August 20, 2018

မိုဘိုင္းဖုန္းနဲ႔ Portrait Photography ကို ဘယ္လို႐ိုက္ကူးမလဲ

[ Zawgyi ]

ဓာတ္ပံုပညာနဲ႔ သိပ္မရင္းႏွီးတဲ့သူတစ္ေယာက္အေနနဲ႔ Portraite ဆိုတာသိဖို႔ ခဲယဥ္းေနပါလိမ့္မယ္။ Bokeh ဆိုတာကေတာ့ ဓာတ္ပံုမွာ
Subject ကို ၾကည္လင္ေစၿပီး အေနာက္က Background ကို ဝါးေအာင္႐ိုက္တာကို ေခၚသလိုပဲ။ ကာလာစံုမီးေရာင္ေတြကို ႐ိုက္ကူးတဲ့အခါမွာ ဝါးေနၿပီး ကာလာကြက္ေလးေတြျဖစ္ေအာင္ ႐ိုက္ကူးတဲ့ အခါမွာလည္း Portraite Photography လို႔ေခၚၾကတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ Portraite ဓာတ္ပံုေတြကို ႐ိုက္ကူးဖို႔ နည္းလမ္းေပါင္းမ်ားစြာရွိၿပီး အရင္ႏွစ္အပိုင္း အျခားေတြမွာ Portraite ဓာတ္ပံုပညာကို DSLR ကင္မရာေတြမွာသာ ႐ိုက္ကူးႏိုင္ခဲ့ေပမယ့္ အခုအခါမွာေတာ့ မိုဘိုင္းဖုန္းေတြမွာပါ ႐ိုက္ကူးလာႏိုင္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဖုန္းေပၚမွာ Portraite ဓာတ္ပံုေတြထြက္ေအာင္ ဘယ္လို႐ိုက္ကူးမလဲဆိုတာကို တင္ျပေပးသြားမွာပဲ ျဖစ္ပါတယ္။

ဘယ္လိုစမတ္ဖုန္းေတြ သံုးႏိုင္လဲ။

Portraite ဓာတ္ပံု႐ိုက္ကူးႏိုင္ဖို႔ Smart Phone တစ္လံုးအတြက္ အေျခခံ လိုအပ္ခ်က္ေတြရွိပါတယ္။ အဲဒါေတြကေတာ့ Smart Phone
မွာပါဝင္တဲ့ ကင္မရာရဲ႕ Aperture က Wide angle အေနနဲ႔ဆိုရင္ f/2.8 ေလာက္အနည္းဆံုး ရွိရမွာျဖစ္ၿပီး အဲဒီထက္နည္းၿပီးလည္း ရွိလို႔ရပါတယ္။ ဒါ့အျပင္ Shutter Speed ကို 1/50 အထိ အသံုးျပဳႏိုင္တဲ့ အရည္အေသြးလည္း ရွိေနရမွာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အေၾကာင္းအရာေတြနဲ႔ ညီညြတ္တဲ့ Smart Phone တစ္လံုးဟာ Portraite ဓာတ္ပံုေတြကို ေကာင္ေကာင္းႀကီး ႐ိုက္ကူးႏိုင္ပါတယ္။

Portraite ဓာတ္ပံုေကာင္းတစ္ခုလား ဘယ္လိုခြဲျခားမလဲ

Smart Phone နဲ႔ ႐ိုက္လိုက္တဲ့ ဓာတ္ပံုဟာ Portraite ဓာတ္ပံုထြက္မထြက္ကို ဓာတ္ပံုရဲ႕အျမင္နဲ႔ ပိုင္းျခားဆံုးျဖတ္ရမွာျဖစ္ပါတယ္။ ကိုယ္႐ိုက္လိုက္တဲ့ ဓာတ္ပံုဟာ Subject နဲ႔ Background က ကြဲကြဲျပားျပာ ျပတ္သားမႈျဖစ္ရဲ႕လားဆိုတာ ဆံုးျဖတ္ရမွာ ျဖစ္ပါတယ္။ အခ်ိဳ႕ပံုေတြမွာ ထင္ရွားတဲ့ ကြဲျပားျခားနားစြာ ျပတ္သားမႈမျဖစ္တာကို ေတြ႕ႏိုင္သလိုပဲ အခ်ိဳ႕ေသာ ပံုေတြမွာေတာ့ Subject ေကာ
Background ပါ ဝါးေနတာကို ေတြ႕ရတတ္ပါတယ္။ ေနာက္ၿပီးကိုယ္ရဲ႕ ႐ိုက္ကူးတဲ့ အခ်ိန္ယူဆလိုက္တဲ့ ဓာတ္ပံုအယူအဆကလည္း အမ်ားႀကီးကို မူတည္ပါတယ္။ ဓာတ္ပံုထဲမွာ Subject နဲ႔ Background ရဲ႕ ေရာေထြး႐ႈပ္ေထြးမႈ ေတြကိုလည္း အမ်ားႀကီးျမင္ေတြ႕ ေနရတတ္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ ႐ိုက္ကူးသူရဲ႕ ဓာတ္ပံုအျမင္ရွိမႈဟာလည္း Portraite ဓာတ္ပံု ေကာင္းတစ္ပံုရဖို႔ အေရးႀကီးတယ္လို႔ ထင္ပါတယ္။

Portraite ႐ိုက္ဖို႔ Idea

ဓာတ္ပံုပညာနဲ႔ သိပ္မရင္းႏွီးတဲ့ လူတစ္ေယာက္အေနနဲ႔ ဘယ္လိုဟာေတြ ႐ိုက္မလဲမစဥ္းစားႏိုင္ေအာင္ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ အမ်ားသူငွာ ႐ိုက္တတ္တဲ့ အၾကမ္းဖ်င္းအေၾကာင္းအရာေတြကို ေဖာ္ျပေပးလုိက္ပါမယ္။

မီးေရာင္စံုေတြကို ႐ိုက္ကူးႏိုင္တယ္ (ဥပမာ- သီတင္းကၽြတ္ကာလ)

Subject Protrait လို႔ ေခၚတဲ့ ေရွ႕ Subject ထင္ရွားၿပီး Background ဝါးတဲ့ ဓာတ္ပံုေတြ၊ သဘာဝတရားေတြရဲ႕ အနီးကပ္ဓာတ္ပံုေတြ (ဥပမာ-လိပ္ျပာေတြ အနီးကပ္႐ိုက္)

ညဘက္မွာရွိေနတဲ့ လွပေနတဲ့ မီးေရာင္ Portraite ဓာတ္ပံုေတြကို ဘယ္လို႐ိုက္ကူးမလဲ

အဆင့္ (၁)

ကိုယ့္ရဲ႕ Smart Phone ကင္မရာကို Manual Mode မွာ ထားပါ။ Manual Mode မပါတဲ့သူေတြ ႐ိုက္လို႔မရပါဘူး။

အဆင့္ (၂)

ကင္မရာရဲ႕ Shutter Speed ကို 1/30 နဲ႔ 1/50 အတြင္းမွာ ထားရမွာျဖစ္ၿပီး ကင္မရာေတြရဲ႕ Shutter Speed ေႏွးေလ အျခား အရာဝတၳဳေတြက Shake ေတြပိုမိုျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ကင္မရာကို မလႈပ္ေအာင္သတိထားၿပီး ႐ိုက္ကူးရမွာျဖစ္ပါတယ္။ Portraite ဓာတ္ပံုေတြမွာ Motion ေတြျဖစ္ေနရင္ မေကာင္းေတာ့ ပါဘူး။

အဆင့္ (၃)

ကင္မရာကေန ႐ိုက္ကူးမယ့္ Subject ကို ခ်ိန္႐ြယ္တဲ့အခ်ိန္မွာ အေကာင္းဆံုးက Manual Focus ကိုထားၿပီး Foreground နဲ႔ Background ကို ေသခ်ာခ်ိန္႐ြယ္႐ိုက္ကူးရမွာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ပံု႐ိုက္ကူးသူရဲ႕ အျမင္ရွိမႈက အမ်ားႀကီးအေရးပါသြားၿပီး ဘယ္ဟာကို ခ်ိန္႐ိုက္ရင္ ပိုလွတယ္ဆိုတာကို ကိုယ္တိုင္စိတ္က ဆံုးျဖတ္ ရမွာျဖစ္လို႔ ဓာတ္ပံုအျမင္ရွိမွသာ ဓာတ္ပံုတစ္ပံုရဲ႕ တင္ျပပံုက ေကာင္းမြန္မွာျဖစ္ပါတယ္။

အဆင့္ (၄)

အေပၚက အခ်က္ေတြအားလံုးျပည္စံုေနၿပီဆိုရင္ေတာ့ ႐ိုက္ကူးႏိုင္ပါၿပီ။ ထြက္လာတဲ့ ဓာတ္ပံုမွာ Portraite ဓာတ္ပံုျဖစ္မျဖစ္ကို ၾကည့္႐ႈၿပီး စိတ္ႀကိဳက္မေတြ႕ရင္ အေပၚက အခ်က္ေတြမွာလိုတိုးပိုေလွ်ာ့ လုပ္ၿပီး႐ိုက္ကူးႏိုင္ပါတယ္။

မွတ္ခ်က္ (၁)

Portraite ဓာတ္ပံုတစ္ပံုအတြက္ ပံုေကာင္းျဖစ္ဖို႔ဆိုရင္ ကိုယ့္ရဲ႕ မ်က္စိပသာဒရွိေနတဲ့ ဓာတ္ပံုျဖစ္ေနလားဆိုတာနဲ႔ ေရြးခ်ယ္႐ိုက္ကူးတာ အေကာင္းဆံုးျဖစ္မွာပါ။ အခ်ိဳ႕ Portraite ဓာတ္ပံုေတြမွာ Subject ရဲ႕ ပတ္ဝန္းက်င့္ ေထာင့္ေကြးေတြမွာ ထင္ရွားေနတတ္ ေသးတာေၾကာင့္ အဲဒီေနရာေလးေတြ Blur ျဖစ္သြား၊ မသြားကို ေသခ်ာေလ့လာၿပီး ႐ိုက္ကူးရမွာ ျဖစ္ပါတယ္။

မွတ္ခ်က္ (၂)

ဓာတ္ပံုေကာင္းတစ္ပံုအတြက္ အေရးႀကီးဆံုးက အႏုပညာဖန္တီးႏိုင္မႈနဲ႔ နည္းပညာသားျပည့္ဝမႈက အလြန္ကို အေရးႀကီးပါတယ္။ Portraite Photography ဟာ ကိုယ့္မ်က္လံုးက ျမင္လိုက္တဲ့ အႏုပညာတစ္ခုကို ဖန္တီးရတာျဖစ္လို႔ မ်က္လံုးကျမင္ၿပီး ဦးေႏွာက္က ဆံုးျဖတ္႐ိုက္ကူးရတာမ်ိဳး ျဖစ္ပါတယ္။ ဒါေၾကာင့္ Portraite ဓာတ္ပံုေတြ မ်ားမ်ားၾကည့္ မ်ားမ်ားေလ့လာၿပီး မ်ားမ်ား႐ိုက္ကူးမွ မိုဘိုင္းတစ္လံုးထက္ ပံုေကာင္းေတြ ႐ိုက္ကူးႏိုင္တဲ့ သူတစ္ေယာက္ ျဖစ္လာမွာပါ။

-စည္သူ

============

[ Zawgyi ]

မိုဘိုင်းဖုန်းနဲ့ Portrait Photography ကို ဘယ်လိုရိုက်ကူးမလဲ

============

ဓာတ်ပုံပညာနဲ့ သိပ်မရင်းနှီးတဲ့သူတစ်ယောက်အနေနဲ့ Portraite ဆိုတာသိဖို့ ခဲယဉ်းနေပါလိမ့်မယ်။ Bokeh ဆိုတာကတော့ ဓာတ်ပုံမှာ Subject ကို ကြည်လင်စေပြီး အနောက်က Background ကို ဝါးအောင်ရိုက်တာကို ခေါ်သလိုပဲ။ ကာလာစုံမီးရောင်တွေကို ရိုက်ကူးတဲ့အခါမှာ ဝါးနေပြီး ကာလာကွက်လေးတွေဖြစ်အောင် ရိုက်ကူးတဲ့ အခါမှာလည်း Portraite Photography လို့ခေါ်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့် Portraite ဓာတ်ပုံတွေကို ရိုက်ကူးဖို့ နည်းလမ်းပေါင်းများစွာရှိပြီး အရင်နှစ်အပိုင်း အခြားတွေမှာ Portraite ဓာတ်ပုံပညာကို DSLR ကင်မရာတွေမှာသာ ရိုက်ကူးနိုင်ခဲ့ပေမယ့် အခုအခါမှာတော့ မိုဘိုင်းဖုန်းတွေမှာပါ ရိုက်ကူးလာနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဖုန်းပေါ်မှာ Portraite ဓာတ်ပုံတွေထွက်အောင် ဘယ်လိုရိုက်ကူးမလဲဆိုတာကို တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

ဘယ်လိုစမတ်ဖုန်းတွေ သုံးနိုင်လဲ။

Portraite ဓာတ်ပုံရိုက်ကူးနိုင်ဖို့ Smart Phone တစ်လုံးအတွက် အခြေခံ လိုအပ်ချက်တွေရှိပါတယ်။ အဲဒါတွေကတော့ Smart Phone မှာပါဝင်တဲ့ ကင်မရာရဲ့ Aperture က Wide angle အနေနဲ့ဆိုရင် f/2.8 လောက်အနည်းဆုံး ရှိရမှာဖြစ်ပြီး အဲဒီထက်နည်းပြီးလည်း ရှိလို့ရပါတယ်။ ဒါ့အပြင် Shutter Speed ကို 1/50 အထိ အသုံးပြုနိုင်တဲ့ အရည်အသွေးလည်း ရှိနေရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကြောင်းအရာတွေနဲ့ ညီညွတ်တဲ့ Smart Phone တစ်လုံးဟာ Portraite ဓာတ်ပုံတွေကို ကောင်ကောင်းကြီး ရိုက်ကူးနိုင်ပါတယ်။

Portraite ဓာတ်ပုံကောင်းတစ်ခုလား ဘယ်လိုခွဲခြားမလဲ

Smart Phone နဲ့ ရိုက်လိုက်တဲ့ ဓာတ်ပုံဟာ Portraite ဓာတ်ပုံထွက်မထွက်ကို ဓာတ်ပုံရဲ့အမြင်နဲ့ ပိုင်းခြားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံဟာ Subject နဲ့ Background က ကွဲကွဲပြားပြာ ပြတ်သားမှုဖြစ်ရဲ့လားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အချို့ပုံတွေမှာ ထင်ရှားတဲ့ ကွဲပြားခြားနားစွာ ပြတ်သားမှုမဖြစ်တာကို တွေ့နိုင်သလိုပဲ အချို့သော ပုံတွေမှာတော့ Subject ကော
Background ပါ ဝါးနေတာကို တွေ့ရတတ်ပါတယ်။ နောက်ပြီးကိုယ်ရဲ့ ရိုက်ကူးတဲ့ အချိန်ယူဆလိုက်တဲ့ ဓာတ်ပုံအယူအဆကလည်း အများကြီးကို မူတည်ပါတယ်။ ဓာတ်ပုံထဲမှာ Subject နဲ့ Background ရဲ့ ရောထွေးရှုပ်ထွေးမှု တွေကိုလည်း အများကြီးမြင်တွေ့ နေရတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ရိုက်ကူးသူရဲ့ ဓာတ်ပုံအမြင်ရှိမှုဟာလည်း Portraite ဓာတ်ပုံ ကောင်းတစ်ပုံရဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

Portraite ရိုက်ဖို့ Idea

ဓာတ်ပုံပညာနဲ့ သိပ်မရင်းနှီးတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုဟာတွေ ရိုက်မလဲမစဉ်းစားနိုင်အောင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အများသူငှာ ရိုက်တတ်တဲ့ အကြမ်းဖျင်းအကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါမယ်။

မီးရောင်စုံတွေကို ရိုက်ကူးနိုင်တယ် (ဥပမာ- သီတင်းကျွတ်ကာလ)

Subject Protrait လို့ ခေါ်တဲ့ ရှေ့ Subject ထင်ရှားပြီး Background ဝါးတဲ့ ဓာတ်ပုံတွေ၊ သဘာဝတရားတွေရဲ့ အနီးကပ်ဓာတ်ပုံတွေ (ဥပမာ-လိပ်ပြာတွေ အနီးကပ်ရိုက်)

ညဘက်မှာရှိနေတဲ့ လှပနေတဲ့ မီးရောင် Portraite ဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးမလဲ

အဆင့် (၁)

ကိုယ့်ရဲ့ Smart Phone ကင်မရာကို Manual Mode မှာ ထားပါ။ Manual Mode မပါတဲ့သူတွေ ရိုက်လို့မရပါဘူး။

အဆင့် (၂)

ကင်မရာရဲ့ Shutter Speed ကို 1/30 နဲ့ 1/50 အတွင်းမှာ ထားရမှာဖြစ်ပြီး ကင်မရာတွေရဲ့ Shutter Speed နှေးလေ အခြား အရာဝတ္ထုတွေက Shake တွေပိုမိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကင်မရာကို မလှုပ်အောင်သတိထားပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။ Portraite ဓာတ်ပုံတွေမှာ Motion တွေဖြစ်နေရင် မကောင်းတော့ ပါဘူး။

အဆင့် (၃)

ကင်မရာကနေ ရိုက်ကူးမယ့် Subject ကို ချိန်ရွယ်တဲ့အချိန်မှာ အကောင်းဆုံးက Manual Focus ကိုထားပြီး Foreground နဲ့ Background ကို သေချာချိန်ရွယ်ရိုက်ကူးရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဓာတ်ပုံရိုက်ကူးသူရဲ့ အမြင်ရှိမှုက အများကြီးအရေးပါသွားပြီး ဘယ်ဟာကို ချိန်ရိုက်ရင် ပိုလှတယ်ဆိုတာကို ကိုယ်တိုင်စိတ်က ဆုံးဖြတ် ရမှာဖြစ်လို့ ဓာတ်ပုံအမြင်ရှိမှသာ ဓာတ်ပုံတစ်ပုံရဲ့ တင်ပြပုံက ကောင်းမွန်မှာဖြစ်ပါတယ်။

အဆင့် (၄)

အပေါ်က အချက်တွေအားလုံးပြည်စုံနေပြီဆိုရင်တော့ ရိုက်ကူးနိုင်ပါပြီ။ ထွက်လာတဲ့ ဓာတ်ပုံမှာ Portraite ဓာတ်ပုံဖြစ်မဖြစ်ကို ကြည့်ရှုပြီး စိတ်ကြိုက်မတွေ့ရင် အပေါ်က အချက်တွေမှာလိုတိုးပိုလျှော့ လုပ်ပြီးရိုက်ကူးနိုင်ပါတယ်။

မှတ်ချက် (၁)

Portraite ဓာတ်ပုံတစ်ပုံအတွက် ပုံကောင်းဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့ မျက်စိပသာဒရှိနေတဲ့ ဓာတ်ပုံဖြစ်နေလားဆိုတာနဲ့ ရွေးချယ်ရိုက်ကူးတာ အကောင်းဆုံးဖြစ်မှာပါ။ အချို့ Portraite ဓာတ်ပုံတွေမှာ Subject ရဲ့ ပတ်ဝန်းကျင့် ထောင့်ကွေးတွေမှာ ထင်ရှားနေတတ် သေးတာကြောင့် အဲဒီနေရာလေးတွေ Blur ဖြစ်သွား၊ မသွားကို သေချာလေ့လာပြီး ရိုက်ကူးရမှာ ဖြစ်ပါတယ်။

မှတ်ချက် (၂)

ဓာတ်ပုံကောင်းတစ်ပုံအတွက် အရေးကြီးဆုံးက အနုပညာဖန်တီးနိုင်မှုနဲ့ နည်းပညာသားပြည့်ဝမှုက အလွန်ကို အရေးကြီးပါတယ်။ Portraite Photography ဟာ ကိုယ့်မျက်လုံးက မြင်လိုက်တဲ့ အနုပညာတစ်ခုကို ဖန်တီးရတာဖြစ်လို့ မျက်လုံးကမြင်ပြီး ဦးနှောက်က ဆုံးဖြတ်ရိုက်ကူးရတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Portraite ဓာတ်ပုံတွေ များများကြည့် များများလေ့လာပြီး များများရိုက်ကူးမှ မိုဘိုင်းတစ်လုံးထက် ပုံကောင်းတွေ ရိုက်ကူးနိုင်တဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။

-စည်သူ