မျက်နှာပြင် ၂ ခုပါဝင်တဲ့ ခေါက်ဖုန်းဒီဇိုင်းတွေကို Samsung Display လုပ်ကိုင်နေ

Samsung Display ဟာ ၈ လက်မနဲ့ ၁၃ လက်မအရွယ်ရှိ မျက်နှာပြင် ၂ ခုပါဝင်တဲ့ ခေါက်စမတ်ဖုန်းတွေကို လုပ်ကိုင်နေပါတယ်။ အဲဒီထုတ်ကုန်မှာ အသုံးပြုမယ့် panel တွေကို ဒီနှစ်အတွင်း အဆင်သင့်ဖြစ်နေဖို့ ရည်မှန်းထားပေမယ့် ဘယ်ထုတ်ကုန်မှာ အရင်ပါလာမလဲဆိုတာ မသိရသေးပါဘူး။

Samsung Display ဟာ G-type နဲ့ S-type ဆိုပြီး မတူညီတဲ့ ဒီဇိုင်း ၂ မျိုးကိုလုပ်ကိုင်နေတယ်လို့ The Bell က ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ၈ လက်မအရွယ် display ဟာ G-type ဖြစ်ပြီး ၁၃ လက်မမော်ဒယ်ကတော့ S-type အမျိုးအစား ဖြစ်နိုင်ပါတယ်။ အဲဒီ ထုတ်ကုန်တွေမှာ အရွယ်ခပ်ဆင်ဆင် မျက်နှာပြင်တွေပါဝင်လာနိုင်ပါတယ်။

G-type မျက်နှာပြင်ကို ခေါက်လိုက်တဲ့အခါ ကျောဘက်မှာ active display ကိုဖော်ပြပေးမှာ ဖြစ်ပေမယ့် S-type မှာရှေ့ဘက်မှာ display တစ်ခုပါဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီသတင်းကို ကိုရီးယားသတင်းဌာန The Bell ကဖော်ပြခဲ့တာဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena