အေရးႀကီးပါတယ္။ အထူးသျဖင့္ Internet of Things (IoTs) ေတြ ေခတ္စားလာတဲ့ ဒီေန႔ေခတ္မွာ Network Congestion ကို ေကာင္းေကာင္း ကိုင္တြယ္ႏိုင္ဖို႔ရာ အရင္ကထက္ ပိုအေရးႀကီး လာပါတယ္။ Wi-Fi 5 စ ေပၚတုန္းကဆိုရင္ US က အိမ္တစ္အိမ္မွာ Device ငါးခုပဲပ်မ္းမၽွရွိပါတယ္။ အဲအခုခ်ိန္မွာေတာ့ ကိုးခုအထိကို တိုးလာတယ္လို႔ ဆိုထားပါတယ္။ ေနာက္ႏွစ္ေတြမွာဆို Wi-Fi ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္တဲ့ Device ေပါင္း (၅၀) ေလာက္အထိကို တိုးလာဦးမယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။

ဒီတိုးလာတဲ့ Device တိုင္းဟာ Wi-Fi ကြန္ရက္မွာ သူ႔ထက္ငါ အၿပိဳင္အဆိုင္ Data ေတြ download, upload လုပ္ၾကမွာပါ။ ဒါေပမယ့္ Wi-Fi Router ကေတာ့ တစ္ခ်ိန္မွာ Device တစ္ခုနဲ႔ပဲ အျပန္အလွန္ ဆက္သြယ္နိုင္ပါတယ္။ အဲ့ဒါေၾကာင့္ Wi-Fi ခ်ိတ္ထားတဲ့ Device ေတြ မ်ားလာေလ၊ ကြန္ရက္တစ္ခုလုံးရဲ့ Speed က က်သြားေလေလပါပဲ။

အခု Wi-Fi 6 ကေတာ့ ဒီအားနည္းခ်က္ကို နည္းပညာသစ္ေတြနဲ႔ ေျဖရွင္းေပးမွာပါ။ ဒီနည္းပညာေတြေၾကာင့္ Wi-Fi Router ဟာ တစ္ခ်ိန္တည္းမွာ Device အမ်ားအျပားကို တစ္ၿပိဳင္တည္း ခ်ိတ္ဆက္နိုင္လာပါတယ္။ Broadcast တစ္ခုတည္းနဲ႔ Device ေတြ အမ်ားႀကီးကို Data ေတြ တစ္ၿပိဳင္တည္း ေပးပို႔ႏိုင္မွာပါ။ 8×8 MU-MIMO, OFDMA, Beamforming တို႔လို နည္းပညာေတြဟာ Wi-Fi 6 အတြက္ တကယ့္အေရးပါတဲ့ နည္းပညာေတြပါပဲ။ အေသးစိတ္ကိုေတာ့ ႐ႈပ္ကုန္မွာစိုးလို႔ ဒီေနရာမွာ မေဖာ္ျပေတာ့ပါဘူး။

ဒါဆို Device တစ္ခုခ်င္းစီ အတြက္ေရာ ဘယ္ေလာက္ျမန္လာမွာလဲ

စိတ္မေကာင္းစရာပဲ ဒီေမးခြန္းအတြက္ တိက်တဲ့အေျဖေတာ့ မရွိပါဘူး။ အေျခအေနေပၚမူ တည္တယ္လို႔ပဲ ေျဖရပါလိမ့္မယ္။ ပထမဆုံး ေျပာဖို႔လိုတာက ေတာ့ Wi-Fi 6 ဟာ အရင္က ထက္ပိုၿပီးေတာ့ ဖလန္းဖလန္းထ ေအာင္ ျမန္လာမွာမဟုတ္ဘူးဆိုတာပါပဲ။ အဲ့အစား Wi-Fi 6 Router နဲ႔ ခ်ိတ္ထားတဲ့ Device ေတြ Wi-Fi 5 Router နဲ႔ ခ်ိတ္တာထက္ အနည္းငယ္ ေလာက္ပဲ ပိုျမန္လာမွာပါ။

အဲအရင္မ်ိဳးဆက္ေတြနဲ႔ သိသိသာသာ ကြဲထြက္သြားမယ့္ အခ်ိန္ကေတာ့ အထက္မွာ ေျပာခဲ့သလို Device ေတြ အမ်ားအျပား ကြန္ရက္တစ္ခုတည္းကို တစ္ၿပိဳင္တည္း ခ်ိတ္ထားတဲ့အခ်ိန္ပါပဲ။ လက္ရွိ Router ေတြနဲ႔ဆို ဒီလိုအေျခခအေနမွာ ကြန္ရက္ Speed က ထိုးက်သြားမွာပါ။ ဒါေပမဲ့ Wi-Fi 6 Router ေတြကေတာ့ ကြန္ရက္အရည္အေသြးကို အေျပာင္းအလဲ သိပ္မရွိေအာင္ ထိန္းထားေပးႏိုင္မွာပါ။

ေျပာရရင္ Device ေတြဟာ Wi-Fi 6 မွာ အခုရေနတဲ့ Speed ထက္ပိုၿပီး အဆမ်ားစြာျမန္သြားမွာ မဟုတ္ပါဘူး။ အဲ့အစား ဘယ္ကြန္ရက္မွာ သုံးသုံး၊ Device ဘယ္ေလာက္ ခ်ိတ္ထားခ်ိတ္ထား မူလအျမန္ႏႈန္းကို ထိန္းထားႏိုင္မွာပါ။ ဥပမာ အိမ္မွာတစ္ေယာက္က Netflix ၾကည့္ေနမယ္၊ တစ္ေယာက္က အြန္လိုင္းဂိမ္းေဆာ့ေနမယ္၊ ေနာက္တစ္ေယာက္က Video Chatting လုပ္ေနမယ္၊ ၿပီးေတာ့ အိမ္ထဲက Smart Gadget ေတြက တစ္ၿပိဳင္တည္း checking လုပ္ေနမယ္၊ ဒီလိုအေျခအေနမွာဘယ္ Device မွာမွ Connection က် သြားတာမ်ိဳး မျဖစ္ေအာင္ Wi-Fi 6 က ေထာက္ပံ့ႏိုင္ပါတယ္။

ပါဝါစားလည္း သက္သာေစမယ္

Wi-Fi 6 မွာ ပါဝင္လာတဲ့ ေနာက္ထပ္နည္းပညာ သစ္တစ္ခုကေတာ့ Target Wake Time ဆိုတဲ့ နည္းပညာပါ။ ဒီနည္းပညာက Device ေတြကို ဘယ္အခ်ိန္မွာ Router နဲ႔ ဆက္သြယ္ရမယ္ ဆိုတာကို စီမံခန႔္ခြဲေပးပါတယ္။ ရလဒ္အေနနဲ႔ Device ေတြရဲ႕ Antenna ဖြင့္ထားတဲ့အခ်ိန္ကို တိုေတာင္းေစပါတယ္။ ဒီလိုမ်ိဳး မလိုအပ္တဲ့ အခ်ိန္မွာ လႈိင္းေတြ လႊင့္ေနစရာ မလိုေတာ့တာ ေၾကာင့္ ဘက္ထရီကို ေခၽြတာၿပီးသား ျဖစ္သြားပါတယ္။

ဒီနည္းပညာက Internet Access ကို အခ်ိန္တိုင္းလိုအပ္တဲ့ Laptop ေတြ၊ Smartphone ေတြအတြက္ မဟုတ္ပါဘူး။ အဓိကက ေသးငယ္တဲ့ low-power device ေတြ အတြက္ ျဖစ္ပါတယ္။ ခုနက ေျပာခဲ့တဲ့ Smart Gadget ေတြလိုမ်ိဳးပါ။ ဒီ Device ေတြရဲ့ ဘက္ထရီက ေသးငယ္တာေၾကာင့္ ပါဝါကို ေခၽြတာဖို႔ လိုအပ္ပါတယ္။ Wi-Fi 6 က ဒါကို ျဖည့္ ဆည္းေပးနိင္ပါတယ္။

ကြန္ရက္လုံၿခဳံေရးလည္း ပိုေကာင္းလာမယ္

Wi-Fi ကြန္ရက္အေၾကာင္းေျပာရင္ ကြန္ရက္လုံၿခဳံေရးကလည္း မေျပာမျဖစ္ပါဘဲ။ Wi-Fi ကြန္ရက္ရဲ႕ လုံၿခဳံေရးစနစ္ေတြျဖစ္တဲ့ WPA, WPA2 တို႔ကို လက္ရွိအမ်ားဆုံး သုံးေနၾကပါတယ္။ မႏွစ္ကေတာ့ Wi-Fi လုံၿခဳံေရးစနစ္ အသစ္ျဖစ္တဲ့ WPA3 ထြက္ခဲ့ပါတယ္။ WPA 3 ဟာ အရင္စနစ္ေတြထက္ ပိုၿပီးလုံၿခဳံပါတယ္။ Hacker ေတြ ခ်ိဳးေဖာက္ဝင္ေရာက္ဖို႔ရာ ပိုခက္လာပါတယ္။ တကယ္လို႔ ဝင္နိုင္ခဲ့ရင္ေတာင္ Data ေတြကို Encrypt လုပ္ထားတာေၾကာင့္ Hacker ေတြအတြက္ သိပ္အသုံးမဝင္လွပါဘူး။

တကယ္တန္းေျပာမယ္ဆိုရင္ WPA3 က Wi-Fi 6 မွာပဲ ပါတာေတာ့ မဟုတ္ပါဘူး။ Wi-Fi 5 Router ေတြလည္း WPA3 သုံးႏိုင္ပါတယ္။ ဒါေပမဲ့ မသုံးမေနရ သတ္မွတ္ထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အခု Wi-Fi 6 မွာေတာ့ WPA3 သုံးမွသာ Certified ျဖစ္မွာပါ။ ဒါေၾကာင့္ Wi-Fi 6 Certified Router ေတြမွာ WPA3 ကို default အေနနဲ႔ သုံးတာကို ျမင္ေတြ႕ရမွာပါ။

Wi-Fi 6 က အခုမွ စေပၚကာစပါ

ဒီ Wi-Fi 6 ကို ေထာက္ ပံ့တဲ့ device ေတြဟာ အခုႏွစ္ပိုင္းေလး မွာမွ စတင္ထြက္ေပၚလာ တာပါ။ အခုခ်ိန္မွာ Wi-Fi 6 Router ေတြ ဝယ္လို႔ရေနပါၿပီ။ ဒါေပမယ့္ ေဈးႀကီးေနပါေသးတယ္။ တစ္ခ်ိဳ႕ Laptop ေတြမွာလည္း Wi-Fi 6 ပါဝင္လာပါၿပီ။ က်ယ္က်ယ္ျပန႔္ ျပန႔္ေတာ့ မဟုတ္ေသးပါဘူး။

စမတ္ဖုန္းေတြမွာလည္း ဒီႏွစ္အတြင္းမွာပဲ Wi-Fi 6 ကို စတင္ျမင္ေတြ႕ရေတာ့မွာပါ။ Qualcomm ရဲ့ ေနာက္ဆုံးထုတ္ Flagship Processor ျဖစ္တဲ့ Snapdragon 855 မွာ Wi-Fi 6 အေထာက္အပံ့ ပါဝင္လာပါတယ္။ Samsung ရဲ့ Galaxy S10 မွာ Wi-Fi 6 ပါဝင္လာပါၿပီ။ ဒီ့ေနာက္ပိုင္းမွာထြက္မယ့္ ဖုန္းေတြမွာလည္း Wi-Fi 6 ကို ထည့္သြင္းလာၾကမွာပါ။ အဲ့အခ်ိန္က်ရင္ေတာ့ ပိုတည္ၿငိမ္ၿပီး လုံျခဳံေရးပိုေကာင္းလာတဲ့ Wi-Fi မ်ိဳးဆက္သစ္ကို စတင္ခံစားႏိုင္ၾကေတာ့မွာပါ။

-ကိုသုတ

[ Unicode ]

Wi-Fi တွေ ပိုမြန်လာတော့မယ်။ ဟုတ်ကဲ့၊ တကယ်မြန်လာ တော့မှာပါ။ ဒါကျွန်တော်တို့ အားလုံးအတွက် သတင်းကောင်းပါပဲ။ အင်တာနက်သုံးရာမှာ ပိုမြန်လေ ပိုကောင်းလေပဲ မဟုတ်ပါလား။ မြန်လွန်းလို့ လိုက်မမှီတော့ဘူးဆိုတာတော့ အခုထိမကြားမိသေးပါဘူး။

နောက်ဆုံးပေါ် မျိုးဆက်ဖြစ်တဲ့ Wi-Fi 6 က ပြောရရင် အမြန်နှုန်းတစ်ခုထဲပဲ ပိုကောင်းလာတာတော့ မဟုတ်ပါဘူး။ တစ်ခြား တိုးတက်လာတဲ့ အပိုင်းတွေအများကြီးပါပဲ။ ဒါကြောင့် Wi-Fi 6 ဟာ Future-proof နည်းပညာသစ်လို့ ပြောလို့ရပါတယ်။ ဆိုလိုတာက Wi-Fi 6 သာ သုံးမယ်ဆို နောက်နှစ်တွေ အများကြီးအထိ ခေတ်မီနေမှာပါ။ ကဲ Wi-Fi 6 ကတော့ ဒီနှစ်ထဲမှာပဲ နည်းပညာထုတ်ကုန်သစ်တွေမှာ ပါဝင်လာနေပါပြီ။ လာမယ့်နှစ်အတွင်းမှာ ဖုန်းအသစ်ဝယ်မယ်ဆိုရင် Wi-Fi 6 Certified ဆိုတဲ့ စာတန်းလေးကို တွေ့လာရတော့မှာပါ။ ကဲ ဒီ Wi-Fi 6 မှာ ဘာတွေထူးလာသလဲ လေ့လာကြည့်ကြရအောင်ပါ။

Wi-Fi 6 ဆိုတာ

Wi-Fi 6 ဟာ နောက်ဆုံးပေါ် Wi-Fi မျိုးဆက်နည်း ပညာတစ်ခုပါပဲ။ ဒါဆိုအရင်မျိုး ဆက်တွေကရော။ ဒီ့မတိုင်ခင် နောက်ဆုံးထွက်ခဲ့တာကတော့ Wi-Fi 5 ပါ။ ၂၀၁၄ ခုနှစ်ကထွက် ပေါ်ခဲ့တာပါ။ အဲ့အရင် Wi-Fi 4 ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့တာပါ။ တစ်ခုရှိတာက လက်ရှိ Router တွေနဲ့ ဖုန်းတွေမှာ သွား ကြည့်ရင် Wi-Fi 4, Wi-Fi 5 ရယ်လို့ တွေ့ရမှာ မဟုတ်ပါဘူး။ အဲ့အစား ဘာတွေမှန်းမသိတဲ့ ဂ ဏန်းတွေနဲ့ အက္ခရာအတွဲတွေပဲ မြင်ရမှာပါ။ ဥပမာ 802.11n ဆိုရင် ဒါ Wi-Fi 4 ကို ပြောတာပါ။ 802.11ac ဆိုရင်တော့ Wi-Fi 5 ကို ဆိုလိုတာပါ။ အဲ့လိုသာ ရေးမယ်ဆို အခု Wi-Fi 6 ဟာ 802.11ax ဖြစ်ပါတယ်။

စာဖတ်သူတို့ တွေ့တဲ့အတိုင်းပဲ ဒီအမည်ပေးစနစ်ဟာ ရှုပ်ထွေးပြီးတော့ သာမန်သုံးစွဲသူတွေ နားလည်နိုင်ဖို့၊ နှိုင်းယှဉ်နိုင်ဖို့ရာ မလွယ်ကူပါဘူး။ ဒါကြောင့်ပဲ Wi-Fi Alliance အဖွဲ့ကြီးက ဒီနှစ်မှာ Wi-Fi အမည်ပေးစနစ်ကို ပြောင်းလဲမယ်လို့ ကြေညာခဲ့တာပါ။ နောက်ပိုင်းထုတ်ကုန်တွေမှာ Wi-Fi ကို နံပါတ်နဲ့ ရိုးရိုးရှင်းရှင်း မြင်လာရတော့မှာပါ။

ဘယ်လောက်တောင် မြန်သလဲ

ဒါကတော့ မျိုးဆက်သစ်တစ်ခုထွက်တိုင်း လူတွေ အရင်မေးကြတဲ့ မေးခွန်းပါပဲ။ အတိုဆုံးဖြေရရင်တော့ Max. speed က 9.6 Gbps ပါ။ ဒါ Wi-Fi 5 ရဲ့ 3.5 Gbps ကနေ တိုးတက်လာတာပါ။

အပြည့်အစုံဖြေရမယ် ဆိုရင်တော့ ဒါက သီအိုရီအရ ရနိုင်မယ့် အမြင့်ဆုံး Speed လို့ဖြေရမှာပါ။ လက်တွေ့မှာတော့ ဒီလောက်ထိ မရနိုင်ပါဘူး။ အဲ့လောက် ရရင်တောင်မှ အဲ့လောက်မြန်ဖို့ လိုလို့လားလို့ မေးရမှာပါ။ US မှာ တောင်မှ Typical Download Speed က 72 Mbps လောက်ပဲ ရှိပါတယ်။ ဒါဟာ Theoretical Maximum Speed ရဲ့ (၁) ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဒါပေမဲ့ အရင်မျိုးဆက်တွေ ထက် Theoretical Speed အများကြီး တိုးလာတယ်ဆိုတာကိုက အရေးကြီးပါတယ်။ ဒီ 9.6 Gbps အားလုံးက Device တစ်ခုတည်းကို သွားမှာမဟုတ်ပါဘူး။ Network နဲ့ ချိတ်ဆက်ထားတဲ့ Device တွေ အကုန်ခွဲပေးရမှာပါ။ ပြောရရင် Device တစ်ခုချင်းစီအတွက် Speed ကလည်း အရင်မျိုးဆက်တွေထက် ပိုမြန်လာမှာပါ။

တစ်ခြားကောင်းကွက်တွေကရော

Wi-Fi 6 ရဲ့ အကြီးမားဆုံး အားသာချက်ကို မြင်တွေ့ရမယ့် အချိန်ကတော့ ကွန်ရက်တစ်ခုတည်းကို Device တွေအများကြီး ချိတ်ဆက်ထားတဲ့ အချိန်ပါပဲ။ ဒါမျိုးကို Wi-Fi Free ပေးတဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ လေဆိပ်တို့လို နေရာတွေမှာ ကြုံနေကြပါပဲ။ ဒီလိုအခြေအနေမျိုးမှာ Wi-Fi 6 ဟာ Device တစ်ခုချင်းစီအတွက် Speed ကျသွားတာမျိုးမရှိဘဲ ကွန်ရက်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ပါလိမ့်မယ်။ Network Congestion ကို အရင်မျိုးဆက်တွေထက်ပိုပြီး အဆင်ပြေပြေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

ဒီအချက်က တော်တော်လေး အရေးကြီးပါတယ်။ အထူးသဖြင့် Internet of Things (IoTs) တွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ Network Congestion ကို ကောင်းကောင်း ကိုင်တွယ်နိုင်ဖို့ရာ အရင်ကထက် ပိုအရေးကြီး လာပါတယ်။ Wi-Fi 5 စ ပေါ်တုန်းကဆိုရင် US က အိမ်တစ်အိမ်မှာ Device ငါးခုပဲပျမ်းမျှရှိပါတယ်။ အဲအခုချိန်မှာတော့ ကိုးခုအထိကို တိုးလာတယ်လို့ ဆိုထားပါတယ်။ နောက်နှစ်တွေမှာဆို Wi-Fi ကွန်ရက်နဲ့ ချိတ်ဆက်နိုင်တဲ့ Device ပေါင်း (၅၀) လောက်အထိကို တိုးလာဦးမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

ဒီတိုးလာတဲ့ Device တိုင်းဟာ Wi-Fi ကွန်ရက်မှာ သူ့ထက်ငါ အပြိုင်အဆိုင် Data တွေ download, upload လုပ်ကြမှာပါ။ ဒါပေမယ့် Wi-Fi Router ကတော့ တစ်ချိန်မှာ Device တစ်ခုနဲ့ပဲ အပြန်အလှန် ဆက်သွယ်နိုင်ပါတယ်။ အဲ့ဒါကြောင့် Wi-Fi ချိတ်ထားတဲ့ Device တွေ များလာလေ၊ ကွန်ရက်တစ်ခုလုံးရဲ့ Speed က ကျသွားလေလေပါပဲ။

အခု Wi-Fi 6 ကတော့ ဒီအားနည်းချက်ကို နည်းပညာသစ်တွေနဲ့ ဖြေရှင်းပေးမှာပါ။ ဒီနည်းပညာတွေကြောင့် Wi-Fi Router ဟာ တစ်ချိန်တည်းမှာ Device အများအပြားကို တစ်ပြိုင်တည်း ချိတ်ဆက်နိုင်လာပါတယ်။ Broadcast တစ်ခုတည်းနဲ့ Device တွေ အများကြီးကို Data တွေ တစ်ပြိုင်တည်း ပေးပို့နိုင်မှာပါ။ 8×8 MU-MIMO, OFDMA, Beamforming တို့လို နည်းပညာတွေဟာ Wi-Fi 6 အတွက် တကယ့်အရေးပါတဲ့ နည်းပညာတွေပါပဲ။ အသေးစိတ်ကိုတော့ ရှုပ်ကုန်မှာစိုးလို့ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။

ဒါဆို Device တစ်ခုချင်းစီ အတွက်ရော ဘယ်လောက်မြန်လာမှာလဲ

စိတ်မကောင်းစရာပဲ ဒီမေးခွန်းအတွက် တိကျတဲ့အဖြေတော့ မရှိပါဘူး။ အခြေအနေပေါ်မူ တည်တယ်လို့ပဲ ဖြေရပါလိမ့်မယ်။ ပထမဆုံး ပြောဖို့လိုတာက တော့ Wi-Fi 6 ဟာ အရင်က ထက်ပိုပြီးတော့ ဖလန်းဖလန်းထ အောင် မြန်လာမှာမဟုတ်ဘူးဆိုတာပါပဲ။ အဲ့အစား Wi-Fi 6 Router နဲ့ ချိတ်ထားတဲ့ Device တွေ Wi-Fi 5 Router နဲ့ ချိတ်တာထက် အနည်းငယ် လောက်ပဲ ပိုမြန်လာမှာပါ။

အဲအရင်မျိုးဆက်တွေနဲ့ သိသိသာသာ ကွဲထွက်သွားမယ့် အချိန်ကတော့ အထက်မှာ ပြောခဲ့သလို Device တွေ အများအပြား ကွန်ရက်တစ်ခုတည်းကို တစ်ပြိုင်တည်း ချိတ်ထားတဲ့အချိန်ပါပဲ။ လက်ရှိ Router တွေနဲ့ဆို ဒီလိုအခြေခအနေမှာ ကွန်ရက် Speed က ထိုးကျသွားမှာပါ။ ဒါပေမဲ့ Wi-Fi 6 Router တွေကတော့ ကွန်ရက်အရည်အသွေးကို အပြောင်းအလဲ သိပ်မရှိအောင် ထိန်းထားပေးနိုင်မှာပါ။

ပြောရရင် Device တွေဟာ Wi-Fi 6 မှာ အခုရနေတဲ့ Speed ထက်ပိုပြီး အဆများစွာမြန်သွားမှာ မဟုတ်ပါဘူး။ အဲ့အစား ဘယ်ကွန်ရက်မှာ သုံးသုံး၊ Device ဘယ်လောက် ချိတ်ထားချိတ်ထား မူလအမြန်နှုန်းကို ထိန်းထားနိုင်မှာပါ။ ဥပမာ အိမ်မှာတစ်ယောက်က Netflix ကြည့်နေမယ်၊ တစ်ယောက်က အွန်လိုင်းဂိမ်းဆော့နေမယ်၊ နောက်တစ်ယောက်က Video Chatting လုပ်နေမယ်၊ ပြီးတော့ အိမ်ထဲက Smart Gadget တွေက တစ်ပြိုင်တည်း checking လုပ်နေမယ်၊ ဒီလိုအခြေအနေမှာဘယ် Device မှာမှ Connection ကျ သွားတာမျိုး မဖြစ်အောင် Wi-Fi 6 က ထောက်ပံ့နိုင်ပါတယ်။

ပါဝါစားလည်း သက်သာစေမယ်

Wi-Fi 6 မှာ ပါဝင်လာတဲ့ နောက်ထပ်နည်းပညာ သစ်တစ်ခုကတော့ Target Wake Time ဆိုတဲ့ နည်းပညာပါ။ ဒီနည်းပညာက Device တွေကို ဘယ်အချိန်မှာ Router နဲ့ ဆက်သွယ်ရမယ် ဆိုတာကို စီမံခန့်ခွဲပေးပါတယ်။ ရလဒ်အနေနဲ့ Device တွေရဲ့ Antenna ဖွင့်ထားတဲ့အချိန်ကို တိုတောင်းစေပါတယ်။ ဒီလိုမျိုး မလိုအပ်တဲ့ အချိန်မှာ လှိုင်းတွေ လွှင့်နေစရာ မလိုတော့တာ ကြောင့် ဘက်ထရီကို ချွေတာပြီးသား ဖြစ်သွားပါတယ်။

ဒီနည်းပညာက Internet Access ကို အချိန်တိုင်းလိုအပ်တဲ့ Laptop တွေ၊ Smartphone တွေအတွက် မဟုတ်ပါဘူး။ အဓိကက သေးငယ်တဲ့ low-power device တွေ အတွက် ဖြစ်ပါတယ်။ ခုနက ပြောခဲ့တဲ့ Smart Gadget တွေလိုမျိုးပါ။ ဒီ Device တွေရဲ့ ဘက်ထရီက သေးငယ်တာကြောင့် ပါဝါကို ချွေတာဖို့ လိုအပ်ပါတယ်။ Wi-Fi 6 က ဒါကို ဖြည့် ဆည်းပေးနိင်ပါတယ်။

ကွန်ရက်လုံခြုံရေးလည်း ပိုကောင်းလာမယ်

Wi-Fi ကွန်ရက်အကြောင်းပြောရင် ကွန်ရက်လုံခြုံရေးကလည်း မပြောမဖြစ်ပါဘဲ။ Wi-Fi ကွန်ရက်ရဲ့ လုံခြုံရေးစနစ်တွေဖြစ်တဲ့ WPA, WPA2 တို့ကို လက်ရှိအများဆုံး သုံးနေကြပါတယ်။ မနှစ်ကတော့ Wi-Fi လုံခြုံရေးစနစ် အသစ်ဖြစ်တဲ့ WPA3 ထွက်ခဲ့ပါတယ်။ WPA 3 ဟာ အရင်စနစ်တွေထက် ပိုပြီးလုံခြုံပါတယ်။ Hacker တွေ ချိုးဖောက်ဝင်ရောက်ဖို့ရာ ပိုခက်လာပါတယ်။ တကယ်လို့ ဝင်နိုင်ခဲ့ရင်တောင် Data တွေကို Encrypt လုပ်ထားတာကြောင့် Hacker တွေအတွက် သိပ်အသုံးမဝင်လှပါဘူး။

တကယ်တန်းပြောမယ်ဆိုရင် WPA3 က Wi-Fi 6 မှာပဲ ပါတာတော့ မဟုတ်ပါဘူး။ Wi-Fi 5 Router တွေလည်း WPA3 သုံးနိုင်ပါတယ်။ ဒါပေမဲ့ မသုံးမနေရ သတ်မှတ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အခု Wi-Fi 6 မှာတော့ WPA3 သုံးမှသာ Certified ဖြစ်မှာပါ။ ဒါကြောင့် Wi-Fi 6 Certified Router တွေမှာ WPA3 ကို default အနေနဲ့ သုံးတာကို မြင်တွေ့ရမှာပါ။

Wi-Fi 6 က အခုမှ စပေါ်ကာစပါ

ဒီ Wi-Fi 6 ကို ထောက် ပံ့တဲ့ device တွေဟာ အခုနှစ်ပိုင်းလေး မှာမှ စတင်ထွက်ပေါ်လာ တာပါ။ အခုချိန်မှာ Wi-Fi 6 Router တွေ ဝယ်လို့ရနေပါပြီ။ ဒါပေမယ့် ဈေးကြီးနေပါသေးတယ်။ တစ်ချို့ Laptop တွေမှာလည်း Wi-Fi 6 ပါဝင်လာပါပြီ။ ကျယ်ကျယ်ပြန့် ပြန့်တော့ မဟုတ်သေးပါဘူး။

စမတ်ဖုန်းတွေမှာလည်း ဒီနှစ်အတွင်းမှာပဲ Wi-Fi 6 ကို စတင်မြင်တွေ့ရတော့မှာပါ။ Qualcomm ရဲ့ နောက်ဆုံးထုတ် Flagship Processor ဖြစ်တဲ့ Snapdragon 855 မှာ Wi-Fi 6 အထောက်အပံ့ ပါဝင်လာပါတယ်။ Samsung ရဲ့ Galaxy S10 မှာ Wi-Fi 6 ပါဝင်လာပါပြီ။ ဒီ့နောက်ပိုင်းမှာထွက်မယ့် ဖုန်းတွေမှာလည်း Wi-Fi 6 ကို ထည့်သွင်းလာကြမှာပါ။ အဲ့အချိန်ကျရင်တော့ ပိုတည်ငြိမ်ပြီး လုံခြုံရေးပိုကောင်းလာတဲ့ Wi-Fi မျိုးဆက်သစ်ကို စတင်ခံစားနိုင်ကြတော့မှာပါ။