မျိုးဆက်သစ် Sony ဖုန်းမှာ ရုပ်ရှင်ကြည့်နိုင်မယ့် 21:9 မျက်နှာပြင် ပါဝင်လာနိုင်

[ Zawgyi ]




စိုးထက်
Ref: TheVerge

[ Unicode ]

Sony ဟာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ ဖုန်းကို ဖြန့်ချိဖို့ရှိနေပါတယ်။ WinFuture အနေနဲ့ Xperia XA3 ရဲ့ဓာတ်ပုံသစ်ကို တင်ခဲ့ပြီး အဲဒီဖုန်းမှာ 21:9 asepect ratio နဲ့ ultra wide display ပါဝင်လာပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ 18:9 စမတ်ဖုန်းတွေ ထွက်ပေါ်ခဲ့ပေမယ့် Sony ကတော့ ရှည်ပြီး ပါးလွှာတဲ့ ထုတ်ကုန်တွေပဲ ထုတ်လုပ်ခဲ့ပါတယ်။

မြင်ကွင်း 21:9 aspect ratio ဟာ ယနေ့ခေတ် ရုပ်ရှင်တွေမှာ အသုံးပြုနေတဲ့ အချိုးအစားဖြစ်တဲ့အတွက် XA3 ဖုန်းနဲ့ ရုပ်ရှင်ကြည့်ရင် အပေါ်နဲ့အောက်ဘက်က အနက်ရောင်ဘားတွေ တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ရှင်မဟုတ်တဲ့ အကြောင်းအရာတွေမှာတော့ ဘားတွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။

XA3 ရဲ့ကျောဘက်မှာ dual-camera စနစ်နဲ့ ဖန်ထည်ကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့အောက်ဘက်ကတော့ အလွန်ကောင်းမွန်သလို ခေါက်ချိုးညီပါတယ်။ Sony အနေနဲ့ XA3 စမတ်ဖုန်းကို လာမယ့်အပတ်အနည်းငယ်မှာ ပြုလုပ်မယ့် Mobile World Congress မှာပြသဖွယ်ရှိပါတယ်။

Ref: TheVerge