မ်ိဳးဆက္သစ္ iPhone မွာ အေျပာင္းအလဲေတြ ျဖစ္ေပၚလာႏိုင္

[ Zawgyi ]

Apple ဟာ iPhone XI/ iPhone 11 အမည္ရ ထုတ္ကုန္အတြက္ အေရးပါတဲ့ အေျပာင္းအလဲ ၃ ခု ျပဳလုပ္မယ္လို႔ ဘ႑ာေရးရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ Barclays က ရင္းႏွီးျမႇဳပ္ႏွံသူေတြကုိ သတိေပးထားပါတယ္။ အဲဒီသတင္းကုိ 9to5Mac က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Apple ဟာ iPhone XI Max မွာ ကင္မရာ ၃ လုံး ထည့္သြင္းမွာျဖစ္တယ္လို႔ Barclays ကေျပာထားပါတယ္။ ဒါ့အျပင္ 3D sensor လည္း ပါဝင္လာမယ္လို႔ ၿပီးခဲ့တဲ့အပတ္အတြင္း Barclays ကေျပာခဲ့ပါတယ္။

Apple အေနနဲ႔ iPhone သစ္ေတြမွာ antenna နည္းပညာသစ္ေတြထည့္သြင္းမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အဲဒီနည္းပညာနဲ႔ပတ္သက္ၿပီး အေသးစိတ္ မေျပာထားပါဘူး။ iPhone ေတြမွာ ပါဝင္ေနတဲ့ liquid crystal polymer antenna ေတြအစား ျပင္ဆင္ထားတဲ့ PI ကိုထည့္သြင္းဖို႔ စဥ္းစားေနပါတယ္။ မ်ိဳးဆက္သစ္ iPhone ဟာ လိုင္းအားနဲ႔ အခ်က္အလက္ေတြ လႊဲေျပာင္းမႈ ျမန္ဆန္လာႏိုင္ေပမယ့္ 5G ပါ၊ မပါေတာ့ မသိရေသးပါဘူး။

Apple ဟာ မ်ိဳးဆက္သစ္ Wi-Fi 6 ကုိလည္း မိတ္ဆက္မယ္လို႔ Barclays ကဆိုပါတယ္။ Wi-Fi 6 ဟာ ဘက္ထရီသက္တမ္းကုိ အေထာက္အကူ ျဖစ္ေစ႐ုံမကဘဲ ျမန္ဆန္ပါတယ္။

Apple အေနနဲ႔ iPhone XI ေပၚက Face ID ကုိ flood illuminator စြမ္းအင္နဲ႔ အဆင့္ျမႇင့္တင္လာမွာ ျဖစ္ပါတယ္။ အဲဒီ Face ID က သုံးဘက္ျမင္ မ်က္ႏွာကိုဖတ္ႏိုင္ဖုိ႔ မျမင္ေတြ႕ႏိုင္တဲ့ အနီေအာက္ေရာင္ျခည္ အစက္ ၃၀,၀၀၀ ကို မ်က္ႏွာေပၚမွာ အလင္းထင္ဟပ္ေပးမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

စိုးထက္
Ref: Forbes

[ Unicode ]

Apple ဟာ iPhone XI/ iPhone 11 အမည်ရ ထုတ်ကုန်အတွက် အရေးပါတဲ့ အပြောင်းအလဲ ၃ ခု ပြုလုပ်မယ်လို့ ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Barclays က ရင်းနှီးမြှုပ်နှံသူတွေကို သတိပေးထားပါတယ်။ အဲဒီသတင်းကို 9to5Mac က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Apple ဟာ iPhone XI Max မှာ ကင်မရာ ၃ လုံး ထည့်သွင်းမှာဖြစ်တယ်လို့ Barclays ကပြောထားပါတယ်။ ဒါ့အပြင် 3D sensor လည်း ပါဝင်လာမယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း Barclays ကပြောခဲ့ပါတယ်။

Apple အနေနဲ့ iPhone သစ်တွေမှာ antenna နည်းပညာသစ်တွေထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနည်းပညာနဲ့ပတ်သက်ပြီး အသေးစိတ် မပြောထားပါဘူး။ iPhone တွေမှာ ပါဝင်နေတဲ့ liquid crystal polymer antenna တွေအစား ပြင်ဆင်ထားတဲ့ PI ကိုထည့်သွင်းဖို့ စဉ်းစားနေပါတယ်။ မျိုးဆက်သစ် iPhone ဟာ လိုင်းအားနဲ့ အချက်အလက်တွေ လွှဲပြောင်းမှု မြန်ဆန်လာနိုင်ပေမယ့် 5G ပါ၊ မပါတော့ မသိရသေးပါဘူး။

Apple ဟာ မျိုးဆက်သစ် Wi-Fi 6 ကိုလည်း မိတ်ဆက်မယ်လို့ Barclays ကဆိုပါတယ်။ Wi-Fi 6 ဟာ ဘက်ထရီသက်တမ်းကို အထောက်အကူ ဖြစ်စေရုံမကဘဲ မြန်ဆန်ပါတယ်။

Apple အနေနဲ့ iPhone XI ပေါ်က Face ID ကို flood illuminator စွမ်းအင်နဲ့ အဆင့်မြှင့်တင်လာမှာ ဖြစ်ပါတယ်။ အဲဒီ Face ID က သုံးဘက်မြင် မျက်နှာကိုဖတ်နိုင်ဖို့ မမြင်တွေ့နိုင်တဲ့ အနီအောက်ရောင်ခြည် အစက် ၃၀,၀၀၀ ကို မျက်နှာပေါ်မှာ အလင်းထင်ဟပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref: Forbes