မ်က္ႏွာျပင္အရြယ္အစား ၆ လက္မနဲ႔ ဘက္ထရီ 3,600mAh ပါဝင္တဲ့ Meizu Note 8

[ Zawgyi ]

Meizu ဟာ X8 ထက္ေဈးႏႈန္းသက္သာတဲ့ Note 8 စမတ္ဖုန္းကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ Meizu Note 8 ဟာ မ်က္ႏွာျပင္က ေသးငယ္ၿပီး X8 ထက္ေဈးႏႈန္းသက္သာသလို dual ကင္မရာပုိင္းလည္း တူညီပါတယ္။ Meizu Note 8 ကို ႏိုဝင္ဘာလ ၁ ရက္မွာ ၁၈၅ ေဒၚလာနဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

Meizu Note 8 ကို သတၱဳကိုယ္ထည္နဲ႔ ျပဳလုပ္ထားၿပီး အေရာင္ ၄ မ်ိဳးနဲ႔ ထုတ္လုပ္ထားပါတယ္။ Meizu Note 8 ရဲ႕ မ်က္ႏွာျပင္အရြယ္အစားက ၆ လက္မရွိၿပီး notch မပါဝင္တဲ့ screen ပါဝင္သလို 18:9 aspect ratio နဲ႔ ႐ုပ္ထြက္အရည္အေသြး 1080x 2,160 pixel ပါဝင္လာပါတယ္။ ဖုန္းရဲ႕ brightness ကေတာ့ 450nites နဲ႔ 1,500:1 contrast ratio အသုံးျပဳထားပါတယ္။

Meizu Note 8 ရဲ႕ေက်ာဘက္ ကင္မရာမွာ dual ကင္မရာျဖစ္တဲ့ 12+5MP ပါဝင္လာပါတယ္။ ဖုန္းရဲ႕ အဓိက sensor ကေတာ့ 1.4µm pixels နဲ႔ Dual Pixel AF နဲ႔ Sony IMX362 ျဖစ္ၿပီး အလင္းအားေကာင္းတဲ့ f/1.9 aperture နဲ႔ 5MP depth sensor ကုိ တြဲဖက္အသုံးျပဳထားပါတယ္။

Meizu Note 8 ရဲ႕ေရွ႕ကင္မရာေတာ့ 8MP (f/2.0) selfie ကင္မရာနဲ႔ face recognition ေထာက္ပံ့မႈ ပါဝင္လာပါတယ္။ ဒါ့အျပင္ ေက်ာဘက္မွာ fingerprint reader လည္း ပါဝင္လာပါတယ္။

ဖုနး္မွာ Snapdragon 632 ေထာက္ပံ့မႈပါဝင္ၿပီး Cortex-A73 အေျခခံ core ၄ ခုနဲ႔ A53 ၄ ခုပါဝင္တဲ့ octa-core Kryo ပ႐ိုဆက္ဆာအျပင္ Adreno 506 GPU ေထာက္ပံ့ထားပါတယ္။

အဲဒီ chipset ကို RAM 4GB နဲ႔ storage 64GB နဲ႔တြဲဖက္ထားၿပီး Android Oreo အေျခခံ Flyme OS ကုိ အသုံးျပဳထားပါတယ္။

Meizu Note 8 မွာ 18W fast charging နဲ႔ဘက္ထရီ 3,600mAh ပါဝင္ေပမယ့္ microUSB port ကုိပဲ အသုံးျပဳထားပါတယ္။ ဒါ့အျပင္ ဖုန္းရဲ႕ေအာက္ေျခမွာ 3.5mm headphone jack ပါဝင္လာပါတယ္။

Meizu Note 8 ကို လာမယ့္လ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်မွာျဖစ္ၿပီး အခုအခါမွာ ႀကိဳတင္မွာယူမႈ ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ အေနာက္ႏို္င္ငံေတြမွာ ဘယ္အခ်ိန္ေရာင္းခ်မလဲဆိုတာေတာ့ Meizu က မထုတ္ျပန္ေသးပါဘူး။

စိုးထက္
Ref: GSMArena

[ Unicode ]

Meizu ဟာ X8 ထက်ဈေးနှုန်းသက်သာတဲ့ Note 8 စမတ်ဖုန်းကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ Meizu Note 8 ဟာ မျက်နှာပြင်က သေးငယ်ပြီး X8 ထက်ဈေးနှုန်းသက်သာသလို dual ကင်မရာပိုင်းလည်း တူညီပါတယ်။ Meizu Note 8 ကို နိုဝင်ဘာလ ၁ ရက်မှာ ၁၈၅ ဒေါ်လာနဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Meizu Note 8 ကို သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Meizu Note 8 ရဲ့ မျက်နှာပြင်အရွယ်အစားက ၆ လက်မရှိပြီး notch မပါဝင်တဲ့ screen ပါဝင်သလို 18:9 aspect ratio နဲ့ ရုပ်ထွက်အရည်အသွေး 1080x 2,160 pixel ပါဝင်လာပါတယ်။ ဖုန်းရဲ့ brightness ကတော့ 450nites နဲ့ 1,500:1 contrast ratio အသုံးပြုထားပါတယ်။

Meizu Note 8 ရဲ့ကျောဘက် ကင်မရာမှာ dual ကင်မရာဖြစ်တဲ့ 12+5MP ပါဝင်လာပါတယ်။ ဖုန်းရဲ့ အဓိက sensor ကတော့ 1.4µm pixels နဲ့ Dual Pixel AF နဲ့ Sony IMX362 ဖြစ်ပြီး အလင်းအားကောင်းတဲ့ f/1.9 aperture နဲ့ 5MP depth sensor ကို တွဲဖက်အသုံးပြုထားပါတယ်။

Meizu Note 8 ရဲ့ရှေ့ကင်မရာတော့ 8MP (f/2.0) selfie ကင်မရာနဲ့ face recognition ထောက်ပံ့မှု ပါဝင်လာပါတယ်။ ဒါ့အပြင် ကျောဘက်မှာ fingerprint reader လည်း ပါဝင်လာပါတယ်။

ဖုနး်မှာ Snapdragon 632 ထောက်ပံ့မှုပါဝင်ပြီး Cortex-A73 အခြေခံ core ၄ ခုနဲ့ A53 ၄ ခုပါဝင်တဲ့ octa-core Kryo ပရိုဆက်ဆာအပြင် Adreno 506 GPU ထောက်ပံ့ထားပါတယ်။

အဲဒီ chipset ကို RAM 4GB နဲ့ storage 64GB နဲ့တွဲဖက်ထားပြီး Android Oreo အခြေခံ Flyme OS ကို အသုံးပြုထားပါတယ်။

Meizu Note 8 မှာ 18W fast charging နဲ့ဘက်ထရီ 3,600mAh ပါဝင်ပေမယ့် microUSB port ကိုပဲ အသုံးပြုထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အောက်ခြေမှာ 3.5mm headphone jack ပါဝင်လာပါတယ်။

Meizu Note 8 ကို လာမယ့်လ တရုတ်နိုင်ငံမှာ ရောင်းချမှာဖြစ်ပြီး အခုအခါမှာ ကြိုတင်မှာယူမှု ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ အနောက်နို်င်ငံတွေမှာ ဘယ်အချိန်ရောင်းချမလဲဆိုတာတော့ Meizu က မထုတ်ပြန်သေးပါဘူး။

စိုးထက်
Ref: GSMArena