မ်က္ႏွာျပင္နဲ႔ ကင္မရာအရည္အေသြး ပိုမိုေကာင္းမြန္လာတဲ့ Razer Phone 2

Gaming ဟာ ေဖ်ာ္ေျဖေရးထဲမွာ လႊမ္းမိုးထားတဲ့ က႑တစ္ခုျဖစ္ၿပီး ဂိမ္မာေတြအေနနဲ႔ ေနာက္ဆုံးေပၚနည္းပညာကုိ အေစာဆုံး အသုံးျပဳသူလည္း ျဖစ္ပါတယ္။ Razer Phone 2 မွာ ထူးျခားတဲ့ feature ေတြပါဝင္ၿပီး ကနဦးထြက္ရွိထားတဲ့ ထုတ္ကုန္ထက္ တုိးတက္မႈရွိပါတယ္။

Razer Phone 2 ရဲ႕မ်က္ႏွာျပင္က ၅.၇ လက္မရွိၿပီး IGZO LCD panel နဲ႔ QHD ႐ုပ္ထြက္အရည္အေသြးကုိ အသုံးျပဳထားပါတယ္။ Razer ဟာ multimedit အတြက္ 16:9 screen ကုိအသုံးျပဳထားပါတယ္။ Razer Phone 2 မ်က္ႏွာျပင္က Razer Phone ထက္ အလင္းအား ၅၀ ရာခုိင္ႏႈန္း ပုိမိုေကာင္းမြန္လာပါတယ္။ ဒါ့အျပင္ Razer Phone 2 ရဲ႕ panel သစ္က ေမွာင္ေနတဲ့ ႐ႈခင္းေတြက အေသးစိတ္ပုံပန္းေတြကုိ ပုိေကာင္းေအာင္ ထိန္းသိမ္းေပးပါတယ္။

Razer Phone 2 မ်က္ႏွာျပင္က refresh rate က 120Hz ရွိတဲ့အတြက္ ႐ုပ္ထြက္ပုိင္းေတြ ေလးသြားတာမ်ိဳးေတြကုိ ဖယ္ရွားေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဂိမ္းနဲ႔ ဗီဒီယို ၂ မ်ိဳးစလုံးအတြင္းက ႐ုပ္ထြက္ပုိင္း ေကာင္းမြန္ဖို႔ HDR နဲ႔ DCI-P3 wide color gamut တို႔ေထာက္ပံ့ေပးထားပါတယ္။

Razer Phone 2 မွာ Snapdragon 845 chipset သစ္ပါဝင္ၿပီး vapor chamber cooling စနစ္ ပါဝင္လာပါတယ္။ Razer အေနနဲ႔ chipset မွာ အပူခ်ိန္လြန္ကဲမႈ မရွိေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Razer Phone 2 မွာ RAM 8GB နဲ႔ UFS storage 64GB ပါဝင္ၿပီး storage ကို တိုးခ်ဲ႕အသုံးျပဳႏိုင္ဖို႔ microSD ထည့္သြင္းထားေပမယ့္ UFS storage ေလာက္မျမန္ဆန္ဘူးလို႔ သိရပါတယ္။

Razer Phone 2 မွာ ႀကိဳးမဲ့ အားသြင္းစနစ္ အသုံးျပဳႏိုင္ဖို႔ ေက်ာဘက္မွာ ဖန္ထည္နဲ႔ ျပဳလုပ္ထားေပမယ့္ CNC အလူမီနီယမ္ ကုိယ္ထည္ကုိ အသုံးျပဳထားပါတယ္။ ဒါ့အျပင္ Razer Phone 2 ဟာ IP67 rating ေရစိုဒဏ္ခံႏိုင္တဲ့ အဆင့္သတ္မွတ္ခ်က္ရွိပါတယ္။

ဖုန္းရဲ႕ေက်ာဘက္က Razer လိုဂိုမွာ RGB backlit နဲ႔ Chroma ေထာက္ပံ့ထားပါတယ္။ ဒါေၾကာင့္ Razer လိုဂိုက အလင္းေရာင္နဲ႔ ဖုန္းေပၚက အလင္းေတြကုိ အေရာင္တူေအာင္ျပသေပးမွာ ျဖစ္ပါတယ္။ Razer Phone 2 မွာ RGB အလင္းနဲ႔အတူ synchronize လုပ္ေပးႏိုင္မယ့္ USB-C noise canceling နားၾကပ္ကိုလည္း ထည့္သြင္းထားပါတယ္။ ဒါေပမဲ့ Razer Phone 2 မွာ 3.5mm နားၾကပ္ေပါက္ မပါဝင္ေပမယ့္ 24-bit DAC dongle နဲ႔ခ်ိတ္ဆက္အသုံးျပဳႏိုင္ပါတယ္။

Razer Phone 2 ရဲ႕ေက်ာဘက္မွာ dual ကင္မရာအသုံးျပဳထားၿပီး တိုးတက္ေအာင္ ျပဳလုပ္ထားပါတယ္။ Sony ရဲ႕ image sensor သစ္ေတြ ပါဝင္လာပါတယ္။ အဓိက 12MP image sensor မွာ Dual Pixel AF နဲ႔ optical image stabilization (OIS) နဲ႔ အလင္းအားပိုေကာင္းတဲ့ f/1.75 lens ပါဝင္လာပါတယ္။ ဒုတိယေျမာက္ ကင္မရာက 12MP ျဖစ္ၿပီး 2x telephoto lens (f/2.6) ပါဝင္လာပါတယ္။

ဒါ့အျပင္ ဗီဒီယိုေတြကို 60fps နဲ႔ 2160p ႐ုပ္ထြက္အရည္အေသြးရွိ ဗီဒီယို႐ိုက္ကူးႏိုင္ပါတယ္။ 120fps နဲ႔ 1080p slow-motion mode ပါဝင္လာပါတယ္။ Razer Phone 2 ရဲ႕ selfie ကင္မရာကေတာ့ Razer Phone က အတိုင္းပဲ ျဖစ္ၿပီး 8MP ျဖစ္သလို 60fps နဲ႔ 1080p ႐ုိက္ကူးဖုိ႔ ေထာက္ပံ့ထားပါတယ္။

Razer Phone 2 မွာ စြမ္းေဆာင္ရည္ျမင့္မားတဲ့ စတီရီယုိ စပီကာေတြ ပါဝင္ပါတယ္။ အဲဒီ စပီကာေတြဟာ Dolby Atmos ေထာက္ခံခ်က္ပါဝင္ၿပီး amplifier ေတြလည္း ပါဝင္လာပါတယ္။

Razer Phone 2 ကို Android 8.1 Oreo နဲ႔ေထာက္ပံ့သြားမွာ ျဖစ္ေပမယ့္ မၾကာခင္မွာ OS အဆင့္ျမႇင့္တင္မႈ ေပးသြားမယ္လုိ႔ Razer ကေျပာထားပါတယ္။

Razer Phone 2 ကို ေဒၚလာ ၈၀၀ နဲ႔ေရာင္းခ်မွာ ျဖစ္ေပမယ့္ ဘယ္ေတာ့ေရာင္းခ်မလဲဆိုတာ မသိရေသးပါဘူး။

Razer Phone 2 အတြက္ accessory အမ်ိဳးမ်ိဳး ထုတ္လုပ္ထားပါေသးတယ္။ Razer Wireless Charger ကိုေတာ့ ေဒၚလာ ၁၀၀ နဲ႔ေရာင္းခ်ၿပီး ဖုန္းအတြက္ သားေရနဲ႔ Kevlar Case တို႔ကို ေဒၚလာ ၄၀ နဲ႔ ေဒၚလာ ၅၀ တုိ႔နဲ႔ ေရာင္းခ်ေပးသြားမွာ ျဖစ္ပါတယ္။ Razer Phone 2 အတြက္ tempered glass screen ကုိေတာ့ ေဒၚလာ ၂၀ ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Razer ဟာ Games Booster ေနရာမွာ အစားထိုးဖို႔ Cortex App ကုိ မၾကာခင္ ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။ Cortex App ဟာ ဂိမ္းေတြအတြက္ ခ်ိန္ညိႇမႈေတြနဲ႔ ႐ုပ္ထြက္အရည္အေသြး၊ frame rate နဲ႔ CPU clock ျမန္ႏႈန္းေတြကုိ ခ်ိန္ညိႇေပးႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Gaming ဟာ ဖျော်ဖြေရေးထဲမှာ လွှမ်းမိုးထားတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ဂိမ်မာတွေအနေနဲ့ နောက်ဆုံးပေါ်နည်းပညာကို အစောဆုံး အသုံးပြုသူလည်း ဖြစ်ပါတယ်။ Razer Phone 2 မှာ ထူးခြားတဲ့ feature တွေပါဝင်ပြီး ကနဦးထွက်ရှိထားတဲ့ ထုတ်ကုန်ထက် တိုးတက်မှုရှိပါတယ်။

Razer Phone 2 ရဲ့မျက်နှာပြင်က ၅.၇ လက်မရှိပြီး IGZO LCD panel နဲ့ QHD ရုပ်ထွက်အရည်အသွေးကို အသုံးပြုထားပါတယ်။ Razer ဟာ multimedit အတွက် 16:9 screen ကိုအသုံးပြုထားပါတယ်။ Razer Phone 2 မျက်နှာပြင်က Razer Phone ထက် အလင်းအား ၅၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်လာပါတယ်။ ဒါ့အပြင် Razer Phone 2 ရဲ့ panel သစ်က မှောင်နေတဲ့ ရှုခင်းတွေက အသေးစိတ်ပုံပန်းတွေကို ပိုကောင်းအောင် ထိန်းသိမ်းပေးပါတယ်။

Razer Phone 2 မျက်နှာပြင်က refresh rate က 120Hz ရှိတဲ့အတွက် ရုပ်ထွက်ပိုင်းတွေ လေးသွားတာမျိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဂိမ်းနဲ့ ဗီဒီယို ၂ မျိုးစလုံးအတွင်းက ရုပ်ထွက်ပိုင်း ကောင်းမွန်ဖို့ HDR နဲ့ DCI-P3 wide color gamut တို့ထောက်ပံ့ပေးထားပါတယ်။

Razer Phone 2 မှာ Snapdragon 845 chipset သစ်ပါဝင်ပြီး vapor chamber cooling စနစ် ပါဝင်လာပါတယ်။ Razer အနေနဲ့ chipset မှာ အပူချိန်လွန်ကဲမှု မရှိအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Razer Phone 2 မှာ RAM 8GB နဲ့ UFS storage 64GB ပါဝင်ပြီး storage ကို တိုးချဲ့အသုံးပြုနိုင်ဖို့ microSD ထည့်သွင်းထားပေမယ့် UFS storage လောက်မမြန်ဆန်ဘူးလို့ သိရပါတယ်။

Razer Phone 2 မှာ ကြိုးမဲ့ အားသွင်းစနစ် အသုံးပြုနိုင်ဖို့ ကျောဘက်မှာ ဖန်ထည်နဲ့ ပြုလုပ်ထားပေမယ့် CNC အလူမီနီယမ် ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Razer Phone 2 ဟာ IP67 rating ရေစိုဒဏ်ခံနိုင်တဲ့ အဆင့်သတ်မှတ်ချက်ရှိပါတယ်။

ဖုန်းရဲ့ကျောဘက်က Razer လိုဂိုမှာ RGB backlit နဲ့ Chroma ထောက်ပံ့ထားပါတယ်။ ဒါကြောင့် Razer လိုဂိုက အလင်းရောင်နဲ့ ဖုန်းပေါ်က အလင်းတွေကို အရောင်တူအောင်ပြသပေးမှာ ဖြစ်ပါတယ်။ Razer Phone 2 မှာ RGB အလင်းနဲ့အတူ synchronize လုပ်ပေးနိုင်မယ့် USB-C noise canceling နားကြပ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ Razer Phone 2 မှာ 3.5mm နားကြပ်ပေါက် မပါဝင်ပေမယ့် 24-bit DAC dongle နဲ့ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

Razer Phone 2 ရဲ့ကျောဘက်မှာ dual ကင်မရာအသုံးပြုထားပြီး တိုးတက်အောင် ပြုလုပ်ထားပါတယ်။ Sony ရဲ့ image sensor သစ်တွေ ပါဝင်လာပါတယ်။ အဓိက 12MP image sensor မှာ Dual Pixel AF နဲ့ optical image stabilization (OIS) နဲ့ အလင်းအားပိုကောင်းတဲ့ f/1.75 lens ပါဝင်လာပါတယ်။ ဒုတိယမြောက် ကင်မရာက 12MP ဖြစ်ပြီး 2x telephoto lens (f/2.6) ပါဝင်လာပါတယ်။

ဒါ့အပြင် ဗီဒီယိုတွေကို 60fps နဲ့ 2160p ရုပ်ထွက်အရည်အသွေးရှိ ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။ 120fps နဲ့ 1080p slow-motion mode ပါဝင်လာပါတယ်။ Razer Phone 2 ရဲ့ selfie ကင်မရာကတော့ Razer Phone က အတိုင်းပဲ ဖြစ်ပြီး 8MP ဖြစ်သလို 60fps နဲ့ 1080p ရိုက်ကူးဖို့ ထောက်ပံ့ထားပါတယ်။

Razer Phone 2 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ စတီရီယို စပီကာတွေ ပါဝင်ပါတယ်။ အဲဒီ စပီကာတွေဟာ Dolby Atmos ထောက်ခံချက်ပါဝင်ပြီး amplifier တွေလည်း ပါဝင်လာပါတယ်။

Razer Phone 2 ကို Android 8.1 Oreo နဲ့ထောက်ပံ့သွားမှာ ဖြစ်ပေမယ့် မကြာခင်မှာ OS အဆင့်မြှင့်တင်မှု ပေးသွားမယ်လို့ Razer ကပြောထားပါတယ်။

Razer Phone 2 ကို ဒေါ်လာ ၈၀၀ နဲ့ရောင်းချမှာ ဖြစ်ပေမယ့် ဘယ်တော့ရောင်းချမလဲဆိုတာ မသိရသေးပါဘူး။

Razer Phone 2 အတွက် accessory အမျိုးမျိုး ထုတ်လုပ်ထားပါသေးတယ်။ Razer Wireless Charger ကိုတော့ ဒေါ်လာ ၁၀၀ နဲ့ရောင်းချပြီး ဖုန်းအတွက် သားရေနဲ့ Kevlar Case တို့ကို ဒေါ်လာ ၄၀ နဲ့ ဒေါ်လာ ၅၀ တို့နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ Razer Phone 2 အတွက် tempered glass screen ကိုတော့ ဒေါ်လာ ၂၀ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Razer ဟာ Games Booster နေရာမှာ အစားထိုးဖို့ Cortex App ကို မကြာခင် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။ Cortex App ဟာ ဂိမ်းတွေအတွက် ချိန်ညှိမှုတွေနဲ့ ရုပ်ထွက်အရည်အသွေး၊ frame rate နဲ့ CPU clock မြန်နှုန်းတွေကို ချိန်ညှိပေးနိုင်ပါတယ်။

Ref: GSMArena