September 20, 2018

မိုဘိုင္းဖုန္းနဲ႔ Portrait ဓာတ္ပံုု႐ိုက္တဲ့အခါ မွားတတ္တဲ့အေလ့အထမ်ား

[ Zawgyi ]

မိုဘိုင္းဖုန္းနဲ႔ ဓာတ္ပံု႐ိုက္ကူးတဲ့ အခါမွာ အခ်ိဳ႕ပံုေကာင္းေတြမရဘဲ သူမ်ားဓာတ္ပံုေတြက ဘာလို႔ပိုလွေနလဲဆိုၿပီး ခံစားမိတတ္တဲ့ အခ်ိန္ေတြ ရွိတတ္ပါတယ္။ ႐ိုက္ကူးတဲ့ ေနရာအတူတူ သံုးတဲ့ မိုဘိုင္းဖုန္းလဲ အတူတူနဲ႔ အျခားသူ ႐ိုက္ကူးတဲ့ပံုက ကိုယ့္ပံုထက္ ပိုမိုက္ေနတာကို ေတြ႕ၾကရၿပီး ဘာေၾကာင့္လဲဆိုၿပီး ကိုယ့္ကိုယ္ကို ေမးတတ္ၾကပါတယ္။ ဒါဟာ ဓာတ္ပံုပညာမွာ အခ်ိဳ႕မလုပ္သင့္တဲ့ ဝိေသသေလးေတြကို ကိုယ္ကသတိမထားဘဲ လုပ္လိုက္မိလို႔ သူမ်ားကကိုယ့္ထက္ အနည္းေလး ဓာတ္ပံုပညာ သိထားတာေၾကာင့္ အခ်ိဳ႕ေနရာေတြမွာ ဓာတ္ပံုေကာင္း တစ္ပံုသူတို႔ရရွိ သြားၾကတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီလိုမျဖစ္ရေလေအာင္ ဓာတ္ပံုပညာမွာ သိထားရမယ့္ အေျခခံအေၾကာင္းအခ်က္ အခ်ိဳ႕ကိုေဝမွ် လိုပါတယ္။

Horizontal မ်ဥ္းေတြ ေရျပင္ညီျဖစ္ေအာင္ မရိုုက္ကူးျခင္း အခ်ိဳ႕ဓာတ္ပံုေကာင္းေတြမွာ မ်ဥ္းေၾကာင္းေတြဟာ အလြန္အေရးပါတာကို ေတြ႕ရပါတယ္။ ပင္လယ္ျပင္ႀကီးကို ေနာက္ခံထား႐ိုက္ကူးတဲ့အခါမွာ ေရျပင္ညီမ်ဥ္းေၾကာင္းျဖစ္ဖိုု႔ကအထူးအေရးႀကီးပါတယ္။ အခ်ိဳ႕ေသာ တံတားေတြ၊ ႐ိုက္ကူးတဲ့အခါမွာ မ်ဥ္းၿပိဳင္ျဖစ္ေနတဲ့ တံတားေဘာင္ေတြ ဓာတ္တိုင္ေတြ၊ ဆိုင္းဘုတ္ေတြ စတာေတြကို ႐ိုက္ကူးတဲ့အခါမွာ မ်ဥ္းေၾကာင္းေတြအျဖစ္ ပါဝင္ေနတတ္ပါတယ္။

White Balane မွားယြင္း႐ိုက္ကူးမိျခင္း

မိုဘိုင္းဖုန္းနဲ႔ ႐ိုက္ကူးတဲ့အခါမွာ white balance မွားေနတာေတြကို မျဖစ္မေနႀကံဳၾကရမွာပါ။ အခ်ိဳ႕မိုဘုိင္း ဖုန္းေတြမွာ White balance ကို အလြယ္တကူ ခ်ိန္ညိႇႏိုင္တဲ့ စနစ္ေတြ ပါဝင္သလို အခ်ိဳ႕ဖုန္းေတြမွာေတာ့ ဖုန္းမွ အလိုအေလ်ာက္ ခ်ိန္ညိႇေပးတဲ့ စနစ္ေတြကို ျမင္ေတြ႔ရမွာပါ။ ဒါေၾကာင့္ ဖုန္းနဲ႔ ဓာတ္ပံု႐ိုက္တဲ့ လူတစ္ေယာက္အေနနဲ႔ Color အေရာင္ထြက္မွာ ျပင္ပနဲ႔ အရမ္းကြာျခားမႈ မျဖစ္ေအာင္ ေရွာင္ရွား႐ိုက္ကူးရမွာပါ။

White Balance ကိုု Auto ထားလိုက္ရင္ အလိုအေလ်ာက္ ျပဳလုပ္ေပးတဲ့အတြက္ အလင္းအရမ္းမ်ားလြန္း၊ နည္းလြန္းတာ ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ အလိုအေလ်ာက္ထက္ ကိုယ္တိုင္ခ်ိန္ညိႇတာက အေကာင္းဆံုး ျဖစ္ပါလိမ့္မယ္။

Focus မမွန္ျခင္း

ဓာတ္ပံု႐ိုက္ကူးတဲ့အခါမွာ Focus မျပတ္ျခင္းကလည္း အဆိုးဝါးဆံုးေသာ အခ်က္ပဲျဖစ္ပါတယ္။ ေနာက္တစ္ခုက Focus ကို မွားေပးမိတဲ့ အခါမွာလည္း ပံုေကာင္းတစ္ခုကို မျဖစ္ေစတာကို ေတြ႕ရမွာပါ။ ကိုယ္က ဓာတ္ပံုတစ္ပံုကို Subject တစ္ခုေတာ့ ထည့္႐ိုက္ပါရဲ႕ ဒါေပမဲ့ ထည့္႐ိုက္လိုက္တဲ့ Subject က Focus မျပတ္ဘဲ ဝါးေနမယ္ ဆိုရင္ ဓာတ္ပံုတစ္ပံုက အလကားျဖစ္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္က ဓာတ္ပံုတစ္ပံု ႐ိုက္မယ္လို႔ စိတ္ကူးရင္ အတတ္ႏိုင္ဆံုး Focus ျပတ္သားျခင္း ရွိမရွိကို အၿမဲျပန္ၿပီး စစ္ေဆးသင့္ပါတယ္။

အခ်ိဳ႕ေသာ မိုဘိုင္းဖုန္းေတြမွာ ေမွာင္ေနတဲ့အခ်ိန္ ႐ိုက္ကူးတဲ့အခါ Shutter မတည္မၿငိမ္ျဖစ္ၿပီး ပံုကျပတ္သားမႈမရွိဘဲ ဝါးသြားတတ္ပါတယ္။ အခုေနာက္ပိုင္း ကင္မရာေတြမွာေတာ့ Focus Tracking ေတြပါဝင္လာၿပီး မိမိျပတ္သား လိုတဲ့ Subject ကို Screen ေပၚမွာ လက္နဲ႔ေထာက္ၿပီး ေပးႏိုင္သလို Focus မေ႐ြ႕သြားေအာင္လည္း Lock လုပ္ထားႏိုင္လာတာကို ေတြ႕ရပါတယ္။

ဓာတ္ပံုေတြ မထင္ရွားမျပတ္သားျခင္း

လက္မၿငိမ္လို႔ျဖစ္တယ္လို႔ အမ်ားစုက ေကာက္ခ်က္ခ်တတ္ပါတယ္။ ဒါကလက္မၿငိမ္တာ တစ္ခုတည္းမဟုတ္ဘဲ Shutter က အလင္းကို
ဖမ္းယူဖို႔ မႏိုင္ေတာ့တဲ့ အခ်ိန္မွာလည္း တုန္ရီမႈန္ဝါးတဲ့ ဓာတ္ပံုေတြကို ရႏိုင္ပါတယ္။ အေမွာင္အား ႀကီးေနတဲ့အခ်ိန္ ဓာတ္ပံုေတြ ႐ိုက္တဲ့အခါမွာ မိုဘိုင္းဖုန္းကင္မရာက အလိုအေလ်ာက္ ျပဳလုပ္ေပးတဲ့စနစ္မွာ အခ်ိဳ႕ေသာ ဖုန္းစနစ္ေတြက အေမွာင္ထဲမွာ ႐ိုက္ကူးလို႔ေကာင္းေအာင္ တီထြင္ဖန္တီး ေပးထားၾကပါတယ္။ ဒါေပမဲ့လည္း တစ္ခါတေလမွာ ၿပီးျပည့္စံုမႈကို မရရွိတတ္ၾကပါဘူး။ ေမွာင္ေနတဲ့ ေနရာေတြ ႐ိုက္ကူးမယ္ဆိုရင္ Screen Light ကိုု မ်ားမ်ားလင္းထားၿပီး နဲ႔ရိုက္ကူးမယ္ ဆိုရင္ပိုလန္းတဲ့ ဓာတ္ပံုေတြ ရႏိုင္မွာပါ။

ျပင္ပအေနအထားထက္ ဓာတ္ပံုုထဲမွာ ေမွာင္ေနတတ္ျခင္း

ဖုန္းနဲ႔႐ိုက္တဲ့ အခ်ိဳ႕ဓာတ္ပံုေတြမွာ ေမွာင္လြန္းျခင္း၊ လင္းလြန္းျခင္း ျဖစ္တာကို ႀကံဳၾကရပါတယ္။ အဲဒါေတြဟာ Exposure ရဲ႕ အေၾကာင္းကိုမသိဘဲ အမႈမဲ့႐ိုက္ကူး မိျခင္းေၾကာင့္ ျဖစ္ရတဲ့ ျပႆနာေတြပဲ ျဖစ္ပါတယ္။

အခ်ိဳ႕ေသာ ဖုန္းေတြမွာ Exposure ကို ခ်ိန္ညိႇႏိုင္ဖို႔ Focus ရဲ႕ ေဘးနားမွာ အတင္အခ်လုပ္တဲ့ စနစ္ေလးထည့္ေပး ထားပါတယ္။ အခ်ိဳ႕ဖုန္းေတြကေတာ့ Focus ေထာက္လိုက္တာနဲ႔ အလိုအေလ်ာက္ ခ်ိန္ညိႇေပးတဲ့ စနစ္ကို ထည့္ေပးထားပါတယ္။ Selfie ႐ိုက္တဲ့အခါမွာ မ်က္ႏွာကမည္းေနလို႔ Focus ေထာက္လိုက္ရင္ မ်က္ႏွာက လင္းသြားၿပီး ေနာက္ Background က အရမ္းကို လင္းသြားတာ ျဖစ္ဖူးၾကမယ္လို႔ ထင္ပါတယ္။ အဲလိုပဲ အျခား Landscape ဓာတ္ပံုေတြ႐ိုက္တဲ့ အခါမွာလည္း ေမွာင္လို႔ဆိုၿပီးတင္ရင္ ေဘးနားက အလင္းေတြက ပိုၿပီးလင္းသြားတာကို သတိျပဳၾကရမွာပါ။ အခ်ိဳ႕ေသာ ဖုန္းေတြမွာေနာက္ပိုင္း Manual Mode ေတြ ပါဝင္လာတဲ့အတြက္ Exposure ျပႆနာေတြကို ေျဖရွင္းႏိုင္ေပမယ့္ အခ်ိဳ႕ဖုန္းေတြမွာ မပါဝင္တာေၾကာင့္ အခုလို အလင္းအေမွာင္ ျပႆနာေတြကို သတိထား႐ိုက္ကူး သင့္ပါတယ္။

Composation မေကာင္းျခင္း

ဒါကေတာ့ ဖုန္းကင္မရာက စြမ္းေဆာင္ေပးႏိုင္တဲ့ အရာမဟုတ္သလို ဘယ္ကင္မရာ App ကမွ အကူအညီ မေပးႏိုင္ပါဘူး။ ဓာတ္ပံု႐ိုက္ကူးသူရဲ႕ ပင္ကိုအျမင္နဲ႔ဆိုင္သလို ေလ့လာအားနဲ႔လည္း အမ်ားႀကီး ပတ္သက္ေန ပါတယ္။ အဓိကဓာတ္ပံု စ႐ိုက္တဲ့သူေတြမွာ အျဖစ္မ်ားတတ္ပါတယ္။

ဒါေၾကာင့္ ဓာတ္ပံုုရိုုက္ကူးသူတစ္ေယာက္အေနနဲ႔ ဓာတ္ပံုုတစ္ပံုုရဲ႕ Composation ေကာင္းေကာင္းကိုု မ်ားမ်ားေလ့လာထားဖိုု႔ လိုုအပ္ပါတယ္။ ဒါမွသာ ႐ႈခင္းပံုုေတြ ရိုုက္ကူးတဲ့အခါမွာ ကိုုယ္ထည့္သြင္း႐ိုက္ကူးမယ့္ Subject ကိုု ဘယ္နားမွာ ထားၿပီး ႐ိုက္ကူးသင့္တယ္ဆိုုတာကိုု သိရွိႏိုုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ ဓာတ္ပံုတစ္ပံုအတြက္ အေျခခံအားျဖင့္ Rule of Third ကို ထည့္သြင္းေျပာဆို ေနၾကျခင္းျဖစ္ပါတယ္။ ဖုန္းထဲမွာ Rule of Third ခ်ိန္လို႔ရေအာင္ Grid Line ေတြ ထည့္ေပးထားပါတယ္။

ပံုျပင္တာ လြန္ကဲျခင္း

တစ္ေယာက္နဲ႔ တစ္ေယာက္ရဲ႕ အႀကိဳက္ျခင္းဟာ မတူညီႏိုင္ပါဘူး။ အခ်ိဳ႕ပန္းခ်ီဆရာေတြဟာ စုတ္ခ်က္ၾကမ္း ၾကမ္းေတြကို သံုးစြဲၾကပါတယ္။ သူ႕ခံစားမႈနဲ႔ သူေရးဆြဲထားတာေၾကာင့္ ခံစားမိတဲ့သူေတြ ႀကိဳက္သြားတဲ့သူေတြ လည္းရွိပါတယ္။ ဓာတ္ပံုပညာမွာေတာ့ ခပ္ၾကမ္းၾကမ္း ျပင္လိုက္တာနဲ႔ ဆိုလိုရင္း သဘာဝတရားေတြ ေပ်ာက္ၿပီး ပံုကသဘာဝ မဆန္ေတာ့တာေတြ ျဖစ္ကုန္ပါတယ္။ ဒါေၾကာင့္ ဓာတ္ပံုကို ျပင္ဆင္မယ္၊ အလင္းအေမွာင္ ခ်ိန္မယ္ဆိုရင္ သဘာဝထက္ လြန္ဆန္ၿပီး မျပဳျပင္တာ အေကာင္း
ဆံုးပါပဲ။ မိမိကအေရာင္ေတြက အရမ္းမိုက္တယ္လို႔ ထင္ရေပမယ့္ တစ္ခါတေလမွာ အဲ့ဒီအေရာင္ေတြကပဲ ဓာတ္ပံုတစ္ပံုရဲ႕ သဘာဝက်မႈကို ဖ်က္ဆီးတတ္ပါတယ္။ မိုဘိုင္းဖုန္း ကင္မရာအခ်ိဳ႕မွာ HDR စနစ္ေတြ ပါဝင္ၿပီး အဲဒိ HDR စနစ္ကို အလြန္အမင္း သံုးတဲ့အခါမွာ ဓာတ္ပံုဟာ ခပ္ၾကမ္းၾကမ္း ျဖစ္သြားတာကို ျမင္ဖူးၾကမွာပါ။ ဒါေၾကာင့္ ကိုယ္က စုတ္ခ်က္ ခပ္ၾကမ္းၾကမ္း ႀကိဳက္တယ္ဆိုရင္လည္း သဘာဝက်ဖို႔ေတာ့ အဓိက လိုအပ္ပါတယ္။

-စည္သူ

[ Unicode ]

မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ သုံးတဲ့ မိုဘိုင်းဖုန်းလဲ အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်ကသတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေး ဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံအကြောင်းအချက် အချို့ကိုဝေမျှ လိုပါတယ်။

Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ ပင်လယ်ပြင်ကြီးကို နောက်ခံထားရိုက်ကူးတဲ့အခါမှာ ရေပြင်ညီမျဉ်းကြောင်းဖြစ်ဖိုု့ကအထူးအရေးကြီးပါတယ်။ အချို့သော တံတားတွေ၊ ရိုက်ကူးတဲ့အခါမှာ မျဉ်းပြိုင်ဖြစ်နေတဲ့ တံတားဘောင်တွေ ဓာတ်တိုင်တွေ၊ ဆိုင်းဘုတ်တွေ စတာတွေကို ရိုက်ကူးတဲ့အခါမှာ မျဉ်းကြောင်းတွေအဖြစ် ပါဝင်နေတတ်ပါတယ်။

White Balane မှားယွင်းရိုက်ကူးမိခြင်း

မိုဘိုင်းဖုန်းနဲ့ ရိုက်ကူးတဲ့အခါမှာ white balance မှားနေတာတွေကို မဖြစ်မနေကြုံကြရမှာပါ။ အချို့မိုဘိုင်း ဖုန်းတွေမှာ White balance ကို အလွယ်တကူ ချိန်ညှိနိုင်တဲ့ စနစ်တွေ ပါဝင်သလို အချို့ဖုန်းတွေမှာတော့ ဖုန်းမှ အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်တွေကို မြင်တွေ့ရမှာပါ။ ဒါကြောင့် ဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့ လူတစ်ယောက်အနေနဲ့ Color အရောင်ထွက်မှာ ပြင်ပနဲ့ အရမ်းကွာခြားမှု မဖြစ်အောင် ရှောင်ရှားရိုက်ကူးရမှာပါ။

White Balance ကိုု Auto ထားလိုက်ရင် အလိုအလျောက် ပြုလုပ်ပေးတဲ့အတွက် အလင်းအရမ်းများလွန်း၊ နည်းလွန်းတာ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အလိုအလျောက်ထက် ကိုယ်တိုင်ချိန်ညှိတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Focus မမှန်ခြင်း

ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ Focus မပြတ်ခြင်းကလည်း အဆိုးဝါးဆုံးသော အချက်ပဲဖြစ်ပါတယ်။ နောက်တစ်ခုက Focus ကို မှားပေးမိတဲ့ အခါမှာလည်း ပုံကောင်းတစ်ခုကို မဖြစ်စေတာကို တွေ့ရမှာပါ။ ကိုယ်က ဓာတ်ပုံတစ်ပုံကို Subject တစ်ခုတော့ ထည့်ရိုက်ပါရဲ့ ဒါပေမဲ့ ထည့်ရိုက်လိုက်တဲ့ Subject က Focus မပြတ်ဘဲ ဝါးနေမယ် ဆိုရင် ဓာတ်ပုံတစ်ပုံက အလကားဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က ဓာတ်ပုံတစ်ပုံ ရိုက်မယ်လို့ စိတ်ကူးရင် အတတ်နိုင်ဆုံး Focus ပြတ်သားခြင်း ရှိမရှိကို အမြဲပြန်ပြီး စစ်ဆေးသင့်ပါတယ်။

အချို့သော မိုဘိုင်းဖုန်းတွေမှာ မှောင်နေတဲ့အချိန် ရိုက်ကူးတဲ့အခါ Shutter မတည်မငြိမ်ဖြစ်ပြီး ပုံကပြတ်သားမှုမရှိဘဲ ဝါးသွားတတ်ပါတယ်။ အခုနောက်ပိုင်း ကင်မရာတွေမှာတော့ Focus Tracking တွေပါဝင်လာပြီး မိမိပြတ်သား လိုတဲ့ Subject ကို Screen ပေါ်မှာ လက်နဲ့ထောက်ပြီး ပေးနိုင်သလို Focus မရွေ့သွားအောင်လည်း Lock လုပ်ထားနိုင်လာတာကို တွေ့ရပါတယ်။

ဓာတ်ပုံတွေ မထင်ရှားမပြတ်သားခြင်း

လက်မငြိမ်လို့ဖြစ်တယ်လို့ အများစုက ကောက်ချက်ချတတ်ပါတယ်။ ဒါကလက်မငြိမ်တာ တစ်ခုတည်းမဟုတ်ဘဲ Shutter က အလင်းကို
ဖမ်းယူဖို့ မနိုင်တော့တဲ့ အချိန်မှာလည်း တုန်ရီမှုန်ဝါးတဲ့ ဓာတ်ပုံတွေကို ရနိုင်ပါတယ်။ အမှောင်အား ကြီးနေတဲ့အချိန် ဓာတ်ပုံတွေ ရိုက်တဲ့အခါမှာ မိုဘိုင်းဖုန်းကင်မရာက အလိုအလျောက် ပြုလုပ်ပေးတဲ့စနစ်မှာ အချို့သော ဖုန်းစနစ်တွေက အမှောင်ထဲမှာ ရိုက်ကူးလို့ကောင်းအောင် တီထွင်ဖန်တီး ပေးထားကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ ပြီးပြည့်စုံမှုကို မရရှိတတ်ကြပါဘူး။ မှောင်နေတဲ့ နေရာတွေ ရိုက်ကူးမယ်ဆိုရင် Screen Light ကိုု များများလင်းထားပြီး နဲ့ရိုက်ကူးမယ် ဆိုရင်ပိုလန်းတဲ့ ဓာတ်ပုံတွေ ရနိုင်မှာပါ။

ပြင်ပအနေအထားထက် ဓာတ်ပုံုထဲမှာ မှောင်နေတတ်ခြင်း

ဖုန်းနဲ့ရိုက်တဲ့ အချို့ဓာတ်ပုံတွေမှာ မှောင်လွန်းခြင်း၊ လင်းလွန်းခြင်း ဖြစ်တာကို ကြံုကြရပါတယ်။ အဲဒါတွေဟာ Exposure ရဲ့ အကြောင်းကိုမသိဘဲ အမှုမဲ့ရိုက်ကူး မိခြင်းကြောင့် ဖြစ်ရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။

အချို့သော ဖုန်းတွေမှာ Exposure ကို ချိန်ညှိနိုင်ဖို့ Focus ရဲ့ ဘေးနားမှာ အတင်အချလုပ်တဲ့ စနစ်လေးထည့်ပေး ထားပါတယ်။ အချို့ဖုန်းတွေကတော့ Focus ထောက်လိုက်တာနဲ့ အလိုအလျောက် ချိန်ညှိပေးတဲ့ စနစ်ကို ထည့်ပေးထားပါတယ်။ Selfie ရိုက်တဲ့အခါမှာ မျက်နှာကမည်းနေလို့ Focus ထောက်လိုက်ရင် မျက်နှာက လင်းသွားပြီး နောက် Background က အရမ်းကို လင်းသွားတာ ဖြစ်ဖူးကြမယ်လို့ ထင်ပါတယ်။ အဲလိုပဲ အခြား Landscape ဓာတ်ပုံတွေရိုက်တဲ့ အခါမှာလည်း မှောင်လို့ဆိုပြီးတင်ရင် ဘေးနားက အလင်းတွေက ပိုပြီးလင်းသွားတာကို သတိပြုကြရမှာပါ။ အချို့သော ဖုန်းတွေမှာနောက်ပိုင်း Manual Mode တွေ ပါဝင်လာတဲ့အတွက် Exposure ပြဿနာတွေကို ဖြေရှင်းနိုင်ပေမယ့် အချို့ဖုန်းတွေမှာ မပါဝင်တာကြောင့် အခုလို အလင်းအမှောင် ပြဿနာတွေကို သတိထားရိုက်ကူး သင့်ပါတယ်။

Composation မကောင်းခြင်း

ဒါကတော့ ဖုန်းကင်မရာက စွမ်းဆောင်ပေးနိုင်တဲ့ အရာမဟုတ်သလို ဘယ်ကင်မရာ App ကမှ အကူအညီ မပေးနိုင်ပါဘူး။ ဓာတ်ပုံရိုက်ကူးသူရဲ့ ပင်ကိုအမြင်နဲ့ဆိုင်သလို လေ့လာအားနဲ့လည်း အများကြီး ပတ်သက်နေ ပါတယ်။ အဓိကဓာတ်ပုံ စရိုက်တဲ့သူတွေမှာ အဖြစ်များတတ်ပါတယ်။

ဒါကြောင့် ဓာတ်ပုံုရိုုက်ကူးသူတစ်ယောက်အနေနဲ့ ဓာတ်ပုံုတစ်ပုံုရဲ့ Composation ကောင်းကောင်းကိုု များများလေ့လာထားဖိုု့ လိုုအပ်ပါတယ်။ ဒါမှသာ ရှုခင်းပုံုတွေ ရိုုက်ကူးတဲ့အခါမှာ ကိုုယ်ထည့်သွင်းရိုက်ကူးမယ့် Subject ကိုု ဘယ်နားမှာ ထားပြီး ရိုက်ကူးသင့်တယ်ဆိုုတာကိုု သိရှိနိုုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတစ်ပုံအတွက် အခြေခံအားဖြင့် Rule of Third ကို ထည့်သွင်းပြောဆို နေကြခြင်းဖြစ်ပါတယ်။ ဖုန်းထဲမှာ Rule of Third ချိန်လို့ရအောင် Grid Line တွေ ထည့်ပေးထားပါတယ်။

ပုံပြင်တာ လွန်ကဲခြင်း

တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အကြိုက်ခြင်းဟာ မတူညီနိုင်ပါဘူး။ အချို့ပန်းချီဆရာတွေဟာ စုတ်ချက်ကြမ်း ကြမ်းတွေကို သုံးစွဲကြပါတယ်။ သူ့ခံစားမှုနဲ့ သူရေးဆွဲထားတာကြောင့် ခံစားမိတဲ့သူတွေ ကြိုက်သွားတဲ့သူတွေ လည်းရှိပါတယ်။ ဓာတ်ပုံပညာမှာတော့ ခပ်ကြမ်းကြမ်း ပြင်လိုက်တာနဲ့ ဆိုလိုရင်း သဘာဝတရားတွေ ပျောက်ပြီး ပုံကသဘာဝ မဆန်တော့တာတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် ဓာတ်ပုံကို ပြင်ဆင်မယ်၊ အလင်းအမှောင် ချိန်မယ်ဆိုရင် သဘာဝထက် လွန်ဆန်ပြီး မပြုပြင်တာ အကောင်း
ဆုံးပါပဲ။ မိမိကအရောင်တွေက အရမ်းမိုက်တယ်လို့ ထင်ရပေမယ့် တစ်ခါတလေမှာ အဲ့ဒီအရောင်တွေကပဲ ဓာတ်ပုံတစ်ပုံရဲ့ သဘာဝကျမှုကို ဖျက်ဆီးတတ်ပါတယ်။ မိုဘိုင်းဖုန်း ကင်မရာအချို့မှာ HDR စနစ်တွေ ပါဝင်ပြီး အဲဒိ HDR စနစ်ကို အလွန်အမင်း သုံးတဲ့အခါမှာ ဓာတ်ပုံဟာ ခပ်ကြမ်းကြမ်း ဖြစ်သွားတာကို မြင်ဖူးကြမှာပါ။ ဒါကြောင့် ကိုယ်က စုတ်ချက် ခပ်ကြမ်းကြမ်း ကြိုက်တယ်ဆိုရင်လည်း သဘာဝကျဖို့တော့ အဓိက လိုအပ်ပါတယ်။

-စည်သူ