August 20, 2018

မိုဘိုင္း App မွတစ္ဆင့္ကမာၻ႔ဖလားေဘာလံုးပြဲကို တိုက္ရိုက္ၾကည့္ႏိုင္ရန္ေဆာင္ရြက္

[Zawgyi]

မိုဘိုင္း App ကိုအသံုးျပဳၿပီး ကမာၻ႔ဖလားေဘာလံုးပြဲကိုတိုက္ရိုက္ ၾကည့္ႏိုင္ဖို႔ေဆာင္ရြက္ လိုက္ပါတယ္။

My Ooredoo Application ကိုသံုးၿပီးၾကည့္ႏိုင္မွာျဖစ္ပါတယ္။ Ooredoo Myanmar နဲ႔ Sky Net ရုပ္သံလိုင္းတို႔ပူးေပါင္းေဆာင္ရြက္တာျဖစ္ၿပီး ကမာၻ႔ဖလားမွာပါ၀င္ယွဥ္ၿပိဳင္ကစား မယ့္ အသင္း ၃၂ သင္းကိုကိုယ္စားျပဳတဲ့ဖုန္းေငြျဖည့္ကတ္ေတြကိုလည္းအေရအတြက္ အကန္႔အသတ္နဲ႔ေရာင္းခ်မွာျဖစ္ေၾကာင္းသိရပါတယ္။ FIFA World Cup 2018 ကို မိုဘိုင္းဖုန္းကေန တိုက္ရိုက္ၾကည့္ရႈဖို႔ My Ooredoo App ကို မိမိရဲ႕ မိုဘိုင္းဖုန္းနံပါတ္နဲ႔ ၀င္ေရာက္ရမွာျဖစ္ေၾကာင္း၊ အဲဒီေနာက္ FIFA World Cup 2018 ရဲ႕နဖူးစည္းေၾကာ္ျငာကို ေတြ႔ရမွာျဖစ္ၿပီး အဲဒီ နဖူးစည္းေၾကာ္ျငာကို ကလစ္ႏွိပ္လိုက္တာနဲ႔ တစ္ၿပိဳင္နက္ ေဘာလံုးပြဲစဥ္တိုက္ရိုက္ထုတ္လြင့္မႈကို စတင္ၾကည့္ရႈႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

Google Play Store, Apple App Store (သို႔) *565# သို႔ ဖုန္းေခၚဆိုၿပီး My Ooredoo App ကို download ရယူထည့္သြင္းႏိုင္ပါတယ္။

-ထြန္းထြန္း

 

[Unicode]

မိုဘိုင်း App ကိုအသုံးပြုပြီး ကမ္ဘာ့ဖလားဘောလုံးပွဲကိုတိုက်ရိုက် ကြည့်နိုင်ဖို့ဆောင်ရွက် လိုက်ပါတယ်။

My Ooredoo Application ကိုသုံးပြီးကြည့်နိုင်မှာဖြစ်ပါတယ်။ Ooredoo Myanmar နဲ့ Sky Net ရုပ်သံလိုင်းတို့ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ကမ္ဘာ့ဖလားမှာပါ၀င်ယှဉ်ပြိုင်ကစား မယ့် အသင်း ၃၂ သင်းကိုကိုယ်စားပြုတဲ့ဖုန်းငွေဖြည့်ကတ်တွေကိုလည်းအရေအတွက် အကန့်အသတ်နဲ့ရောင်းချမှာဖြစ်ကြောင်းသိရပါတယ်။ FIFA World Cup 2018 ကို မိုဘိုင်းဖုန်းကနေ တိုက်ရိုက်ကြည့်ရှုဖို့ My Ooredoo App ကို မိမိရဲ့ မိုဘိုင်းဖုန်းနံပါတ်နဲ့ ၀င်ရောက်ရမှာဖြစ်ကြောင်း၊ အဲဒီနောက် FIFA World Cup 2018 ရဲ့နဖူးစည်းကြော်ငြာကို တွေ့ရမှာဖြစ်ပြီး အဲဒီ နဖူးစည်းကြော်ငြာကို ကလစ်နှိပ်လိုက်တာနဲ့ တစ်ပြိုင်နက် ဘောလုံးပွဲစဉ်တိုက်ရိုက်ထုတ်လွင့်မှုကို စတင်ကြည့်ရှုနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

Google Play Store, Apple App Store (သို့) *565# သို့ ဖုန်းခေါ်ဆိုပြီး My Ooredoo App ကို download ရယူထည့်သွင်းနိုင်ပါတယ်။

-ထွန်းထွန်း