August 19, 2018
မိုဘိုင်းဖုန်းနဲ့ နေဝင်ချိန် Sunset ဓာတ်ပုံတွေကို ရိုက်ကူးတဲ့အခါ သိရမယ့် အချက် (၅) ချက်
[ Zawgyi ]
မိုဘိုင်းဖုန်းနဲ့ Sunset ကို ဘယ်လိုအလှပဆုံး ရိုက်ကူးနိုင်မလဲ ဆိုတာကို လေ့လာနိုင်အောင် ပြောပြပေးမှာပါ။ နေဝင်တဲ့အချိန်မှာ နေရောင်ခြည်ရဲ့ အရောင်ဖျောဖျော့လေးတွေ ကောင်းကင်မှာ ဖြာထွက်နေပြီး တိမ်စိုင်တိမ်လိပ်တွေ၊ အရာဝတ္ထုတွေပေါ်မှာ အလင်းပြန်နေတာတွေကို အမိအရ ရိုက်ကူးနိုင်ဖို့အတွက် ဘယ်လိုတွေပြင်ဆင် ထားသင့်တယ်။ ဘာတွေ လိုအပ်တယ်ဆိုတာကို လေ့လာမိသလောက် ပြောပြသွားမှာပါ။
ပထမဆုံးပြောရမယ့် အချက်ကတော့ အလင်းအားနည်းတဲ့အချိန်မှာ ရိုက်ကူးနိုင်တဲ့ ဓာတ်ပုံတွေက အရမ်းကို သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလင်းအားနည်းတဲ့အတွက် shutter speed နဲ့ iso တို့ကို ချိန်ညှိ ရိုက်ကူးရတာကြောင့် လက်မငြိမ်တဲ့အခါမှာ ဓာတ်ပုံမှာ Shake တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလိုမဖြစ်အောင်လို့ ဖုန်းကို tripod မှာတင်ပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။
ဖုန်းကို Tripod တင်ပြီး ရိုက်ကူးတဲ့အခါမှာ ကိုယ်ရိုက်လိုတဲ့ Location
နေရာကို ရေပြင်ညီဖြစ်အောင် အတတ်နိုင်ဆုံး Tripod ကို နေရာချပြီး Shutter ခလုတ်ကို လက်နဲ့ နှိပ်ခြင်းထက် Timer ပေးပြီး ရိုက်ကူးတာက ပိုပြီးကောင်းတဲ့ ဓာတ်ပုံတွေ ရရှိစေမှာဖြစ်ပါတယ်။ ဖုန်းအတွက်သုံးဖို့ အတွက်ဆိုရင် ပေါ့ပါးပြီး သယ်ယူရ လွယ်ကူတဲ့ Tripod တွေက တစ်သောင်းဝန်းကျင်မှ တသိန်းဝန်းကျင်လောက်နဲ့ ဈေးကွက်အတွင်းမှာ ဝယ်ယူနိုင်ပါတယ်။
နေကအနိမ့်ပိုင်းကို ရောက်ပြီး အလင်းတွေဖြာထွက်နေတဲ့အချိန်မှာ ဓာတ်ပုံရိုက်ကူးတဲ့အခါ တစ်ပုံနဲ့တစ်ပုံ ရိုက်ကူးပုံချင်း တူညီနေမယ်ဆိုရင် ဘာမှစိတ်ဝင်စားဖို့မကောင်းလှပါဘူး။ ဒါကြောင့်ထူးခြားတဲ့ နေဝင် ချိန်လေးမှာ မတူညီတဲ့ ခံစားမှုနဲ့ ဆွဲဆောင်နိုင်မှုတွေ ရှိနေစေဖို့ အတွက်ဆိုရင်တော့ လင်းဖြာနေတဲ့အရှေ့ Subject ကို ထူးခြားတဲ့ Subject တွေ ရှာဖွေရိုက်ကူး သင့်ပါတယ်။
တကယ်လို့ သင်ဟာ နေဝင်ချိန်နဲ့ နေထွက်ချိန်မှာ ရေတွေရှိတဲ့ ကန်ပတ်ဝန်းကျင် ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေကို ရိုက်ကူးတော့ မယ်ဆိုရင် လှပနေတဲ့ လိမ္မော်ရောင် ကောင်းကင်နဲ့ အခြား အရာ ဝတ္ထု တွဲဖက်ရိုက်ကူးဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီလိုမျိုး ရိုက်ကူး မှုမျိုးမှာ ပုံရိပ်ထဲမှာ ရေရဲ့အလင်းပြန်နေတဲ့ ပုံရိပ်တွေကိုလည်း ထည့်သွင်း စဉ်းစားပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။
တွေထဲမှာ အလင်းပြန်တဲ့ ပုံရိပ်တွေကို အကောင်းဆုံး ထည့်သွင်းရိုက် ကူးသင့်ပါတယ်။ ဒါမှသာ လှပတဲ့ပုံရိပ်တွေကို ထူးခြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၅။ ရိုက်ကူးမယ့် Subject နောက်တည့်တည့်မှာ အလင်းထား ရိုက်ကူးခြင်း
အဲဒီလိုမျိုး ဓာတ်ပုံတွေ ရိုက်ကူးတဲ့အချိန်မှာ မမေ့သင့်တာတစ်ခုက နေရဲ့နေရာကို Subject ကိုရွှေ့ပြီး ရိုက်ကူးနိုင်ပြီးတော့ အလင်းရောင် အားကလည်း အရမ်းကြီးမများဖို့ သတိထားရမှာပဲဖြစ်ပါတယ်။
-စည်သူ
===============
[ Unicode ]
မိုုဘိုုင်းဖုုန်းနဲ့ နေဝင်ချိန် Sunset ဓာတ်ပုုံတွေကိုု ရိုက်ကူးတဲ့အခါ သိရမယ့် အချက် (၅) ချက်
===============
မိုုဘိုုင်းဖုုန်းနဲ့ Sunset ကိုု ဘယ်လိုုအလှပဆုံုး ရိုက်ကူးနိုုင်မလဲ ဆိုုတာကိုု လေ့လာနိုုင်အောင် ပြောပြပေးမှာပါ။ နေဝင်တဲ့အချိန်မှာ နေရောင်ခြည်ရဲ့ အရောင်ဖျောဖျော့လေးတွေ ကောင်းကင်မှာ ဖြာထွက်နေပြီး တိမ်စိုင်တိမ်လိပ်တွေ၊ အရာဝတ္ထုတွေပေါ်မှာ အလင်းပြန်နေတာတွေကို အမိအရ ရိုက်ကူးနိုင်ဖိုု့အတွက် ဘယ်လိုုတွေပြင်ဆင် ထားသင့်တယ်။ ဘာတွေ လိုုအပ်တယ်ဆိုုတာကိုု လေ့လာမိသလောက် ပြောပြသွားမှာပါ။
၁။ ဖုန်း Camera ကို မလှုပ်အောင် သတိထားပါ။
ပထမဆုံးပြောရမယ့် အချက်ကတော့ အလင်းအားနည်းတဲ့အချိန်မှာ ရိုုက်ကူးနိုင်တဲ့ ဓာတ်ပုံတွေက အရမ်းကို သတိထားရပါတယ်။ ဘာဖြစ်လို့လဲဆိုုတော့ အလင်းအားနည်းတဲ့အတွက် shutter speed နဲ့ iso တို့ကို ချိန်ညှိ ရိုက်ကူးရတာကြောင့် လက်မငြိမ်တဲ့အခါမှာ ဓာတ်ပုံမှာ Shake တွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲလိုမဖြစ်အောင်လိုု့ ဖုန်းကို tripod မှာတင်ပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။
ဖုန်းကို Tripod တင်ပြီး ရိုက်ကူးတဲ့အခါမှာ ကိုယ်ရိုက်လိုုတဲ့ Location
နေရာကိုု ရေပြင်ညီဖြစ်အောင် အတတ်နိုင်ဆုံး Tripod ကို နေရာချပြီး Shutter ခလုတ်ကိုု လက်နဲ့ နှိပ်ခြင်းထက် Timer ပေးပြီး ရိုက်ကူးတာက ပိုပြီးကောင်းတဲ့ ဓာတ်ပုံတွေ ရရှိစေမှာဖြစ်ပါတယ်။ ဖုန်းအတွက်သုံးဖို့ အတွက်ဆိုရင် ပေါ့ပါးပြီး သယ်ယူရ လွယ်ကူတဲ့ Tripod တွေက တစ်သောင်းဝန်းကျင်မှ တသိန်းဝန်းကျင်လောက်နဲ့ စျေးကွက်အတွင်းမှာ ဝယ်ယူနိုုင်ပါတယ်။
၂။ နေ အနိမ့်ပိုင်းရောက်မှ ဓာတ်ပုံရိုက်ပါ။
နေဝင်ချိန်မှာ နေက မိုးကုပ်စက်ဝိုင်းကို မဝင်ရောက်ခင် အနိမ့်ပိုင်း ရောက်သွားတဲ့အတွက် အလင်းရောင်က နေမြင့်နေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ အလင်းရောင်ထက်ပိုပြီ ဖျော့သွားမှာပါ။ သိပ္ပံနည်းကျ ပြောကြတဲ့ အတိုင်း အဲဒီလိုအချိန်မှာ နွေးထွေးမှုတွေ နူးညံတဲ့ အလင်းရောင်တွေကို ဓာတ်ပုံထဲမှာ ထည့်သွင်း ရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။
အခုပြထားတဲ့ ဓာတ်ပုံကိုုကြည့်လိုက်တဲ့အခါမှာ အလင်းဟာ ဖျော့တော့လှပနေပြီး နွေးထွေးမှုတွေကိုု Screen ရဲ့ အောက်ခြေမှာ ပေးစွမ်းထားပါတယ်။ အလင်းရောင်ကလည်း တောင်တန်းကြားမှာ အလင်းပြန်ပြီး နေရောင်က တောင်ရဲ့ Horizonal ထောင်ြ့ဖတ်လိုင်းရဲ့ နောက်မှာ ပျောက်ကွယ်သွားတာကို တွေ့ရပါတယ်။
အောက်မှာပြထားတဲ့ ဓာတ်ပုံမှာဆိုရင်တော့ နေဟာ တံတားရဲ့ အနောက်ဘက်မှာ အလင်းဖျော့ဖျော့နဲ့ ကောင်းကင်ရဲ့အနိမ့်ပိုင်းလေးမှာ တောက်ပနေပါတယ်။ နေရောင်ခြည်ဟာလည်း တံတားရဲ့ နောက်ကနေ ဖြာကျနေပြီး ရထားရဲ့ အရှေ့ဘက်မှာရှိတဲ့ အမှောင်ထုကို လှပစွာ စိုးမိုးဖိုု့ ကြံရွယ်နေပါတယ်။ ဓာတ်ပုံကြည့်ရှုသူတစ်ယောက်အတွက် အဲဒီအချိန်မှာဖြစ်ပေါ်နေတဲ့ လှပတဲ့အလင်းရောင်နဲ့ အမှောင်ရဲ့ အချိုးညီညီဖြစ်တည်နေမှုက အရသာတစ်ခုုကို ဖြစ်ပေါ်စေပါတယ်။
ဒီဓာတ်ပုံနှစ်ပုံလုံးကို လေ့လာကြည့်မယ်ဆိုရင် နေရောင်ခြည်ရဲ့ အလင်းရောင်မြင့်မားနေတယ်ဆိုပေမယ့် တောက်ပနေတဲ့ အလင်းရောင်ကို မတူညီတဲ့ effect နဲ့ ရိုက်ကူးပြထားခြင်းဖြစ်ပါတယ်။ တကယ်လို့များပိုပြီး လှပတဲ့ဓာတ်ပုံကို ထပ်လိုချင်တယ်ဆိုရင် ပိုပြီး အလင်းဖျော့အောင် နေဝင်အချိန်ကို ထပ်စောင့်ပြီး ရိုက်ကူးသင့်ပါတယ်။
၃။ နေရောင်ရှေ့မှာ စိတ်ဝင်စားစရာ Subject ကို ထားရိုက်ခြင်း
နေကအနိမ့်ပိုင်းကို ရောက်ပြီး အလင်းတွေဖြာထွက်နေတဲ့အချိန်မှာ ဓာတ်ပုံရိုုက်ကူးတဲ့အခါ တစ်ပုံနဲ့တစ်ပုံ ရိုက်ကူးပုံချင်း တူညီနေမယ်ဆိုရင် ဘာမှစိတ်ဝင်စားဖိုု့မကောင်းလှပါဘူး။ ဒါကြောင့်ထူးခြားတဲ့ နေဝင် ချိန်လေးမှာ မတူညီတဲ့ ခံစားမှုနဲ့ ဆွဲဆောင်နိုင်မှုတွေ ရှိနေစေဖို့ အတွက်ဆိုရင်တော့ လင်းဖြာနေတဲ့အရှေ့ Subject ကိုု ထူးခြားတဲ့ Subject တွေ ရှာဖွေရိုက်ကူး သင့်ပါတယ်။
အခု ဓာတ်ပုံကို ကြည့်မယ်ဆိုုရင် နေဝင်ချိန်မှာ သစ်ပင်တွေနဲ့ တောင်တန်းတွေရဲ့အနောက်ဘက်မှာ အလင်းရောင်တွေ ဖြာထွက် နေတာကို တွေ့ရမှာပါ။ ဒီလိုဓာတ်ပုံတွေက အများစုက ပုံမှန်အတိုင်း ရိုက်ကူးနေကျမျိုး ဓာတ်ပုံ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့က သစ်ပင်တွေရဲ့ Verticle ကျစွာ ညီညီညာညာလေး ဖြစ်အောင်ရိုက်ကူးမယ်ဆိုုရင် ပိုပြီး ကြည့်ကောင်းစေနိုင်ပါတယ်။
၄။ အလင်းပြန်မှုတွေကို ထည့်သွင်းရိုက်ကူးခြင်း
တကယ်လို့ သင်ဟာ နေဝင်ချိန်နဲ့ နေထွက်ချိန်မှာ ရေတွေရှိတဲ့ ကန်ပတ်ဝန်းကျင် ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေကိုု ရိုက်ကူးတော့ မယ်ဆိုုရင် လှပနေတဲ့ လိမ္မော်ရောင် ကောင်းကင်နဲ့ အခြား အရာ ဝတ္ထု တွဲဖက်ရိုက်ကူးဖိုု့ ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒီလိုုမျိုး ရိုက်ကူး မှုမျိုးမှာ ပုံရိပ်ထဲမှာ ရေရဲ့အလင်းပြန်နေတဲ့ ပုံရိပ်တွေကိုလည်း ထည့်သွင်း စဉ်းစားပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။
အခုဓာတ်ပုံထဲမှာ မြစ်တစ်ခုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်ပါတယ်။ ဒီဓာတ်ပုံထဲမှာဆိုရင် တိမ်လိပ်တွေထဲမှာ တောက်ပနေတဲ့ အလင်းရောင်တွေဟာ ရေထဲမှာ အလင်းပြန်ပြီး ပုံုထင်နေတာကိုု မြင်တွေ့ရမှာပါ။ ဒါကြောင့် ရေအိုင်တွေ၊ ရေကွက်တွေ၊ ရေကန်
တွေထဲမှာ အလင်းပြန်တဲ့ ပုံရိပ်တွေကို အကောင်းဆုံုး ထည့်သွင်းရိုက် ကူးသင့်ပါတယ်။ ဒါမှသာ လှပတဲ့ပုံရိပ်တွေကိုု ထူးခြားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အင်းတွေအိုင်တွေကို ရိုက်ကူးတဲ့အချိန်မှာ အရာဝတ္ထုတွေ ထည့်သွင်း ရိုက်ကူးခြင်းကလည်း ထူးခြားစေပါတယ်။ ကိုယ်ထည့်သွင်း ရိုက်ကူးလိုက်တဲ့ အရာဝတ္ထုတွေဟာ ရေရဲ့ မျက်နှာပြင်ပေါ်မှာ ထင်နေပြီး လှပတဲ့ ဓာတ်ပုံတွေ ထပ်မံ ရရှိမှာမှာ ထည့်သွင်းရိုက်ကူးသင့်တဲ့ အရာဝတ္ထုတွေကတော့ သစ်ပင်တွေ အဆောက်အဦတွေနဲ့ တိရစ္ဆာန်လေးတွေ ရေကူးနေတာတွေကို ထည့်သွင်း ရိုုက်ကူး ကြည့်သင့်ပါတယ်။
၅။ ရိုက်ကူးမယ့် Subject နောက်တည့်တည့်မှာ အလင်းထား ရိုုက်ကူးခြင်း
Backlight ရိုက်ကူးခြင်းဆိုတာဟာ ကိုုယ်ရိုုက်ကူးမယ့် Subject ရဲ့ အနောက်တည့်တည့်မှာ အလင်းရောင်ကိုထားပြီး ရိုက်ကူးခြင်း ပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အရာဝတ္ထုရဲ့ အနားသပ်ပတ်ပတ်လည်မှာ အလင်းဖြာ ထွက်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဲလို အလင်း ထားရိုုက်ကူးမယ်ဆိုရင် နေရောင်ကိုု နောက်ခံထား ရိုက်ကူးခြင်းဟာ အကောင်းဆုံုးသောနည်းလမ်းပဲဖြစ်ပါတယ်။
ပထမဦးဆုံး ဥပမာပြရမယ်ဆိုုရင် ညနေပိုင်းအချိန်မှာ လူငယ် တစ်ဦးရဲ့ စောက်ထိုုးနေတဲ့အချိန်ကိုု ရိုက်ကူးလိုုက်တဲ့အခါ ညနေခင်း နေရောင်ရဲ့ အလင်းရောင်ကိုုကွယ်ပြီး ရိုက်ကူးထားတာကြောင့် ခြေထောက်နှစ်ဖက်ကြားမှာ အလင်းဖြာထွက်နေတာကိုု မြင်တွေ့ရပါ တယ်။ ဒါကြောင့် ခြေထောက်ကြား အလင်းဖြာထွက်ပြီး လှပနေတာ ကိုလည်း မြင်တွေ့ရပါတယ်။
အဲဒီလိုမျိုး ဓာတ်ပုံုတွေ ရိုက်ကူးတဲ့အချိန်မှာ မမေ့သင့်တာတစ်ခုုက နေရဲ့နေရာကို Subject ကိုုရွှေ့ပြီး ရိုက်ကူးနိုင်ပြီးတော့ အလင်းရောင် အားကလည်း အရမ်းကြီးမများဖို့ သတိထားရမှာပဲဖြစ်ပါတယ်။
နောက်ထပ် ဥပမာတစ်ခုကတော့ ပထမဓာတ်ပုံလိုပဲ နည်းစနစ်ကို လိုက်နာပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ နေဟာ ကောင်းကင်ကနေ နိမ့်ဆင်းသွားပြီး ရထားရဲ့နောက်မှာ ထားရိုက်လိုက်တဲ့အခါ ဖြာထွက်နေတဲ့ နေရောင်အလင်းတွေကို ရထားနောက်မှာ ဖြစ်ပေါ်လာပါတယ်။ Focus နဲ့ Exposure Point ကိုု ရထားရဲ့ အရှေ့ကိုထားပြီး ရိုုက်ကူးလိုက်တဲ့အခါမှာ ရထားရဲ့ ပုံရိပ်ကလည်း အနောက်က အလင်းရောင်ကြောင့် မှောင်သွားခြင်းမရှိဘဲ ပုံရိပ်ပေါ်နေ အောင် အလင်းအမှောင်ကစားပြီး ရိုုက်ကူးရမှာ ဖြစ်ပါတယ်။
-စည်သူ