မိုဘိုင္းဖုန္းနဲ႔ Gmail Security စိတ္ခ်ရေအာင္ ဘယ္လိုလုပ္မလဲ

[ Zawgyi ]

Gmail သည္ E-mail အသံုးျပဳသူမ်ားအၾကားတြင္ ေရပန္းစားအသံုးမ်ားခဲ့သည္မွာ ၾကာခဲ့ၿပီျဖစ္ပါသည္။ လုပ္ငန္းနယ္ပယ္ အသီးသီး တြင္သာမက Personal mail မ်ားအျဖစ္ Gmail ကို တြင္တြင္က်ယ္က်ယ္ အသံုးျပဳေနၾကျခင္းျဖစ္ၿပီး ၎၏လံုၿခံဳမႈအတြက္လည္း အစီအမံမ်ားစြာ ရွိေနၿပီးျဖစ္သည္။ ထိုသို႔အစီအမံမ်ားစြာထဲမွ အသံုးျပဳသူမ်ားအတြက္ အဆင္ေျပသင့္ေတာ္မည့္ လံုၿခံဳေရးနည္းလမ္းမ်ားကို ေဖာ္ျပေပး လိုက္ရပါသည္။

1. Password Security

အသံုးျပဳသူတိုင္း မျဖစ္မေန ျပဳလုပ္ထားသင့္သည္မွာ မိမိ Account ၏ Password လံုၿခံဳမႈႏွင့္ ႀကံ႕ခိုင္ေစမႈပင္ျဖစ္ပါသည္။ ယခင္အပတ္ မ်ားတြင္ Password Security ႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို ေရးသားခဲ့ၿပီးျဖစ္သလိုယခု Gmail အသံုးျပဳသူမ်ားအတြက္ Password Security ပိုင္းမ်ားတြင္လည္း ထိုနည္းတူပင္ အသုံုးျပဳႏုိင္ပါသည္။ ၎အျပင္ သိရွိထားသင့္သည္မွာ Gmail password သည္ Google Account Password ပင္ျဖစ္ၿပီး Google မွေပးထားသည့္ မ်ားျပားလွေသာ ဝန္ေဆာင္မႈမ်ားကို အသံုးျပဳႏုိင္သည့္အတြက္ လြန္စြာအေရးႀကီးပါသည္။

Password တစ္ခု Strong ျဖစ္ေစရန္ အနည္းဆံုး Capital Letter, Number, Special Characters မ်ား ပါဝင္သင့္ပါသည္။ ၎အျပင္
မိမိ၏ Gmail Password သည္ အျခားေနရာမ်ားတြင္ အသံုးျပဳျခင္း မရွိေသာ Password ျဖစ္ရန္လိုၿပီး ရံဖန္ရံခါ ေျပာင္းလဲေပးရန္ လိုပါသည္။ ထိုသို႔ေသာျပဳလုပ္ျခင္းမ်ားအတြက္ Reset ႏွင့္ Recovery Options မ်ားကိုလည္း မွန္ကန္ေအာင္ လုပ္ေဆာင္ထားရန္ လိုအပ္ပါသည္။

ဦးစြာ Password ကိုေျပာင္းလဲႏိုင္ရန္အတြက္ Account Setting ထဲသို႔သြားရမည္ျဖစ္ပါသည္။ ေအာက္ပါပံုကိုၾကည့္ပါ။

၎ေနာက္ Sign-in & Security ထဲသို႔ ထပ္မံသြားေရာက္ရမည္။ ထိုအခါတြင္ Password & Sign-in Method ကို ျမင္ေတြ႕ရမည္ ျဖစ္ပါသည္။

၎တြင္ Password ေျပာင္းလဲခဲ့သည့္ေနာက္ဆံုးရက္စြဲကို ေဖာ္ျပေပးမည္ျဖစ္ၿပီး ေျပာင္းလဲလိုပါက ၎ကို ကလစ္ႏွိပ္ၿပီး ေျပာင္းလဲႏုိင္ ပါသည္။ ၎ေအာက္တြင္ 2-Step Verification က႑ပါရွိၿပီး Account ကို ပိုမိုလံုၿခံဳစိတ္ခ်စြာ အသံုးျပဳလိုသူမ်ားအတြက္ စီစဥ္ထားႏုိင္သည့္ ေနရာျဖစ္ပါသည္။ Account Recovery Options တြင္ မိမိအတြက္ အရန္ E-mail ထားရွိထားရန္လိုအပ္ၿပီး Phone No. ကို ထည့္သြင္းထားရန္ လိုအပ္ပါသည္။

2. 2 Steps Verification

အသံုးျပဳသူအေနျဖင့္ မိမိ၏ E-mail ကို ပိုမို၍လံုၿခံဳစိတ္ခ်ေစလိုလွ်င္ 2 Step Verification ကို အသံုးျပဳႏုိင္ပါေသးသည္။ ေအာက္ပါပံုကို ၾကည့္ပါ။

၎တြင္ မိမိ E-mail သို႔ အသံုးျပဳရန္၀င္ေရာက္သည့္အခါ တိုင္းတြင္ Password အျပင္ Verification code ပါလိုအပ္မည္ျဖစ္ၿပီး ၎ကို မိမိ၏ဖုန္းသို႔ Google မွ Text Message ျဖင့္ ေပးပို႔ေပးမည္ ျဖစ္ၿပီး ရရွိလာေသာ Code ကို အသံုးျပဳ၍၀င္ေရာက္ရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ၎ကို 2 Step Verification ဟုေခၚဆိုျခင္း ျဖစ္ပါသည္။

၎ကို စတင္လုပ္ေဆာင္ရန္အတြက္ Get Started ကိုႏွိပ္ပါ။ ထိုအခါ မိမိ Account Password ကို ျပန္လည္ေတာင္းခံလာပါက ထည့္ေပးပါ။ ၎ေနာက္ Phone Setup လုပ္ငန္းစဥ္စတင္ပါလိမ့္မည္။ ေအာက္ပါပံုကို ၾကည့္ပါ။

၎တြင္ မိမိအသံုးျပဳေနသည့္ ဖုန္းနံပါတ္ကို ေရးသြင္းရမည္ျဖစ္ၿပီး မိမိ Code ရယူလိုသည့္နည္းလမ္းကို ေရြးေပးရမည္ျဖစ္ပါသည္။ Text Message ကိုေရြးၿပီး Next ကိုႏွိပ္လိုက္ပါ။ ထိုအခါတြင္ Google မွ Phone Verification အလုပ္လုပ္ျခင္းရွိ၊ မရွိကိုစမ္းသပ္သည့္ အေနျဖင့္ မိမိ၏သတ္မွတ္ထားေသာ Phone သို႔ Code ကို Message ျဖင့္ ေပးပို႔လိုက္မည္ျဖစ္ၿပီး ၎ကိုသတ္မွတ္ထားေသာေနရာတြင္ ႐ိုက္ထည့္ ေပးရမည္ျဖစ္ပါသည္။

Code ကို ႐ိုက္ထည့္ေပးၿပီးပါက Next ကိုႏွိပ္လိုက္ပါ။

ထိုအခါ Verification လုပ္ငန္းစဥ္ေအာင္ျမင္ၿပီျဖစ္သျဖင့္ Turn On ကိုႏွိပ္ၿပီးဖြင့္ထားႏုိင္ၿပီျဖစ္ပါသည္။

3. Check Activities

မိမိလုပ္ေဆာင္ခ်က္မ်ား၊ Gmail သို႔ ဝင္ေရာက္ခဲ့မႈမ်ား စသည့္ Activity မ်ားကိုလည္း Check လုပ္ရန္ လိုအပ္ပါက Account Setting Page ရွိ My Activity တြင္ ဝင္ေရာက္ၾကည့္႐ႈႏုိင္ပါေသးသည္။

၎က႑တြင္ ရက္စြဲအလိုက္ မိမိ Account ျဖင့္ Sign in ၀င္ေရာက္ခဲ့မႈအေျခအေနမ်ားအျပင္ အခန္းက႑မ်ား ခြဲျခားထားၿပီး မိမိအသံုးျပဳခဲ့ျခင္းမ်ား၊ ရွာေဖြခဲ့ျခင္းမ်ား၊ Play Store ဆိုင္ရာ အခ်က္အလက္မ်ား၊ You Tube ဆိုင္ရာအခ်က္အလက္မ်ားကို ျမင္ေတြ႕ရမည္ ျဖစ္ပါသည္။ Google မွပံ့ပိုးေပးထားသည့္ Products မ်ားအားလံုးကို ျမင္ေတြ႕ရမည္ျဖစ္ပါသည္။

ထို႔အတြက္ မိမိအမွန္တကယ္ျပဳလုပ္ခဲ့ျခင္းရွိ၊ မရွိသိရွိႏုိင္မည့္အျပင္ လိုအပ္ပါက ထပ္မံ၍ လံုၿခံဳစိတ္ခ်ရေသာ အစီအမံမ်ားကို ခ်မွတ္ထားႏုိင္မည္ ျဖစ္ပါသည္။

-စည္သူ

[ Unicode ]

Gmail သည် E-mail အသုံးပြုသူများအကြားတွင် ရေပန်းစားအသုံးများခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ လုပ်ငန်းနယ်ပယ် အသီးသီး တွင်သာမက Personal mail များအဖြစ် Gmail ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြခြင်းဖြစ်ပြီး ၎င်း၏လုံခြုံမှုအတွက်လည်း အစီအမံများစွာ ရှိနေပြီးဖြစ်သည်။ ထိုသို့အစီအမံများစွာထဲမှ အသုံးပြုသူများအတွက် အဆင်ပြေသင့်တော်မည့် လုံခြံုရေးနည်းလမ်းများကို ဖော်ပြပေး လိုက်ရပါသည်။

1. Password Security

အသုံးပြုသူတိုင်း မဖြစ်မနေ ပြုလုပ်ထားသင့်သည်မှာ မိမိ Account ၏ Password လုံခြံုမှုနှင့် ကြံ့ခိုင်စေမှုပင်ဖြစ်ပါသည်။ ယခင်အပတ် များတွင် Password Security နှင့် ပတ်သက်သည့် အချက်အလက်များကို ရေးသားခဲ့ပြီးဖြစ်သလိုယခု Gmail အသုံးပြုသူများအတွက် Password Security ပိုင်းများတွင်လည်း ထိုနည်းတူပင် အသုံုးပြုနိုင်ပါသည်။ ၎င်းအပြင် သိရှိထားသင့်သည်မှာ Gmail password သည် Google Account Password ပင်ဖြစ်ပြီး Google မှပေးထားသည့် များပြားလှသော ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည့်အတွက် လွန်စွာအရေးကြီးပါသည်။

Password တစ်ခု Strong ဖြစ်စေရန် အနည်းဆုံး Capital Letter, Number, Special Characters များ ပါဝင်သင့်ပါသည်။ ၎င်းအပြင်
မိမိ၏ Gmail Password သည် အခြားနေရာများတွင် အသုံးပြုခြင်း မရှိသော Password ဖြစ်ရန်လိုပြီး ရံဖန်ရံခါ ပြောင်းလဲပေးရန် လိုပါသည်။ ထိုသို့သောပြုလုပ်ခြင်းများအတွက် Reset နှင့် Recovery Options များကိုလည်း မှန်ကန်အောင် လုပ်ဆောင်ထားရန် လိုအပ်ပါသည်။

ဦးစွာ Password ကိုပြောင်းလဲနိုင်ရန်အတွက် Account Setting ထဲသို့သွားရမည်ဖြစ်ပါသည်။ အောက်ပါပုံကိုကြည့်ပါ။

၎င်းနောက် Sign-in & Security ထဲသို့ ထပ်မံသွားရောက်ရမည်။ ထိုအခါတွင် Password & Sign-in Method ကို မြင်တွေ့ရမည် ဖြစ်ပါသည်။

၎င်းတွင် Password ပြောင်းလဲခဲ့သည့်နောက်ဆုံးရက်စွဲကို ဖော်ပြပေးမည်ဖြစ်ပြီး ပြောင်းလဲလိုပါက ၎င်းကို ကလစ်နှိပ်ပြီး ပြောင်းလဲနိုင် ပါသည်။ ၎င်းအောက်တွင် 2-Step Verification ကဏ္ဍပါရှိပြီး Account ကို ပိုမိုလုံခြံုစိတ်ချစွာ အသုံးပြုလိုသူများအတွက် စီစဉ်ထားနိုင်သည့် နေရာဖြစ်ပါသည်။ Account Recovery Options တွင် မိမိအတွက် အရန် E-mail ထားရှိထားရန်လိုအပ်ပြီး Phone No. ကို ထည့်သွင်းထားရန် လိုအပ်ပါသည်။

2. 2 Steps Verification

အသုံးပြုသူအနေဖြင့် မိမိ၏ E-mail ကို ပိုမို၍လုံခြံုစိတ်ချစေလိုလျှင် 2 Step Verification ကို အသုံးပြုနိုင်ပါသေးသည်။ အောက်ပါပုံကို ကြည့်ပါ။

၎င်းတွင် မိမိ E-mail သို့ အသုံးပြုရန်ဝင်ရောက်သည့်အခါ တိုင်းတွင် Password အပြင် Verification code ပါလိုအပ်မည်ဖြစ်ပြီး ၎င်းကို မိမိ၏ဖုန်းသို့ Google မှ Text Message ဖြင့် ပေးပို့ပေးမည် ဖြစ်ပြီး ရရှိလာသော Code ကို အသုံးပြု၍ဝင်ရောက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းကို 2 Step Verification ဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။

၎င်းကို စတင်လုပ်ဆောင်ရန်အတွက် Get Started ကိုနှိပ်ပါ။ ထိုအခါ မိမိ Account Password ကို ပြန်လည်တောင်းခံလာပါက ထည့်ပေးပါ။ ၎င်းနောက် Phone Setup လုပ်ငန်းစဉ်စတင်ပါလိမ့်မည်။ အောက်ပါပုံကို ကြည့်ပါ။

b2

၎င်းတွင် မိမိအသုံးပြုနေသည့် ဖုန်းနံပါတ်ကို ရေးသွင်းရမည်ဖြစ်ပြီး မိမိ Code ရယူလိုသည့်နည်းလမ်းကို ရွေးပေးရမည်ဖြစ်ပါသည်။ Text Message ကိုရွေးပြီး Next ကိုနှိပ်လိုက်ပါ။ ထိုအခါတွင် Google မှ Phone Verification အလုပ်လုပ်ခြင်းရှိ၊ မရှိကိုစမ်းသပ်သည့် အနေဖြင့် မိမိ၏သတ်မှတ်ထားသော Phone သို့ Code ကို Message ဖြင့် ပေးပို့လိုက်မည်ဖြစ်ပြီး ၎င်းကိုသတ်မှတ်ထားသောနေရာတွင် ရိုက်ထည့် ပေးရမည်ဖြစ်ပါသည်။

Code ကို ရိုက်ထည့်ပေးပြီးပါက Next ကိုနှိပ်လိုက်ပါ။

ထိုအခါ Verification လုပ်ငန်းစဉ်အောင်မြင်ပြီဖြစ်သဖြင့် Turn On ကိုနှိပ်ပြီးဖွင့်ထားနိုင်ပြီဖြစ်ပါသည်။

3. Check Activities

မိမိလုပ်ဆောင်ချက်များ၊ Gmail သို့ ဝင်ရောက်ခဲ့မှုများ စသည့် Activity များကိုလည်း Check လုပ်ရန် လိုအပ်ပါက Account Setting Page ရှိ My Activity တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသေးသည်။

၎င်းကဏ္ဍတွင် ရက်စွဲအလိုက် မိမိ Account ဖြင့် Sign in ၀င်ရောက်ခဲ့မှုအခြေအနေများအပြင် အခန်းကဏ္ဍများ ခွဲခြားထားပြီး မိမိအသုံးပြုခဲ့ခြင်းများ၊ ရှာဖွေခဲ့ခြင်းများ၊ Play Store ဆိုင်ရာ အချက်အလက်များ၊ You Tube ဆိုင်ရာအချက်အလက်များကို မြင်တွေ့ရမည် ဖြစ်ပါသည်။ Google မှပံ့ပိုးပေးထားသည့် Products များအားလုံးကို မြင်တွေ့ရမည်ဖြစ်ပါသည်။

ထို့အတွက် မိမိအမှန်တကယ်ပြုလုပ်ခဲ့ခြင်းရှိ၊ မရှိသိရှိနိုင်မည့်အပြင် လိုအပ်ပါက ထပ်မံ၍ လုံခြံုစိတ်ချရသော အစီအမံများကို ချမှတ်ထားနိုင်မည် ဖြစ်ပါသည်။